Monday, 17 December 2012
မြန်မာ့ပထမဆုံး သုံးမြွှာတာဝါ Junction မြို့တော်စီမံကိန်းကြီး ရန်ကုန်တွင် တည်ဆောက်ရန်ရှိ
မြန်မာနိုင်ငံ၏ ပထမဆုံးအဖြစ် မြေဧရိယာစတုရန်းပေ နှစ်သန်းကျော်ပေါ်တွင် သုံးမြွှာယှဉ်တွဲကာ ဆောက်လုပ်မည့် အထပ်၃၀ကျော်သော အဆင့်မြင့် Junction မြို့တော်စီမံကိန်းကြီးကို ရန်ကုန်မြို့လယ်ကောင်ဖြစ်သော ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၌ အကောင်အထည်ဖော် တည်ဆောက်သွားရန်ရှိကြောင်း ShweTaung DevelopmentGroup မှ၇-၁၂-၂၀၁၂ရက်က သိရသည်။ အဆိုပါ Junctionမြို့တော် စီမံကိန်းကြီးတွင် အဆင့်မြင့် စီးပွားရေးရုံးခန်းများ၊ အိမ်ခန်းများ၊ အဆောက်အအုံတွင်း ဈေးတန်းများ၊ ဈေးဝယ်စင်တာ၊ ဟိုတယ်၊ ဖျော်ဖြေရေးခန်းမများ၊ ဆွေးနွေးပွဲခန်းမများလည်း ပါဝင်မည်ဖြစ်ကာ အဆောက်အအုံ၏ အောက်ခြေတွင် အထပ်လေးထပ်အညီဖြင့် အခြေခံတည်ဆောက်မည်ဖြစ်ပြီး သုံးမြွှာတာဝါများကို ယင်းအပေါ်တွင် ဆက်လက်တည်ဆောက်မည် ဟုသိရသည်။
''ဒါက စီမံကိန်းအသစ်တစ်ခုပါ၊ ရန်ကုန်မြို့ရဲ့ NewLandmark ဖြစ်စေမှာပါ။ ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့ ခရစ်ယာန် ဘုရားကျောင်းရှေ့က မြေနေရာပေါ်မှာ တည်ဆောက်ဖို့ စီစဉ်တယ်''ဟု ရွှေတောင်ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစုမှ ပြောရေး ဆိုခွင့်ရှိသူတစ်ဦးက ပြောကြားသည်။အဆိုပါစီမံကိန်း တည်ဆောက်မည့် မြေနေရာမှာ လဟာပြင်ဈေးဟောင်းတွင်ဖြစ်ပြီး အချက်အချာကျမှုအပြင် ဗိုလ်ချုပ်အောင်ဆန်းဈေး၊ ရွှေတိဂုံဘုရား ဆူးလေဘုရား Traders ၊Sakura Tower ၊ ဂရင်းမီးရထား အဆင့်မြင့်အိမ်ရာနှင့် ဟိုတယ်စီမံကိန်းစသည့် ရန်ကုန်မြို့၏ အထင်ကရနေရာများနှင့် အနီးဆုံးတွင် တည်ရှိနေသည့်အတွက် အနာဂတ်မြို့နေလူထုအတွက် အဆင်ပြေစေသော စီမံကိန်းတစ်ခုဖြစ်လာမည်ဟု သိရသည်။''ရင်းနှီးမြှုပ်နှံမှုပမာဏက လတ်တလော တိတိကျကျ တွက်ချက်ထားတာတော့ မရှိသေးဘူး၊ လောလောဆယ်တော့ Project ဒီဇိုင်းဆွဲထားတုန်းပါပဲ'' ဟုအဆိုပါ ပုဂ္ဂိုလ်က ဆက်လက်ပြောကြားသည်။ဲ Junction မြို့တော်စီမံကိန်း၏ အခန်းများမှာ မြို့နေအထက်တန်းလွှာ လူတန်းစားတစ်ရပ်အတွက် အပန်းဖြေနိုင်သော အဆင့်မြင့်အိမ်ရာ စီမံကိန်းမျိုးဖြစ်ပြီး မြို့တော်၏ ဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်လာမည်
ဟုသိရသည်။
'' လောလောဆယ်တော့ ဒီစီမံကိန်းအတွက် သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို သက်ဆိုင်ရာ အစိုးရအဖွဲ့တွေကို တင်ပြရဦးမယ်၊ ခွင့်ပြုချက်ရမှသာ ဒီစီမံကိန်းက ဆောက်ရမှာပါဟု ယင်းကပြောကြားသည်။ Junctionမြို့တော်၏ သုံးမြွှာတာဝါများမှာ ၂၈ထပ်၊ ၃၂ထပ်နှင့် ၃၄ထပ်စီဖြင့် ဆောက်လုပ်စီမံကိန်း ပုံစံလျာထားပြီး ခွင့်ပြုချက်ရရှိပါက စတင်နိုင်မည့် ခန့်မှန်းကာလမှာ ၂၀၁၃ဒုတိယ ခြောက်လအတွင်း၌သာ ဖြစ်နိုင်ဖွယ်ရှိသည် ဟုသိရသည်။
PYIMYANMAR JOURNAL မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment