Tuesday 3 December 2013

ကျေနပ်ပါ


အကောင်းအဆိုး ရောယှက်နေတဲ့ သင့်အတိတ်ကို သင်လိုအပ်သောအချိန်မှာ သင့်စိတ်ကြိုက်ပြန်ခေါ်လို့ရတယ်။ ဒါပေမယ့် အဲဒီနောက်ကြောင်းပြန် ပြကွက်တွေရဲ့
စားရိတ်စားခအတွက်တော့
ပြန်ခေါ်သူတို့သာ တာဝန်ရှိတယ်။

ပြောရလျှင် အတိတ်ပြကွက်ဆိုတာမျိုးတွေက
ကောင်းတာတွေကို ပြန်ဖိတ်ခေါ်ပြီး ပျော်ပါးမြူးထူးမိရင်တောင်
မျက်မှောက်အချိန်ကို ခိုးယူရာရောက်လို့ ဖြစ်နိုင်ရင်
အဲဒီအတိတ်မှာကတည်းက ကျကျနန နဲ့ ကျေလည်အောင် ရှင်းထားခဲ့တာ ကောင်းတယ်။

ရောက်နေတဲ့ ပစ္စုပ္ပန်အခိုက်နဲ့ ပတ်သတ်ပြီး ဆိုရလျှင်လည်း
ဘ၀မှာ ရသင့်ရထိုက်တဲ့ တန်ဖိုးဆိုတာကိုရယူဖို့အတွက်
ရောက်နေတဲ့ ပစ္စုပ္ပာန်ရဲ့ လေ ကို စိတ်လိုလက်ရ ရှုရှိုက်ပါ၊ စိတ်လိုလက်ရ နေထိုင်ပါ။
မထိုက်တန်သော အချိန်ဖြုန်းခြင်းမျိုးနဲ့ မတွယ်တာသင့်တာတွေကို စွန့်ခွါပါ။

အချုပ်ဆိုရလျှင်

အသစ် အသစ်သော ဝေဒနာအမျိုးမျိုးတွေနဲ့ နပန်းလုံးနေရတာတောင် မအားလပ်နိုင်ကြလွန်းတဲ့ နေ့သစ်တွေအများကြီးရှိနေဦးမှာဖြစ်လို့


ပြီးပြီးသားအတိတ်အဆိုးအကောင်းတွေကို တက်နိုင်သရွေ့ ပိုင်ပိုင်နိုင်နိုင်နဲ့ ကျေနပ်စွာ
ကျောခိုင်းပါ။

မဆုံးသေးကြောင်း မသေချာသေးတဲ့အတွက် ဖြစ်နိုင်သမျှသော ရှေးပြေးတွေအတွက် အနာဂါတ်ကို
ဝင့်ခနဲ့ ဖျတ်ခနဲ ကြည့်ပေးပါ။
ပြောင်းလဲခြင်းဟူသမျှ မျက်မှောက်မှ စတင်အခြေတည်ရသည်ဖြစ်သောကြောင့် အကောင်းမှန်သမျှ
ဖြစ်နိုင်ခွင့်ရှိသလောက် ဖြစ်ခွင့်ပေးလိုက်ပါ သင့်ပစ္စုပ္ပန်ထဲမှာ။

(Tay Mi ) 

No comments:

Post a Comment