Monday 30 December 2013

ကုသဖို့ အရေးကြီးတယ်



မြားမှန်တဲ့ စစ်သားတစ်ယောက်က "ဒီမြားကို ဘာနဲ့လုပ်ထားတာလဲ။ ဒီမြားကို ဘယ်အရပ်က ပစ်တာလဲ။ ဘယ်သူက ပစ်တာလဲ" စသဖြင့် ဒါတွေကို သိအောင် လုပ်ဖို့ သိပ်ပြီး အရေးမကြီးပါဘူး။

ဒါတွေကို သိဖို့ထက် ဒဏ်ရာပျောက်အောင် ကုသဖို့က ပိုပြီး အရေးကြီးပါတယ်။
ဒီလိုပါပဲ။

အလုပ်သမား ပြောတဲ့ စကား၊ သားသမီးတွေ၊ တပည့်တွေ ပြောတဲ့စကား ဖြစ်နေပေမယ့်လည်း မှန်ကန် အကျိုးရှိတဲ့ စကားဆိုရင် ပြောတဲ့ ပုဂ္ဂိုလ်ကို စိစစ်မနေဘဲ မြတ်မြတ်နိုးနိုး လိုက်နာကျင့်သုံးတတ်ရပါတယ်။

မိဘ၊ ဆရာသမားတွေ ပြောတာလည်း ဖြစ်မယ်၊ မှန်ကန် အကျိုး ရှိတဲ့ စကားလည်း ဖြစ်မယ်ဆိုရင်တော့ အထူးပြောစရာ မလိုတော့ပါဘူး။

ဒါမျိုးကို "အညမည သဂါရဝ" လို့ ဆိုနိုင်ပါတယ်။ လက်အောက်ငယ်သားက အကြီးအကဲကို

ရိုသေလေးစားသလို အကြီးအကဲကလည်း လက်အောက်ငယ်သားကို လေးစားရတဲ့ သဘောပေါ့။

*ဗုဒ္ဓလမ်းစဉ် စာအုပ်မှ

Post From : ငြိမ်းလဲ့


Royal Hero Media facebook

No comments:

Post a Comment