Wednesday, 28 November 2012
"ကာမ"လိမ်လည်ခံနေရမှုများသည့် အမျိုးသမီးများအတွက် သီးသန့်ဥပဒေလိုအပ်
မြန်မာအမျိုးသမီးများအနေဖြင့်အိမ်တွင်းအကြမ်းဖက်ခံရမှုနှင့်ကာမလိမ်လည်ခံရယူမှုများအများဆုံးကြုံတွေ့ခံ
စားနေရကြောင်း အမျိုးသမီးများလှုပ်ရှားရေးဥပဒေအဖွဲ့က သိရှိရသည်။
''ကာမလိမ်လည်တဲ့အမှုတွေ အများဆုံးတွေ့ရတယ်။ ဒါပေမယ့် တရားရုံးကိုအဲ့ဒီအမှုတွေကမတက်လာဘူး။
လက်ရှိဥပဒေထဲမှာ လင်မယားကွာ၊မယားစရိတ်၊ ကလေးစရိတ်တွေကို တရားသေ သတ်မှတ်ထားတာတို့တွေဟာ မရှိသင့်တော့ပါဘူး''ဟု ရှေ့နေများဖြင့်ဖွဲ့စည်းထားသော Youth Legal Clinicမှ ဒါရိုက်တာဒေါ်လှလှရီက ဆိုသည်။
အဆိုပါအမျိုးသမီးများလှုပ်ရှားရေးဥပဒေအဖွဲ့အနေဖြင့်လက်ရှိအချိန်တွင်သာကေတ၊ ဒေါပုံ၊ဒလ၊ဒဂုံဆိပ်ကမ်းနှင်
့လှိုင်သာယာမြို့နယ် များတွင် အမျိုးသမီးရေးရာဥပဒေကြောင်း ဆိုင်ရာကိစ္စရပ်များအား လိုက်လံဆောင်ရွက်ပေးနေ
သည့်အဖွဲ့ဖြစ်သည်။
အမျိုးသမီးများအတွက် အကာအကွယ်ပြုနိုင်သော ဥပဒေလုပ်ငန်းခွင်တွင် ရရှိသင့်သော နားရက်ခွင့်၊ လုပ်သက်ခွင့်၊ သီးသန့်ခွင့်မျိုးများ၊ အိမ်ထောင်စုတွင် အမျိုးသမီးများဖိနှိပ်ညှင်းဆဲခံရမူ၊ ကွာရှင်းပြတ်ဆဲမှုများအတွက် ထိရောက်သောအရေးယူဆောင်ရွက်မှုများ ၊ ခေတ်ကာလနဲ့မကိုက်ညီသော
အရေးယူမှုများအားပယ်ရှားရန်နှင့် လက်ရှိကြုံတွေ့နေရသော အမျိုးသမီးအရေးယူခံရမှု များလည်း လေ့လာသုံးသပ်သင့်ကြောင်း အမျိုးသမီးများထံက သိရှိရသည်။
''အမျိုးသမီးတွေအတွက် သီးသန့်ဥပဒေဆိုတာ မရှိသေးဘူး။ ထိရောက်တဲ့
အရေးယူမူတွေ လည်း မရှိဘူး။ လင်မယားကွာတာ ဆိုရင် ငွေကျပ်တစ်ရာလို့
သတ်မှတ်ထားတာ ဘယ်မှာ ခေတ်ကာလနဲ့ ကိုက်ညီတော့လို့လဲ။ ဥပဒေကလည်း ခေတ်ကာလနဲ့မညီတာတွေ အများကြီးပါ။ ''ဟု ကရင်အမျိုး
သမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့( KWAG) မှဒါရိုက်တာ ဒေါ်လှလှစိုးက ပြောသည်။
ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အနေဖြင့်နာဂစ်ဒဏ်ခံစားခဲ့ရသော မြစ်ဝကျွန်း
ပေါ်ဒေသများဖြစ်သော လပွတ္တာ၊ဟသာင်္တ မြို့များအပြင် ပဲခူးတိုင်းဒေသကြီး၊ ဗတာင်ငူ မြို့နယ်၊သံတောင်ကျေးရွာ များတွင် ကျားမ တန်းတူအခွင့်အရေးရရှိရေး၊ အမျိုးသမီး
များအိမ်တွင်း အကြမ်းဖက်ခံရမှု များနှင့် ပါတ်သတ်၍ လျော့နည်းသွားစေရန် ရည်ရွယ်
ချက်ဖြင့် လှုပ်ရှားလုပ်ဆောင်မူများပြုလုပ်နေသည့် အမျိုးသမီးရေးရာ အဖွဲ့လည်း ဖြစ်သည်။
လွှတ်တော်တွင်း အမျိုးသမီးများအား ရရှိသင့်သည့် အခွင့်ရေးများနှင့် အကာအ
ကွယ်ပေးနိုင်သည့် ဥပဒေတစ်ရပ်ပြဌာန်းပေနိုင်ရန် တင်ပြဆွေးနွေးသွား
မည်ဖြစ်ကြောင်း သိရှိရသည်။
၎င်းအဆိုအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ မင်္ဂလာတောင်ညွှန်မြို့နယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း လာမည့်ပထမအကြိမ် ပဉ္စမပုံမှန်အစည်း အဝေးတွင် ဆွေးနွေးမည်ဖြစ်သည်။
မြစ်မခမီဒီယာ မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment