Saturday 21 December 2013

အမြဲတမ်း မကြိုးစားသင့်ပါဘူး



လူတစ်ယောက်ကို အရမ်းချစ်လို့ဆိုပီး
အရာရာတိုင်းကို ကိုယ့်သဘောအတိုင်းပဲဖြစ်စေ
ချင်လို့မရပါဘူး

နားလည်ပေးသင့်တဲ့အရာတွေကိုလဲ သူ့အပေါ်
နားလည်ပေးနိုင်ဖို့ လိုအပ်သလို
ဖြစ်သင့်တာအရာလေးတွေကိုလဲ ချုပ်ချယ်မှုတွေနဲ့
မတားဆီးစေချင်ပါဘူး

ခွင့်လွှတ်ပေးလို့ရတဲ့ အရာလေးတွေကိုလဲ ကိုယ်က
ခွင့်လွှတ်ပေးသင့်သလို
သူ့အပေါ် အမြဲတမ်း အနိုင်ယူမှုတွေနဲ့ပဲ နာကျင်မှု
တွေမပေးစေချင်ပါဘူး

ကိုယ့်အပေါ် သစ္စာရှိရှိချစ်နေပေးတယ်ဆိုတာ
သိနေရက်နဲ့ သူ့အပေါ် ယုံကြည်မှုမရှိသလို
အပြုအမူတွေနဲ့ ထိန်းချုပ်နေဖို့လဲ အမြဲတမ်း


မကြိုးစားသင့်ပါဘူး

ဒါတွေက ကိုယ့်ကို အရမ်းချစ်နေပေးတဲ့
သူတစ်ယောက်တော့ နာကျင်စေနိုင်တဲ့အပြုအမူ
တွေပါပဲ



Khin Myo Aye

No comments:

Post a Comment