Monday 27 January 2014

ငါတို့လုပ်ရမဲ့အလုပ်က


ဘ၀ဆိုတာ တံခါးတစ်ချုပ်ဖြစ်တယ်။
တံခါးရဲ့ သစ်သားဘောင်ပေါ်မှာ ထွင်းထုထားတဲ့
ကနုတ်ပန်း အပြောက်အမွန်းတွေ ... ပန်းပုရုပ်လုံးတွေကို
ငေးကြည့်ရင်မောနေစရာမလို ...။
အဓိပ္ပာယ်ကို ဖွင့်ဆိုတွေးတောတွေဝေနေစရာမလို ...။
ငါတို့လုပ်ရမဲ့အလုပ်က အဲဒီတံခါးကို တွန်းဖွင့်ဝင်


သွားဖို့ပဲဖြစ်တယ်။

-မင်းခိုက်စိုးစန်-

No comments:

Post a Comment