Monday 27 January 2014

“စိတ်ထားတွေသာ မြင့်ပါစေ



- မပြိုင်သင့်တဲ့ အရာတွေ၊ မယှဉ်သင့်တဲ့ အရာတွေကို
ပြိုင်လာတဲ့ အခါ၊ ယှဉ်လာ တဲ့အခါ မနာလို ၀န်တိုခြင်း
ဆိုတာ ဖြစ်ပေါ်လာတယ်။

- ယှဉ်ပြိုင်လိုက်လို့ ကိုယ့်စိတ်မှာ အေးချမ်းတယ်ဆိုတာ
မရှိပါဘူး။ အနိုင် လိုချင်တဲ့ ရမ္မက်ဇောကြောင့် ပူလောင်
ရတယ်။

- မရခင် အချိန် မှာလည်း ပူလောင် ပါတယ်။ ရပြန်ပြီး
တော့လည်း ပြန်လည်ရှုံးနိမ့် သွားမလားဆိုတဲ့ စိတ်နဲ့
ပူလောင်ရပြန်ပါတယ်။

- တကယ်ပြိုင်ရမှာက ယနေ့ ငါရဲ့ စိတ်ထားတွေ မနက်
ဖြန် ဒီထက်ပိုကောင်းလာ စေရမယ်။ ပိုမြင့်မြတ်လာစေ


ရမယ်ဆိုပြီး ကြိုးစားအားထုတ်ရမှာပါ။

- ကိုယ့်စိတ်ထားတွေ တကယ်မြင့်မြတ်လာပြီဆိုရင်ဘ
ဝ ဟာ အထက် တန်းကို တဖြည်းဖြည်း ရောက် လာပါ
လိမ့်မယ်။

{ “ဌေး”သာမဏေကျော်ဆရာတော် }

1 comment:

  1. အရမ်းသဘောကျလို့ ကူးယူခွင့်ပြုပါ။။
    ကျေးဇူးတင်ပါတယ် ။။

    ReplyDelete