Friday 13 December 2013

မျှော်လင့်ချက်…


လောကမှာ မျှော်လင့်ချက် ကိုယ်စီရှိကြရာမှ ပုဂ္ဂိုလ်အမျိုးမျိုးဆီက၊ အရာအမျိုးမျိုးနဲ့ မျှော်လင့်ချက် အမျိုးမျိုးကို တောင့်တနေကြတဲ့ သတ္တဝါတွေဟာ အတ္တဆန်တဲ့ ငါစွဲမျှော်လင့်ချက်များနဲ့ မျှော်လင့်တောင့်တ နေသမျှ မျှော်လင့်မှုဟာ အဆုံးသတ်ကြမှာ မဟုတ်သလို အဲဒီမျှော်လက်ချက်များရဲ့ နောက်ကွယ်မှာလည်း စိတ်အစဉ်မှာ အကုသိုလ်တရားများနဲ့ လေးလံထိုင်းမှိုင်း ညစ်နွမ်းတတ်တဲ့ သဘောရှိတဲ့အတွက် တစ်ခုခုကို ပေးလိုသူပဲ ဖြစ်ဖြစ်၊ တစ်ခုခုကို ရယူလိုသူပဲ ဖြစ်ဖြစ် ပေးလိုရလိုတဲ့ မျှော်လင့်ချက်ကို ဉာဏ်နဲ့ယှဉ်တဲ့ ပေးကမ်းမှုနဲ့ မျှော်လင့်တောင့်တချက်နည်းတဲ့ ရယူမှုမျိုး ဖြစ်အောင် ကြိုးစားကြရမှာ ဖြစ်ပါတယ်။

ပေးတဲ့သူကလည်း တစ်ခုခုကို မျှော်လင့်ပြီးပေးတဲ့အခါ
မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် ကိုယ့်ပစ္စည်းနဲ့ကိုယ် အကုသိုလ် ဖြစ်တတ်သလို၊ ယူတဲ့သူကလည်း ရသင့်တာထက် ပိုမျှော်လင့်လို့ မျှော်လင့်တဲ့အတိုင်း ဖြစ်မလာရင် စိတ်အစဉ် ပင်ပန်းရတတ်ပါတယ်။



ဖြစ်နိုင်ရင် ပေးသူယူသူများဟာ မျှော်လင့်ချက်ကင်းတဲ့ စိတ်စေတနာ အပြည့်နဲ့သာ လွတ်မြောက်မှုကို ဦးတည်တဲ့ ပေးကမ်းမှုမျိုးနဲ့ မေတ္တာဓာတ်အပြည့်ပါတဲ့ ရယူမှုမျိုးဖြစ်အောင် လေ့ကျင့်ကြရမှာ ဖြစ်ပါတယ်။


စုစည်းထားမှု = တွေးမိသမျှ ..............TTK fb = မှ သိသမျှ ။

No comments:

Post a Comment