Monday, 24 December 2012

ခရစ်တော်ဖွားမြင်ရာ Bethlehem ခရီးသွားများစည်ကား

ခရစ်ယာန် ဘာသာဝင်တွေက ယေရှုခရစ် ဖွားမြင်ရာအဖြစ် ယုံကြည်ထားကြတဲ့ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းက Bethlehem မှာ ခရစ်စမတ်ပွဲ ဆင်နွှဲဖို့ ကမ္ဘာတ၀ှမ်းက ခရီးသွားပေါင်း ထောင်ချီပြီး သွားရောက် နေကြပါတယ်။ ဒီနှစ် ခရစ်စမတ်မှာတော့ ပြီးခဲ့တဲ့လကမှာ အကဲခတ် အဖွဲ့ဝင်အဖြစ် ကုလသမဂ္ဂက အသိအမှတ်ပြု လက်ခံခဲ့တဲ့ အိမ်ရှင် ပါလက်စတိုင်း အတွက် အထူးသဖြင့် ပျော်ရွှင်စရာ အခါသမယလည်း ဖြစ်ပါတယ်။ ခရစ်စမတ်အကြိုအဖြစ် ကျင်းပတဲ့ အခမ်းအနား အတွင်းမှာတော့ ဒေသခံ ရိုမန် ကက်သလစ် ခရစ်ယာန်ဂိုဏ်းအုပ် Fouad Twal က ပါလက်စတိုင်းသားတွေရဲ့ စွမ်းဆောင်နိုင်မှုအပေါ် အားတက်စကား ပြောခဲ့သလို၊ ဒေသတွင်းက အဆုံးမသတ်နိုင်ပဲ ဖြစ်နေရတဲ့ ပဋိပက္ခတွေ အဆုံးသတ်စေရေး အစ္စရေးလ်နဲ့အတူ လက်တွဲ ဆောင်ရွက်ဖို့လည်း တိုက်တွန်းခဲ့တာပါ။ ရာသီဥတု အေးမြနေပေမဲ့လည်း စိတ်အားထက်သန်နေကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေနဲ့
ခရစ်စမတ်ပွဲတော် အခန်းအနားတွေကတော့ ညနက်ပိုင်းအထိ ဆက်လက် ကျင်းပခဲ့ကြပါတယ်။ တချိန်တည်းမှာပဲ ပုပ်ရဟန်းမင်းကြီး Benedict ကတော့ ဗာတီကန်မှာရှိတဲ့ St. Peter Basilica ကျောင်းတော်မှာ ခရစ်စမတ်နေ့ အထိမ်းအမှတ် အခန်းအနား ကျင်းပခဲ့ပါတယ်။ 
 ဗွီအိုအေ မြန်မာပိုင်း မှ သိသမျှ ။

No comments:

Post a Comment