Wednesday 25 December 2013

ပညာရေးကို ဦးစားပေးလို့ တစ်လကို တစ်ကားပဲ ရိုက်ဖို့ စဉ်းစားထားပါတယ် ရွှေမှုန်ရတီ

ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက် ကူးထားတဲ့ ပန်းပျိုးသူ ဇာတ်ကားထဲ မှာ ကိုလူမင်းနဲ့ အတူသရုပ်ဆောင် နေပြီး စာမေးပွဲ နီးလာလို့ တစ်လကို တစ်ကားပဲရိုက်တော့မယ် ဆိုတဲ့သ ရုပ်ဆောင် ရွှေမှုံရတီက အခုရိုက် ကူးနေတဲ့ ပန်းပျိုးသူ ဇာတ်ကားထဲ မှာ ညီမရဲ့ကာရိုက်တာက အသက် (၂ဝ) အရွယ်ပုံစံ ဆိုတော့ အဝတ်အ စားပိုင်းက တည်တည်ငြိမ်ငြိမ်ပုံစံ လေးဝတ်ရတယ်။ အနုပညာရှင် တစ်ယောက် အတွက် အဝတ်အစား ကအရမ်းအရေး ပါပါတယ်။ ဘာဖြစ် လို့လဲဆိုတော့ ဒါရိုက်တာချပေးတဲ့ ကာရိုက်တာက ကိုယ့်ရဲ့သရုပ် ဆောင်ဟန်နဲ့အဝတ်အစားက အံ ဝင်ဖို့လို အပ်လို့ပါ။ အနုပညာပျိုး ခင်းနဲ့စာချုပ်က တစ်နှစ်ကျန် ပါသေးတယ်။ စာချုပ်ချုပ် ထားတယ်ဆိုပေ မယ့် စည်းကမ်းတင်းကျပ် တာမျိုးမ ရှိပါဘူး။
အရင်လိုပဲ ထုတ်လုပ်ရေး တွေနဲ့ဇာတ်ကား ရိုက်လို့ရပါတယ်။ စာမေးပွဲက နီးလာတော့ တစ်လတစ် ကားပဲရိုက်တော့မယ်လို့ စီစဉ်ထား တယ်ဆိုတာ စာကို အချိန်ပေးပြီး လုပ်ချင်လို့ ပြီးတော့ ပညာရေးကို လည်းဦးစားပေးချင်လို့ပါ။ အသက် ငယ်ငယ်ရွယ်ရွယ်နဲ့ အနုပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက်ဘယ်လို ဖိအားတွေဖြစ်စေလဲဆိုတော့ ညီမ ကကိုယ့်စိတ်ကိုအဲဒီလောက်ထိဖိ အားမပေးပါဘူး။ ကိုယ်လုပ်ရမယ့် အလုပ်ကို သေချာအောင် ဂရုစိုက်ပြီး စိတ်ကို လွတ်လွတ်လပ်လပ် ပဲထားပါ တယ်။ ဒါပေမဲ့ ဒီအနုပညာအလုပ် ကိုစလုပ်တော့ အတိုက်အခိုက်တွေ ကအများကြီးပါ။ အဲဒီအတိုက်အ ခိုက်တွေကို အမေကရှေ့ကနေဖြေ ရှင်းပေးပါတယ်။ ညီမဘဝမှာတော့ အမေက မရှိမဖြစ်ပါပဲ။ အနုပညာဆို တာ
ခက်ခဲပါတယ်။ ဘယ်အရာမှ လွယ်လွယ် ကူကူနဲ့ရကြတာ မဟုတ် ပါဘူး။
ကိုယ်ဝါသနာ ပါတဲ့ အလုပ်ကို ကိုယ်တကယ်ကြိုးစား ရင်တော့ ထိုက်တန်တဲ့အောင်မြင်မှု ကိုရရှိမှာ ပါ။ ၂ဝ၁၄ ခုနှစ်မှာ မင်္ဂလာပွဲဆင်နွှဲ ကြတော့မယ့် အနုပညာရှင်တွေအ တွက်ဝမ်းသာ ပါတယ်။ သူတို့တ ကယ်ချစ်တဲ့ သူနဲ့ ဘဝလက်တွဲဖော် အဖြစ်ရွေးချယ် ခဲ့ကြတာပါ။ ညီမက အနုပညာရှင် တစ်ယောက်ဖြစ်တဲ့အ တွက် ဘယ်သူ အကူအညီတောင်း တောင်းပါ။ ကူညီဖို့ အသင့်ပါပဲ။ ကြိုးစားနေ ပါတယ်။ အားပေးနေတဲ့ ပရိသတ်ကြီး ကိုလည်းကျေးဇူးတင် ပါတယ်။ 

By 8 Days = မှ သိသမျှ ။

No comments:

Post a Comment