Wednesday, 19 December 2012

ပုတက်ကာတွန်းဂျာနယ်ကို ဖုန်းများမှ အခမဲ့ ဖတ်နိုင်မည့် Putet Comics Mobile Application


မြန်မာနိုင်ငံရှိ ကာတွန်း ချစ်သူများ အတွက် ၁၅ ရက် တစ်ကြိမ် ထုတ်ဝေသော ပုတက် ရောင်စုံ ကာတွန်း ဂျာနယ်ကို မိုဘိုင်းဖုန်း များမှ တစ်ဆင့် အခမဲ့ဖတ်ရှုနိုင်ရန် ရည်ရွယ်၍ Putet Comics Mobile Application ကို Putet ကာတွန်းဂျာနယ်နှင့် Bagan Innovation Technology (BiT) တို့ ပူးပေါင်း၍ ထုတ်လုပ်ခဲ့ပြီး ၄င်း Application ကို Android Phone များနှင့် iPhone တို့အတွက် နှစ်မျိုးလုံးတွင် ထည့်သွင်း အသုံးပြုနိုင်အောင် ဆောင်ရွက်ထားကြောင်း သိရှိရပြီး ၄င်း Application ကို မိမိတို့ဖုန်း အတွင်းသို့ ထည့်သွင်း အသုံးပြုလိုသူများအနေဖြင့် http://www.bitmyanmar. com.mm/kanaung/putet တွင် အခမဲ့ Download ပြုလုပ်ကာ Install ပြုလုပ်နိုင်ကြောင်း သိရှိရသည်။
အဆိုပါ Putet Mobile Application ကို အသုံးပြုခြင်းဖြင့် Putet ၏ နောက်ဆုံးထွက်ရှိသော ကာတွန်းများကို Putet Mobile Application မှ ဖတ်ရှုနိုင်ခြင်း၊ ကာတွန်းများကို ဇာတ်ကောင်အလိုက်ရွေးချယ်ဖတ်ရှုနိုင်ခြင်း၊ မိမိဖတ်ရှုပြီးသော ကာတွန်း များကို Offline အဖြစ် ပြန်လည်ဖတ်ရှုနိုင်ရန် သိမ်းဆည်းထားနိုင်ခြင်း၊ Internet ရှိရုံဖြင့် Putet ကာတွန်းများအား မည်သည့်နေရာတွင် မဆို ဖတ်ရှုနိုင်ခြင်း၊ Putet သို့ ဆက်သွယ်လိုလျှင် Phone သို့E-Mail ဖြင့် ဆက်သွယ်မေးမြန်းနိုင်ခြင်း စသည့် လုပ်ဆောင်ချက်များပါဝင်ကြောင်း သိရှိရသည်။
ထို့ပြင် Application စတင် အသုံးပြုရာတွင် Account ရရှိရန်အတွက် www.putet.com.mm တွင် free
Register ပြုလုပ်နိုင်မည်ဖြစ်သည်။ Putet Comics Mobile Application ကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၇ ရက်နေ့တွင် Version 1.0.0 အဖြစ် စတင်၍ မိတ်ဆက် ခဲ့ပြီး Application Size မှာ2MB ဖြစ်သည်။


MOBILE GUIDE JOURNAL မှ သိသမျှ ။

No comments:

Post a Comment