Thursday, 6 December 2012

လာမချုပ်နဲ့ ‘ သီချင်းနဲ့ ဝိဇ္ဇာ ကာတွန်းကို ပေါင်းပြီး ဇာတ်လမ်းဖန်တီးမယ့် ဒါရိုက်တာ ကျော်ဇောလင်း


ဒါရိုက်တာ ကျော်ဇောလင်း(အတွေးပုံ ရိပ်)က ‘ချစ်မြားရှင်၏ ဆယ့်သုံးချောင်း မြောက် မြား’ ဆိုတဲ့ ဇာတ်ကားကို သက်မွန်မြင့် နဲ့ ရိုက်ကူးနေပါတယ်။ စော်ဘွားမျိုးရိုး ဇာတ်လမ်းလေးဖြစ်ပြီး အချစ်ဟာသ ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်းက ဇာတ်ကားရိုက်ကူးမှုကို ကိုယ်တိုင်ဇာတ်ညွှန်းရေးပြီး ရိုက်ဖြစ် ခဲ့တာ တော်တော်ကြာခဲ့ပြီ ဖြစ်ပါတယ်။
”ဇာတ်တစ်ပုဒ်လုံး အာဂုံဆောင်နိုင်တယ် ဆိုတာ ကိုယ်တိုင်ရေးဖို့လိုတယ်။ သူများဝတ္ထု ဝယ်တယ်ဆိုရင်လည်း ဇာတ်ညွှန်း၊ အခန်းစဉ် ကိုယ်တိုင်ခွဲတော့ အဆင်ပြေ တာပေါ့။ ရိုက်ခဲ့တဲ့ ဇာတ်ကားတွေကို ကိုယ်တိုင် ဇာတ်ညွှန်းခွဲ နေတာ တော်တော်ကြာပါပြီ။ များများလုပ်လာတော့ အတွေ့အကြုံ အများကြီးရလာတယ်။ ဒါပေမဲ့ တစ်ခါ တလေကျရင် ကိုယ့်ခေါင်းတစ်ခုတည်းနဲ့ စဉ်းစားပြီး လုပ်နေတာက ပရိသတ်ကို အကြာကြီး ထိန်းထား နိုင်ပါ့ မလားဆိုတဲ့ စိုးရိမ်မှုမျိုးတော့ ဝင်မိတာပေါ့။ ဝတ္ထုကို ရိုက်တော့ စာရေးဆရာရဲ့ စဉ်းစားထားတာတွေကို ပေါင်းဖြစ်တယ်။ ကိုယ်တိုင်က ၁ဝပုဒ်မှာ၂ပုဒ်လောက်တော့အများဆုံး လုပ် ဖြစ်တယ်။သူများဇာတ်ညွှန်းကိုရိုက်ရ တာကျ တော့ မပြင်စေချင်တာတွေလည်း ရှိတော့ ညှိ နှိုင်းရတာ ပြဿနာတွေရှိနိုင်တယ်။ ကိုယ်တိုင်ခွဲတော့ အဲဒီပြဿနာ ပျောက်သွားတာပေါ့”လို့ ပြောပြပါတယ်။ ဒါရိုက်တာ ကျော်ဇောလင်း (အတွေးပုံရိပ်)က ‘လာမချုပ်နဲ့’ဆိုတဲ့ ဗီဒီယို ဇာတ်ကားကို ရိုက်ကူးမှာဖြစ်ပြီး စန္ဒီမြင့်လွင်ရဲ့ သီချင်းအကြောင်းအရာကိုပါ
ထည့်သွင်းရိုက်ကူး သွားမယ်လို့လည်းသိရတာကြောင့်..”ဒီးဒီရဲ့ သီချင်းနဲ့ ဝိဇ္ဇာကာတွန်းကို ပေါင်းပြီးရိုက်မှာ။ သီချင်းအကြောင်းအရာနဲ့ ကာတွန်းကိုပေါင်းပြီးလုပ်လို့ရတဲ့အတွက် လုပ်ဖြစ် တာပါ။ နာမည်ကိုလည်း ‘လာမချုပ် နဲ့’လို့ပဲ ပေးထားတယ်။ ကျော်ရဲအောင်၊ စိုးမြတ် သူဇာ၊စန္ဒီမြင့်လွင်တို့နဲ့ ရိုက်မှာပါ”လို့ ပြောပြခဲ့ပါတယ်။ ဆင်ဆာ လွတ်လပ်ခွင့်တွေ ရနေပြီ ဆိုပေမယ့် ယဉ်ကျေးမှုအရရော၊ မိသားစုပါ ကြည့်နိုင်မယ့် အင်တာတိန်းမန့်မျိုးကိုပဲ ဖန်တီးရိုက်ကူးဖြစ်နေကြောင်း ဒါရိုက်တာ ကျော်ဇောလင်းကပြောပါတယ်။

POPULAR MYANMAR မှ သိသမျှ ။

No comments:

Post a Comment