Sunday 9 February 2014

သမိုင်းရာဇဝင်အခြေပြု ၍ ယဉ်ကျေးမှုရိုးရာ အမွေအနှစ်ပုံရိပ်များ အကြောင်း စာအက္ခရာ မှတ်တမ်းတင်ရေးသား သူတို့အမြင်



မြန်မာနိုင်ငံတော်ကြီး သည်တကောင်းခေတ်မှအစ ပြု၍ ကုန်းဘောင်ခေတ်အထိ ခေတ်အဆက်ဆက် မိရိုးဖလာ ရိုးရာယဉ်ကျေးမှုအမွေအနှစ် များကို လက်ဆင့်ကမ်း ထိန်း သိမ်းလာခဲ့ကြသလို တစ်ခေတ် နှင့် တစ်ခေတ်မြန်မာမှုအပေါ်အခြေပြုကာတီထွင်ဆန်းသစ် ကြသည့် လက်မှုအတတ် ပညာ၊ လက်မှုအနုပညာများ ထွန်းကား ပြည့်   နှက် စွာရှိခဲ့ပေသည်။ မိမိ တို့၏ ရိုးရာယဉ်ကျေးမှုအမွေ အနှစ်များကို မပျောက်ပျက် အောင် ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုစိတ်နှင့် တန်ဖိုး ထားချစ်မြတ်နိုးစိတ် တို့ဖြင့် နိုင် ငံသားတာဝန်သိတတ်သူများ  ထဲ တွင် မြန်မာစာရေးဆရာတို့၏ အခန်းကဏ္ဍသည် ကြီးမားစွာ တည်ရှိနေပေသည်။ ထို့ကြောင့် မြန်မာ့ယဉ်ကျေးမှုဆိုင်ရာ အမွေ အနှစ် တို့၏သဘာဝ အလှတရား တန်ဖိုးနှင့်အနှစ်သာရအကြောင်း ကို ဆရာချစ်ဦးညိုအားမေး ကြည့်ရာ “လူမျိုးတိုင်းမှာကရိုး ရာရှိတယ်။ရိုးရာဆိုတာ အစဉ် အလာကနေ ဆင်းသက်လာ တယ်။အစဉ်လာဆိုတာကလည်း ရှေးခေတ်နှစ်ပေါင်းများစွာက ဆရာသမားဘိုးဘွားတို့တွေရဲ့ အဆုံးအမနဲ့အတူ ဆင်းသက် လာတဲ့ ကိုယ်၏ ယဉ်ကျေးမှု၊
နှုတ်၏ ယဉ်ကျေးမှု၊ စိတ်၏ ယဉ်ကျေးမှု။အဲဒီတော့ ရိုးရာ ဝတ်စားဆင်ယင်မှုကျတော့ ကိုယ်၏ ယဉ်ကျေးမှု၊ နှုတ်၏ ယဉ်ကျေးမှု၊ စိတ်၏ ယဉ်ကျေး မှုတွေမှာ အကုန်လုံးပါ တယ်။ ဒါတွေက အင်မတန် ချစ်စရာ ကောင်းတယ်။ ဂုဏ်ယူစရာ ကောင်းတဲ့ ရိုးရာဓလေ့ပုံစံတွေ ပါ။တချို့ဟာတွေကျတော့ ခေတ်နဲ့အညီ သူ့ရဲ့အတွင်းအနှစ် သာရတွေ မပျက်အောင်ခေတ် အမြင်လေးနဲ့ပြန်ပြီးရေးတယ်။ဖွဲ့စည်းတယ်။ လုံးဝပျက်မသွား ကောင်းဘူးလေ။ တေးဂီတ သီချင်းတွေပဲ ကြည့်ကြည့်၊ ပွဲ တော်တွေမှာပဲ ကြည့်ကြည့်   မြန်မာဆိုတဲ့ တိုင်းရင်းသားတွေ အကုန်ပါတာပေါ့။ ကိုယ့်ရိုးရာ ယဉ်ကျေးမှုဓလေ့ စရိုက်တွေကို ချစ်ခင်စိတ်ဖြစ်ပေါ် လာအောင်၊ တန်ဖိုးထားတဲ့စိတ် ဖြစ်ပေါ်လာ စေချင်တဲ့ ဆန္ဒတွေနဲ့ ရေးသား ခဲ့ခြင်းဖြစ်ပါတယ်။ဒီလိုအကြောင်း အရာတွေကိုရေးသားနိုင်သူ တွေ၊ စာအုပ်စာပေတွေ ပေါ်ထွက်လာစေချင်ပါတယ်” ဟု ပြောပြပါသည်။    သည့်ေ နာက်တွင် မြန်မာ့ သမိုင်းဖြစ်စဉ်၌ ကုန်းဘောင် ခေတ်ပုံရိပ်များ ထင်ကျန်နေခဲ့ သည့် ရတနာပုံ မန္တလေးမြို့၏
နန်းဟန်နန်းဆန်ပုံ ယဉ်ကျေးမှု ရိုးရာအမွေအနှစ်အကြောင်း စဉ်ဆက်မပြတ်ထုတ် ဖော်ရေး သားမှတ်တမ်းတင်နေသူ စာရေးဆရာ ဆူးငှက်ကလည်း “မန္တလေးဆိုတာ မြန်မာဘုရင် တွေလက်ထက်ကတည်းက အမျိုး သားယဉ်ကျေး မှုတွေကို တတ် နိုင်သမျှ ထိန်းသိမ်းခဲ့ကြတယ်။ တစ်လျှောက်လုံးကိုလိုနီခေတ် ရောက်ပေမယ့်လည်း ခေတ်အဆက်ဆက်ဒီလိုရိုးရာယဉ်ကျေး မှု ဓလေ့စရိုက်တွေကို ထိန်း သိမ်းခဲ့ကြတယ်။ တစ်ဖက်က လည်း ထိန်းသိမ်း တဲ့အနေနဲ့ ရေးသားခဲ့သလို တစ်ဖက်က လည်း ခေတ်နဲ့အမီလိုက်နိုင် အောင် ကြိုးစားခဲ့တယ်။ ဒါပေ မဲ့ ဒီနေ့ခေတ်လို အရှိန်အဟုန် အပြောင်းအလဲမြန်တဲ့ဟာမျိုး ကျတော့ ထိန်းသိမ်းနိုင်မှု၊ အား ပေးမှု အင်အားလျော့လာကြ တယ်။ တစ်ချိန်က၊ တို့မြန်မာ ပြည်က အများဆုံးရေးသား ဖြစ်တဲ့ မန္တလေးမြို့ရဲ့ ရိုးရာ ဓလေ့အလှတွေကို ပြည်သူတွေ သိစေချင်တဲ့ ဆန္ဒတွေနဲ့ ရေး သားခဲ့ကြတာပါ။ ဒီလိုရိုးရာ ယဉ်ကျေးမှုနဲ့ ပတ်သက်ပြီးပြော ရရင် ဆရာတို့က စံချိန် ကိုပြော တာ။ ဆရာတို့ယဉ်ကျေးမှုတွေ က တစ်ချိန်က ဘယ်လောက် စံချိန်တင်နိုင်ခဲ့သလဲ ဒါတွေသိမှ သာဖြစ်မှာလေ။ ဒါမျိုးတွေကို သိစေချင်တယ်။ဒီလိုအကြောင်း အရာတွေကို ရေးတဲ့စာအုပ် တွေ များများပေါ်ထွက်စေချင် ပါတယ်” ဟုပြောကြားခဲ့ပါ သည်။

သိမ့်သိမ့်

popular myanmar.com မှ သိသမျှ ။

No comments:

Post a Comment