Monday 10 February 2014

မမျှော်လင့်မိပါစေနဲ့...


လူတစ်ယောက်ကို နက်နက်ရိုင်းရိုင်းချစ်မိရင်တော့
နက်နက်ရိုင်းရိုင်းခံစားရမှာပါပဲ...

လူတစ်ယောက်ကို တစ်ဘ၀လုံးစာအတွက်ရည်ရွယ်ပြီး
ချစ်ခဲ့မိပေမဲ့ ကိုယ့်ရဲ့မျှော်လင့်ချက်တွေကိုရိုက်ချိုးခံလိုက်
ရတဲ့အခါ ဘ၀မှာဘာမှအဓိပ္ပါယ်မဲ့သလိုခံစားမိမှာပါပဲ...

လူတစ်ယောက်ကို အရာအားလုံးထက်တန်ဖိုးထားပါလျှက်နဲ့
ကိုယ့်ရင်ကိုစုံကန်ထွက်သွားတဲ့အခါ နာကျင်ရမှာကိုယ်ပါပဲ...

လူတွေကအရူံးပေးတတ်မှန်းသိရင် အနိုင်ယူချင်တတ်ကြတယ်...

မြတ်နိုးတန်ဖိုးထားမှန်းသိရင် လုပ်ချင်ရာလုပ်တတ်ကြတယ်...

သူ့ကိုအရမ်းချစ်မှန်းသိရင် တန်ဖိုးမထားပဲစွန့်ပစ်ချင်တတ်ကြတယ်...

လူတစ်ယောက်ကို ဘ၀တစ်ခုလုံးနဲ့ရင်းပြီးချစ်မိလို့ရတယ်


ဘ၀တစ်ခုပုံအောပြီး မမျှော်လင့်မိပါစေနဲ့...

တစ်ချို့သောအရာတွေက ပေါ့ပေါ့တွေးတတ်တာကောင်းတယ်
မပိုင်ဆိုင်နိုင်တော့လို့လက်လွှတ်လိုက်ရပြီဆိုရင် ကိုယ့်အတွက်
အရမ်းကြီးမခံစားရတော့ဘူးပေါ့...


Aye Chan Mon facebook မှသိသမျှ ။

No comments:

Post a Comment