Monday, 17 December 2012

မွေးနေ့ရောက်တိုင်း ဟတ်ထိလေ့ရှိတဲ့ သူထူးစံ


မွေးနေ့ရှင် သူထူးစံက မွေးနေ့ နဲ့ ပတ်သက်ပြီး ထွေထွေထူးထူးတော့ မလုပ်ဖြစ်ခဲ့ကြောင်း ပြောပါတယ်။ မွေးနေ့ပွဲ မလုပ်ဖြစ်ခဲ့တဲ့ သူထူးစံကို မွေးနေ့ လက်ဆောင်ရော ဘယ်သူ တွေ ဆီကရလဲ လို့မေးတော့..
“မွေးနေ့ပွဲကို ကျွန်တော် ထွေထွေထူးထူး မလုပ်ဖြစ်ခဲ့ပါဘူး။ ကျွန်တော်က မွေးနေ့ကို တကူးတကကြီး မစီစဉ်ပါဘူး။ အရင်နှစ်တွေက လည်း ထွေထွေ ထူးထူး မလုပ်ခဲ့ဘူး။ ကျွန်တော်က သူငယ်ချင်းမွေးနေ့ ဆိုရင်တော့ အမြဲတမ်းသွားပြီး သူငယ်ချင်းတွေနဲ့ ပျော်ရွှင်ကြတယ်။ ကိုယ့် မွေးနေ့ ကိုသာမလုပ်ဖြစ်တာ၊ သူငယ် ချင်း မွေးနေ့ပွဲတွေတော့ သွားဖြစ်တယ်။ မွေးနေ့မှာတော့ အသိ မိတ်ဆွေဆီက အိတ်တစ်လုံး လက်ဆောင် ရထားတယ်။ ကျွန်တော်က လက်ဆောင်ကို ဟိုဟာ၊ ဒီဟာရယ်လို့ မဟုတ်ပါဘူး။ ဘတ်ဒေး ကတ်လေးမှာ စာကြောင်းလေးရေး ပေးတာပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ မက်ဆေ့ခ်ျ ပို့တာပဲ ဖြစ်ဖြစ် ကျွန်တော် ကျေနပ်ပါတယ်။ ဒီနှစ်မွေးနေ့ မှာတော့ အိမ်က ဘုရားမှာ ပုတီးစိပ်ခဲ့ပါတယ်။ နောက် တစ်ခုက မွေးနေ့ရောက်တိုင်း ဟတ်ထိ တာများပါတယ်”လို့ ပြောပါတယ်။
သူထူးစံ ပါဝင် သရုပ်ဆောင်ထား တဲ့ “ဟတ်ထိတယ်” ဇာတ်ကားကလည်း ရုံတင် ပြသနေပြီး ပရိသတ်တွေလည်း ရုံအပြည့် အားပေးကြတာကို တွေ့ရပါတယ်။ အဲဒီ ကားကြီးမှာ အမှတ်တရ
ရှိခဲ့ကြောင်း ပြောလာတဲ့ သူထူးစံက အဲဒီကားကြီးမှာ ကျွန်တော် အပျော် အနေနဲ့ သီချင်းရေးထားတယ်။ အဲဒီ သီချင်းလေးက အပျော်လေးပါပဲ။ ဒါက ကျွန်တော်အတွက် အမှတ်တရ ပါ။ ပြီးတော့ အဲဒီကားလေးက ဖူးခက်မှာ ပထမဦးဆုံးအကြိမ် သွားရိုက်ထားတဲ့ကား လည်းဖြစ်တယ်။ အဲဒါတွေက ကျွန်တော် အတွက် အမှတ်တရပါ။ ပရိသတ်တွေ အားပေးကြတဲ့အတွက် ကျွန်တော် တအားပျော်ပါတယ်”လို့ ပြောပါတယ်။
ဒီဇင်ဘာ ၈ရက်နေ့က ပြုလုပ် တဲ့ ဆီးဂိမ်း အကြိုပွဲမှာ သူထူးစံက ဘဘ ဦးသုခနေရာက ပါဝင်သရုပ် ဆောင်၊ အားလုံးလည်း အချိန်မရတာ ဖြစ်တဲ့အတွက်၊ ပွဲမှာကြို တင်ပြင်ဆင်မှု မရှိထားတဲ့အတွက် နည်းနည်း လေးတော့ အခက်အခဲ ရှိခဲ့ကြောင်း ပြောပါတယ်။


POPULAR MYANMAR မှ သိသမျှ ။
 

No comments:

Post a Comment