ဒီဇင်ဘာလ ၂၃ရက် တနင်္ဂနွေနေ့ ညနေပိုင်းကနေ ဒီဇင် ဘာလ ၂၄ရက် တနင်္လာနေ့ မ နက်ပိုင်းထိ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားပေါ်မှာဠင်းတငှက်၆ကောင်လာရောက်နားခိုသွားခဲ့တာလို့ မျက်မြင်တွေ့ သူတွေကပြော ပါတယ်။

ရွှေတိဂုံစေတီအထက်ပစ္စယံ အင်္ဂါထောင့်မှာ ၃ကောင်၊ရာဟုထောင့်မှာ ၃ကောင် လာရောက်ခိုနားသွားတာ ဖြစ် ပြီး၊ ရွှေတိဂုံဘုရားဂေါကပအဖွဲ့ရုံး ရုံးအဖွဲ့မှုး ဦးဝင်းကြိုင်ကတော့ ဠင်းတငှက်တွေလာရောက်ခိုနားမှုနဲ့ ပတ် သက်ပြီး
ဆောင်းခိုငှက်တွေ လာနားသွားတာ ဖြစ် တယ်လို့ ဒီဗွီဘီကို ပြောပါတယ်။
နက္ထတဗေဒပညာရှင် စံဇာဏီဘိုကတော့ မြင့်မြတ်တဲ့ဘုရားပေါ် ယုတ်ညံ့တဲ့ငှက်လာနားတာ မကောင်းဘူးလို့ အတိတ် နမိတ်ကောက်ယူ ပြောပါတယ်။
ဘုရားဂေါကပ၀င်အဖွဲ့ဝင်တဦးကတော့ လွန်ခဲ့တဲ့ ၃နှစ်လောက်တုန်းကလဲ အခုလို လာနားဘူးပေမယ့် ဘုရား ပေါ်မှာ နားတာ မဟုတ်ဘဲ ရင်ပြင်ပေါ်ကသစ်ပင်ပေါ် နားခိုခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။ခုလို ရွှေတိဂုံ ဘုရားပေါ်မှာ ဠင်းတငှက်တွေ လာရောက်နားခိုနေတဲ့ ဓာတ်ပုံတွေနဲ့  အတိတ် နမိတ်ကောက်ယူမှု ထင်ကြေး ပေးမှုတွေ ရန်ကုန်လူထုအကြားမှာရော လူမှုရေး ကွန်ယက် အင်တာနက်စာမျက်နှာတွေပေါ်မှာ ပါ ကျယ်ကျယ်ပြန့် ပြန့် ထွက်ပေါ်နေပါတယ်။
DVB မြန်မာပိုင်း မှ သိသမျှ ။


No comments:
Post a Comment