Monday 9 December 2013

မိမိကိုယ်တိုင်ပါပဲ


လောကကြီးမှာ ကိုယ်အယုံကြည်ရဆုံးသူဟာ ကိုယ့်အပြင်ဘယ်သူမှ မရှိပါဘူး
အပေါ်ယံ ကိုယ့်အပေါ်ကောင်းတိုင်းလဲ အတွင်းစိတ်ဆိုတာ
ကိုယ်မြင်ရတဲ့ အရာတစ်ခု မဟုတ်ပါဘူး

လူတိုင်းမှာ လောဘ ဒေါသ အတ္တ မာန ကိုယ်စီရှိကြပါတယ်
ဒါပေမဲ့ တစ်ခါတစ်လေ တစ်ဖက်စောင်းနင်းပီး မမျှတတဲ့သူနဲ့ တွေ့ တဲ့အခါ
ကိုယ်က ဖြူစင်လွန်းရင်လဲ ကိုယ့်အပေါ် အနိုင်ယူသွားနိုင်တာမို့ 
ရိုးသားသူပဲ ဖြစ်အောင်နေသင့်ပါတယ်
တုံးအသူတစ်ယောက်တော့ မဖြစ်အောင် ကြိုးစားရပါမယ်

အားနာလို့ တစ်ခါတစ်လေ မသိချင်ယောင်ဆောင်ပေးလိုက်ရင်
သူဒါတွေ မသိပါဘူး နားမလည်ပါဘူးဆိုပီး ကွယ်ရာမှာ ဟားတိုက်နေတတ်ပါသေးတယ်

စကားပုံလေးတစ်ခုရှိပါတယ် အရာရာဟာ တစ်ယောက်ထဲသိမှ လျှို့ ဝှက်ချက်ဖြစ်တယ်တဲ့
နှစ်ယောက်သိတဲ့ကိစ္စဟာ လျှို့ ဝှက်ချက် မဖြစ်နိုင်ပါဘူးတဲ့
ဒါ့ကြောင့် စိတ်အရမ်းညစ်လို့ ရင်ဖွင့်ချင်တယ်ဆိုရင်လဲ


စကားအကုန် မပြောမိဖို့ လိုအပ်ပါတယ်

တစ်ချိန်မှာ ကိုယ့်အပေါင်းအသင်းဟာ ရန်သူဖြစ်လာနိုင်သလို
ရန်သူဟာလဲ အရမ်းကောင်းတဲ့ မိတ်ဆွေ ဖြစ်လာနိုင်ပါတယ်
ကိုယ့်အတွက် အကောင်းဆုံးယှဉ်ပြိုင်သင့်တဲ့သူကတော့ မိမိကိုယ်တိုင်ပါပဲ ဒီနေ့  ကိုယ်ဟာ မနေ့ က ထက် ပိုပီး တိုးတတ်မှုရှိအောင် ကြိုးစားရမှာပါ


Heart to Heart (3)


No comments:

Post a Comment