Monday 30 December 2013

အိမ်ထောင်ဖက်သည် ပါရမီဖြည့်ဖက်ဖြစ်ရမည်


ကာမဂုဏ်ချမ်းသာကို မစွန့်နိုင်သူတွေအနေနဲ့
ကာမဂုဏ် ချမ်းသာရဲ့ တန်ဖိုးဖြတ်မရတဲ့အရာ
မဟုတ်ပုံတွေကိုတွေးပြီး စိတ်ညစ်စရာ မလိုဘူး။
ကိုယ်က ရဟန်းမပြုနိုင်ဘူးဆိုရင် အိမ်ထောင်ပြုပေါ့။
ရဟန်းပြုနဲ့ အိမ်ထောင်ပြုဆိုပြီး
‘ပြုနှစ်ပြု’ ရှိတာ ဆိုတော့
တစ်ပြုပြုကိုတော့ ရွေးချယ်ရမှာပဲ။

ကာမဂုဏ်ချမ်းသာ မစွန့်လွတ်နိုင်လို့
အိမ်ထောင်ပြုလိုက်ရတဲ့ သူတွေအနေနဲ့
“အိမ်ထောင်ဖက်သည် ပါရမီဖြည့်ဖက်ဖြစ်ရမည်”
ဆိုတဲ့မူကို လက်ကိုင်ထားပြီး
ကုသိုလ်ပါရမီတွေ ဖြည့်ကျင့်သွားမယ်ဆိုရင်
တန်ဖိုးဖြတ်ရတဲ့ ကာမဂုဏ်ချမ်းသာကို ခံစားနေရင်းနဲ့
တန်းဖိုးဖြတ်မရတဲ့ တရားဓမ္မချမ်းသာကိုလည်း ခံစားခွင့်ရမှာပါပဲ။

★ပါရမီဆိုတာ တွန်းအားလိုအပ်ပါတယ်။
အလိုပြည့်လို့ ကျေနပ်နေတဲ့ စိတ်ဓာတ်အင်အားဟာ
ပရမီဖြည့်ဖို့ တွန်းအားပါပဲ။
တွန်းအာမရှိလို့ပရမီမဖြည့်တာထက်စာရင်


တွန်းအားရှိလို့ ပါရမီဖြည့်တာက ပိုကောင်းပါတယ်။

ပါရမီပြည့်သွားရင် တန်ဖိုးဖြတ်မရတဲ့ နိဗ္ဗာန်ချမ်းသာကို ရနိုင်သလို
ပါရမီဖြည့်နေစဉ်မှာလည်း တန်းဖိုးဖြတ်မရတဲ့ တရားဓမ္မနဲ့ယှဉ်တဲ့
စိတ်ချမ်းသာ ပျော်ရွှင်မှုကို ရနေတာပါပဲ။★

နောက်ဆုံတော့ အိမ်ထောင်ပြုသူရော မပြုသူကိုပါ
'ပရဟိတ' နဲ့တန်ဖိုးဖြတ်ရမှာပါပဲ။
အိမ်ထောင်ပြုသူပဲဖြစ်ဖြစ် အိမ်ထောင်မပြုသူပဲဖြစ်ဖြစ်
အများကောင်းကျိုးပြုပရဟိတ အလုပ်တွေကို စွမ်းနိုင်သမျှ လုပ်ရပါမယ်။
ပရဟိတ လုပ်နေတာဟာ ကုသိုလ်ပြုနေတာပါ။
ပါရမိဖြည့်နေတာပါ။

ပရဟိတ ၊ကုသိုလ်နဲ့ ပရမီဆိုတာ
စကားလုံးကွဲပေမယ့် အနှစ်သာရက အတူတူပါပဲ။
ဒါ့ကြောင့် လက်တွေ့ကျတဲ့ စကားလုံး၊
လောလောစယ်ရေပန်းစားတဲ့ စကားလုံးနဲ့ပြောရရင်
'ပရဟိတ' နဲ့တန်ဖိုးဖြတ်တာဟာ
ကိုယ့်ကိုယ်ကို တန်ဖိုးဖြတ်မရတဲ့အရာနဲ့ တန်ဖိုးဖြတ်တာပါပဲ။

★ပရဟိတများများ လုပ်လေ
ကိုယ်ဟာ တန်ဖိုးဖြတ်မရအောင်
တန်ဖိုးကြီးမားလေ ဖြစ်သွားပါလိမ့်မယ်။★

(အရှင်ဆန္ဒဓိက)

(အကြင်နာပေါင်း ရှစ်သောင်းလေးထောင် စာအုပ်မှ) သိသမျှ ။


No comments:

Post a Comment