Monday 30 December 2013

စိတ်ကို ရှင်းရှင်းထား


လူ့ဘ၀ဆိုတာ ချမ်းသာအောင်နေတတ်မှ ချမ်းသာမယ်။
စိတ်ကို ရှင်းရှင်းထား။ သောက ဗျာပါဒတွေ မ၀င်စေနှင့်။

“စိတ်ကို ရှင်းရှင်းထား” ဆိုသည်မှာ
ကိုယ်နှင့်မဆိုင်တဲ့ အာရုံတွေကို စိတ်ထဲမှာ မထားရဘူး။
အကြောင်းကိစ္စတွေဆိုတာ သူ့အကြောင်းနှင့်သူ ဖြစ်တာ။

ကိုယ့်အိမ်ရှေ့မှာ
သူများက အမှိုက်သရိုက်တွေ
လာပြီး စုပုံထားရင် မကြိုက်သလို ..

မေတ္တာနှင့်တစ်လောကလုံးကို ဖြန့်ပြီး၊
စိတ်ကို ရှင်းရှင်းထား နေတတ်တဲ့သူဟာလည်း


အမှိုက်သရိုက်နဲ့တူတဲ့
သူ့အကြောင်း ကိုယ့်အကြောင်း

ရှုပ်ရှုပ်ရှက်ရှက်တွေကို မစဉ်းစားဘူး။
ကိုယ့်လာပြောလဲ နားမထောင်ဘူး။
စိတ်ကို ရှင်းရှင်းထားမှ ချမ်းသာမယ်။

(တောင်တန်းသာသနာပြုဆရာတော်ဘုရားကြီး)

No comments:

Post a Comment