Thursday, 20 December 2012

အကယ်ဒမီ ပေးပွဲကို ဒီဇင်ဘာ (၃၀)ရက်တွင် ရန်ကုန်မြို့မှာ ကျင်းပရခြင်းအကြောင်း ဦးဇင်ဝိုင်း ရှင်းပြ


အဆိုပါပွဲကျင်းပမယ့် ရက်နဲ့ ပက်သက်ပြီးရုပ်ရှင် အစည်းအရုံးဥက္က္က္ကဌ ဦးဇင်ဝိုင်းက
“ရုပ်ရှင်အစည်းအရုံး အမှုဆောင် လက်ထက်မှာ အကယ်ဒမီပေးပွဲကို နှစ်တစ်နှစ်ရဲ့နောက်ဆုံးလ ၁ရက်မှာ ရန်ကုန်မှာ ကျင်းပဖို့အတွက်ကို မေလ ၁၄ရက်နေ့မှာ အရင်ပြန်ကြားရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးကျော်ဆန်းနဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
မြန်မာရုပ်ရှင် စည်းအရုံး ဥက္ကဌတစ်ယောက်အနေနဲ့ အကယ်ဒမီ တစ်နည်း အားဖြင့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြင့်ပွဲကို ရန်ကုန်မှာ ကျင်းပပေး ဖို့ တောင်းဆိုခဲ့ပါတယ်။ သို့ပေမယ့် အများအဲဒီတုန်းက ပြန်လည် ဖြေ ကြားပေးခြင်း မရှိခဲ့ပါဘူး။ အခုဝန်ကြီးသစ်ဦးအောင်ကြည်တက်ရောက်လာတဲ့နောက်ပိုင်းမှာ ရန်ကုန် မြို့မှာပြန်ကျင်းပဖို့အတွက် ဖြစ်လာပါတယ်။ ဒါက ရုပ်ရှင်လောကသား အားလုံးရဲ့ဆန္ဒဖြစ်ပါတယ်။ရုပ်ရှင်လောကသားထဲမှာလည်း နေပြည်တော်မှာကျင်းပလိုတဲ့သူတွေရှိနိုင်ပါတယ်။ဒါပေမယ့်အများဆန္ဒအရရန်ကုန်မှာကျင်းပဖို့ ဖြစ်လာတာပါ။ကျွန်တော်တို့ တောင်းဆိုလို့ ဖြစ်ခဲ့တယ်ဆိုတာ

မှန်ပါတယ်”လို့ပြောပါတယ်။


POPULAR JAURNAL မှသိသမျှ ။

No comments:

Post a Comment