Tuesday 10 June 2014

နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါလိမ့်မယ်





ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် ဆော့ကစားနေကြတယ်။
ကောင်လေးက ကျောက်ခဲလှလှလေးတွေ အများကြီးကောက်ပြီး စုထားတယ်။
ကောင်မလေးမှာ ချိုချဉ်တွေအများကြီးရှိတယ်။

ကောင်လေးက သူ့ကျောက်ခဲတွေနဲ့ ကောင်မလေးဆီကချိုချဉ်နဲ့ လဲမယ်ဆိုတော့ ကောင်မလေးက သဘောတူတယ်။
ကောင်လေးက အလှဆုံး၊ အကြီးဆုံးကျောက်ခဲတွေကို ဖွက်ထားလိုက်ပြီး ကျန်တဲ့ကျောက်ခဲတွေနဲ့ လဲလိုက်တယ်။
ကောင်မလေးကတော့ ပြောထားတဲ့အတိုင်း ချိုချဉ်အကုန်လုံး ကောင်လေးကိုပေးလိုက်တယ်။

အဲဒီညမှာ ကောင်မလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတယ်။
ကောင်လေးက အိပ်မပျော်ဘူး.. သူ့စိတ်ထဲမှာ ကောင်မလေးလည်း သူ့လိုပဲ ချိုချဉ်တချို့ဖွက်ထားမယ်ထင်တယ်လို့ တွေးနေခဲ့တယ်။

တကယ်လို့ သင်ဟာ ရာခိုင်နှုန်းအပြည့်မပေးနိုင်တဲ့အခါ တခြားလူကိုလည်း ရာခိုင်နှုန်းအပြည့်မပေးနိုင်ဘူးလို့ သံသယရှိတတ်တယ်။

ဘဝမှာ အရာဝတ္ထု၊ လူပုဂ္ဂိုလ်တော်တော်များများဟာ အပေါ်ကပုံပြင်လေးအတိုင်း ဖြစ်ပျက်နေကြပါတယ်။ သံသယဝင်၊ ခန့်မှန်းတာဟာ သံယောဇဉ်ကိုပျက်စေမှန်းသိပေမယ့် သံသယဝင်ဆဲ၊ ခန့်မှန်းဆဲဖြစ်တယ်။

"သံသယ"ဆိုတာ သူတစ်ပါးကိုမယုံကြည်၊ ကိုယ့်ကိုယ်ကို မယုံကြည်တာဖြစ်တယ်။ အချင်းချင်း ပျက်စီးစေတဲ့၊ အချင်းချင်းသံယောဇဉ်ကို ပြစ်မှားစေတဲ့ "အတွင်းစိတ်ဖုတ်တစ်မျိုး" ဖြစ်တယ်။ လောကမှာ

အမှားအမှန်ဆိုတာ မရှိပါဘူး၊ အကြောင်းအကျိုးပဲရှိတာပါ။ ကိုယ့်နံဘေးက လူတွေကို ရာခိုင်နှုန်းအပြည့် ရိုးရိုးသားသားဆက်ဆံနေချိန်မှာ သူ့ဆီက ကိုယ်ဘာအကျိုးပြန်ရမလဲဆိုတာကို အရင်သွားမစဉ်းစားလိုက်ပါနဲ့။ ဆိတ်ဆိတ်ငြိမ်ငြိမ်ပဲ စောင့်ပါ။ အရာအားလုံး သင်ဆွဲငင်ယူဆောင်လာနိုင်ပါလိမ့်မယ်။

ရှေးစကားတစ်ခွန်းက "မိမိကိုယ်ကိုယ်ယုံကြည်မှုရှိသူတွေက တခြားလူကို သံသယမဖြစ်ဘူး၊ လူတွေကလည်း သူ့ကိုယုံကြည်တယ်။ မိမိကိုယ်ကိုယ်ယုံကြည်မှုမရှိသူက သံသယများတယ်၊ လူတွေကလည်း သူ့ကိုမယုံကြည်ဘူး"လို့ဆိုပါတယ်။ သူငယ်ချင်းမိတ်ဆွေကြားမှာပဲဖြစ်ဖြစ်၊ လင်မယား၊ ချစ်သူရည်းစားကြားမှာပဲဖြစ်ဖြစ် ရိုးသားမှု ရာခိုင်နှုန်းအပြည့်နဲ့ ဆက်ဆံကြည့်ပါ။ အနည်းဆုံးတော့ သင်နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ပါလိမ့်မယ်။

 
http://paper.people.com.cn/smsb/html/2013-09/03/content_1292738.htm မှ သိသမျှ ။





No comments:

Post a Comment