Wednesday 4 December 2013

၅၀၀ စား..



တနေ့.. နေပြည်တော် တိရိစ္ဆာန်ရုံတွင်ရှိ တစ်ကောင်ထဲ သော လူဝံကြီးမှာ ရုတ်တရက် သေဆုံးသွားလေသည်။

တာဝန်ရှိ ဝန်ထမ်းများလည်း အထူးဧည့်သည်တော်များ လာရောက် လည်ပတ် ကြည့်ရှုရန် ရက်နီးကပ်နေကာမှ အခုလို လူဝံကြီး သေဆုံး သွားသောကြောင့် ကြံရာမရ အကြပ်ရိုက် နေတော့တာပေါ့...

အချိန်မှီ တစ်ခြားတစ်ကောင် ရှာဖို့ဆိုတာလဲ အချိန်က မမှီတော့.. လွယ်လည်း မလွယ်ကူသည့် ကိစ္စ ဖြစ်နေတော့...

နောက်ဆုံး.. လူတစ်ယောက်အား တစ်ရက် ၅၀၀ ဖြင့် နေ့စားငှားကာ လူဝံအရေခွံအား ခြုံစေပြီး အယောင်ဆောင် အစားထိုးထား လိုက်လေသည်။

ဧည့်သည်တော်များ လာရောက် လည်ပတ် ကြည့်ရှုသည့် နေ့သို့ ရောက်လာသောအခါ တာဝန် ရှိသူများက အခြားနေရာများသို့ လိုက်လိုက်လံ ပြသပြီး လူဝံထားရာ နေရာသို့ ရောက်ရှိ လာလေသည်။

ဝန်ထမ်းများက.. " ကဲ.. လူဝံကြီးရေ.. ဧည့်သည်တွေကို နောက်ဂျွမ်းလေး ထိုးပြလိုက်ပါဦး..ကွ.." ဆိုပြီး ခိုင်းသတဲ့...

လူဝံအရေခွံ ခြုံထားတဲ့ အယောင်ဆောင် လူကလည်း ကျေနပ်အောင် ဂျွမ်းတွေ တစ်ပတ်ပြီး တစ်ပတ် ထိုးပြ နေရတော့ တာပေါ့.... ဧည့်သည်တွေကလည်း ကျေနပ် သဘောကျပြီး လက်ခုပ်သံတွေ တဖြောင်းဖြောင်း တီးပြီး အားပေးတာပေါ့...

လူဝံအျယာင်ဆောင်လည်း မာန်တက်ပြီး အားရပါးရ ထိုးလိုက်တာ အရှိန်လွန်ပြီး ဘေးချင်းကပ်ရက်က ကျားလှောင်အိမ်ထဲ ပြုတ်ကျသွားပါလေရော....

အဲ့ဒီတော့.. လူဝံအတုလည်း တအား ကြောက်သွားတာပေါ့..

" ဒုက္ခပဲ.. ငါတော့ ကျားကိုက် ခံရတော့မယ်.." ဆိုပြီး ထိပ်လန့် နေတော့တာပေါ့...

ကျားကလည်း သူရှိရာကို တစ်လှမ်းချင်း လှမ်းပြီး တိုးကပ် လာနေတယ်.

. သူကလည်း ကြောက်ကြောက်နဲ့ ငြိမ်နေတယ် မလှုပ်ရဲဘူး...ပေါ့။

ကျားက အနားရောက်လာတော့ သူ့ကို ခြေဆုံး ခေါင်းဆုံး နမ်းပြီး အနံ့ ခံနေတယ်..သူလည်း ဘုရားတပြီး အသားတွေ တဆတ်ဆတ် တုန်လာတဲ့ အထိ ကြောက်ရွှံ့နေမိတယ်...

ကျားက တစ်ကိုယ်လုံးကိုလည်း အနံ့ခံပြီးရော.. လူဝံအယောင်ဆောင်ရဲ့ နားရွက်နားကိုကပ်ပြီး ပြောလိုက်တယ်...

" ဘာမှ မကြောက်ပါနဲ့ကွာ... ငါလည်း မင်းလိုပဲ တစ်နေ့ ၅၀၀ စားပါပဲ..." လို့ ပြောပြီး ပြန်လှည့် သွားတော့သတဲ့...

အေးချမ်းမွန် fb Credit To >မှတ်သားဖွယ်ရာလေးများ = https://www.facebook.com/pages/%E1%80%90%E1%80%BC%E1%80%B2%E1%80%9C%E1%80%80%E1%80%B9%E1%80%99%E1%80%BA%E1%80%AC%E1%80%B8/197125167116060 မှ သိသမျှ ။



No comments:

Post a Comment