Monday, 17 December 2012

စတိဗ်ဂျော့ဘ်စ်ရုပ်ရှင်အတွက် မင်းသားအက်စတန်ကက်ချာ၏ ဓာတ်ပုံများ တရားဝင်ပြသ


Appleကုမ္ပဏီ၏ နည်းပညာပါရမီရှင် စတိဗ်ဂျော့ဘ်စ် ဘ၀ဇာတ်ကြောင်းကို ပြန်လည်ရိုက်ကူးမည့် Jobsရုပ်ရှင်တွင် သရုပ်ဆောင်မင်းသားဖြစ်သော အက်စတန်ကက်ချာ၏ ရုပ်ရှင်ဇာတ်ကားထဲမှ ဓာတ်ပုံအခိျု့ကို တရားဝင်ပြသလိုက်ကြောင်း သိရသည်။ ဒါရိုက်တာ ဂျိုရှုအာမိုက်ကယ်စတန်း ရိုက်ကူးသည့်အဆိုပါ ရုပ်ရှင်ကားကို နည်းပညာလောကနှင့် ရုပ်ရှင်နယ်ပယ်မှ လူအများစုက စိတ်ဝင်စားလျက်ရှိကြပြီး ပင်ကိုအရ စတိဗ်ဂျော့ဘ်စ်နှင့်ရုပ်ချင်း အလွန်တူသည့် မင်းသားအက်စတန်ကက်ချာကို အဓိကဇာတ်ဆောင်အဖြစ် ရွေးချယ်နိုင်ခဲ့ခြင်းက ပိုမိုစိတ်ဝင်စားစရာကောင်းခဲ့ပြီး အချိန်ကာလအားဖြင့် သုံးပိုင်းခွဲခြား၍ ရိုက်ကူးသွားမည့် ရုပ်ရှင်တွင်စတိဗ်ဂျော့ဘ်စ်၏ ကြိုးစားရုန်းကန်လှုပ်ရှားသည့် ဘ၀ပုံစံကိုအဓိက ရိုက်ကူးပြသသွားမည်ဖြစ်သည်။တရားဝင်ဓာတ်ပုံများ ထုတ်ဖော်ပြရာတွင် အက်စတန်ကက်ချာမှာ
စတိဗ်ဂျော့ဘ်စ် ငယ်စဉ်ကနှင့် ခွဲခြားရခက်လောက်သည့် ရုပ်ရည်ရှိနေခြင်းကိုလည်း အံ့သြစွာ တွေ့မြင်ရသည်။


PYIMYANMAR JOURNAL မှ သိသမျှ ။

No comments:

Post a Comment