တစ်နေ့လျှင်
ဘီယာ(၄)ခွက်ထက် ပိုမိုသောက်သုံးခြင်းကြောင့် ခန္ဓာကိုယ်တွင်း
အသည်းပျက်စီးမှုနူန်း မြန်ဆန်ကာ ကင်ဆာရောဂါစေမှုကို
ပိုမိုဖြစ်ပေါ်စေနိုင်ကြောင်း ဆရာဝန်ကြီးများထံက သိရှိရသည်။
"နေ့စဉ်ရက်ဆက်
ဘီယာသောက်သုံးတာ များလာတယ်ဆိုရင် ဘီယာထဲမှာပါတဲ့ အရက်ပမာဏက ကျန်းမာရေးကို
ထိခိုက် နိုင်တယ်။ အရက်ပါတယ်ဆိုမှတော့ အသည်းကို ထိခိုက် မယ်၊ ပြီးရင်
ကင်ဆာဖြစ်ဖို့ အတွက် ပိုပြီးဖြစ်နိုင်ခြေ ရှိသွား တယ်။"ဟု အလုံမြို့နယ်
ဝင်းဆေးခန်းမှ အထွေထွေရောဂါကု ဒေါက်တာမြင့်ဦးက ပြောသည်။
ဘီယာသည်
ဘာလီစေ့အား ကစော် ဖောက်ထားသည့် အရက်တစ်မျိုးဖြစ်ပြီး ၄င်းထဲတွင် ပါဝင်သော
အရက်ပမာဏသည် (၄)ရာခိုင်နူန်းမှ(၁၂)ရာခိုင်နူန်းအထိပါဝင်ကာ ကစီဓါတ်၊
မဂ္ဂနီဆီယမ်၊ ဆယ်လင် နီယမ်၊ ပိုတက်ဆီယမ်၊ ဖော့စဖောရပ်စ်၊ ဘိုင်အိုတင်နှင့်
ဘီတာမင်ဓါတ်များပါဝင်ကြောင်း ဆရာဝန်ကြီး များက ဆိုသည်။
ဘီယာတွင်
အရက်ပါဝင်နေခြင်းကြောင့် အသည်းအား ရောင်ယမ်းခြင်း၊ အစာအိမ်အား ရောင်ယမ်း
စေခြင်း၊ ပန်ကရိယအား ရောင်ယမ်းစေခြင်း၊ ဆီးချိုရောဂါများနှင့် နောက်ဆက်တွဲ
ရောဂါများဖြစ်ပေါ် နိုင်ကြောင်းကိုလည်း သိရသည်။
"ကျွန်တော်
အရင်ကဆို တစ်နေ့ကို (၃)ခွက်လောက် ပုံမှန်သောက်ဖြစ်တယ်။ သိတဲ့ အတိုင်းပဲ
ဗိုက်ကနည်းနည်း ထွက်လာတယ်။ နေရထိုင်ရလည်း အဆင်မပြေဘူး။ ဟိုရောဂါဖြစ် ဒီ
ရောဂါဖြစ်ဖြစ်လာတော့ ဖြတ်လိုက်တယ်။ အခုဆို ဘီယာရဲ့ဆိုးကျိုးလားမသိဘူး
ဆီးချိုရောဂါနဲ့ အစာအိမ်တော့ ကိုယ်တွေ့ကြုံလာခဲ့ရတယ်"ဟု
ဒဂုံမြိုသစ်မြောက်ပိုင်းမှ ကိုတုံက ပြောသည်။
ဘီယာသောက်သုံးမှုများလာခြင်းကြောင့်
ဖြစ်ပေါ်တက်သော ဗိုက်ဆူ (ဘီယာဗိုက်)လာသည့် လက္ခဏာသည် ဘီယာကို
မြုံ့သောက်ရင်းဖြင့် အစားများစွာ စားမိခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ
အဆီဓါတ်များသည် ဗိုက်ပတ်လည်တွင် စုစည်းကာ အ၀လွန်ကဲလာခြင်းဖြစ်ပြီး ၄င်းကတစ်ဆင့် အခြား ရောဂါများသို့ ပိုမိုကူးစပ်လွယ်ကူနိုင်ခြင်းကြောင့် သောက်သုံးသူများအနေဖြင့်
ဂရုပြုဆင်ခြင် သောက်သုံးသင့်ကြောင်း
ဆရာဝန်ကြီးများက အကြံပြုပြောကြားသည်။အဆီဓါတ်များသည် ဗိုက်ပတ်လည်တွင် စုစည်းကာ အ၀လွန်ကဲလာခြင်းဖြစ်ပြီး ၄င်းကတစ်ဆင့် အခြား ရောဂါများသို့ ပိုမိုကူးစပ်လွယ်ကူနိုင်ခြင်းကြောင့် သောက်သုံးသူများအနေဖြင့်
ဘီယာသည်
ကမ္ဘာတစ်ဝှမ်း ရေပမ်းအစားဆုံး ယမကာဖြစ်ပြီး တစ်နှစ်လျှင် ဂါလံပေါင်း
(၃၅)ဘီလီယံ ကျော် ရောင်းချနေ ရကြောင်း ကိုလည်း ဆရာဝန်များမှ ကောက်ယူထားသော
စစ်တမ်းများအရ သိရှိ ရပြီး လက်ရှိတွင် ကမ္ဘာပေါ်၌ အမျိုးသားများပါမက
အမျိုးသမီးများပါ သောက်သုံးမှုများလာသည်။
MYITMAKHA MEDIA GROUP မှ သိသမျှ ။

No comments:
Post a Comment