Saturday, 15 December 2012
Samsung Galaxy S4
၂၀၁၃ ဖေဖော်ဝါရီမှ ထုတ်ဖော်ပြသမယ်လို့ရော၊ မေလမှာ ရောင်းချမယ့် လို့ရော rumor ကတော့ တော်တော်ထွက်နေပါပြီ။ ဘယ်လို ဒီဇိုင်းနဲ့ ထွက်မယ် ဆိုတာကအစ သူ့နည်းသူ့ဟန်နဲ့ ခန့်မှန်းနေကြပြီ ဖြစ်ပါတယ်။ ပုံမှာ ဖော်ပြချက်ကလည်း Samsung မှ အတည်ပြုထားချက် မဟုတ်သေး ပါဘူး။ သို့ပေမယ့် အနီးစပ်ဆုံး အနေအထားမှာ ရှိတယ်လို့ ဆိုကြပါတယ်။
ကင်မရာ 13 megapixel အထိ resolution မြင့်ပြီး ရှေ့ မှာလည်း 1.9 MP ရှိမှာ ဖြစ်ပါတယ်။ မျက်နှာပြင်ကလည်း ၅ လက်မရှိပြီး 1080p HD resolution ကိုသုံးမှာ ဖြစ်ပါတယ်။ AMOLED screens အမျိုးအစား ပဲ ဖြစ် ပါတယ်။
Cortex A15 Exynos 5450 chipset ကိုသုံးပြီး quad core processor ပါဝင်မှာ လို့လည် ဆိုပါတယ်။ Storage ကတော့ 2GB RAM ရှိပြီး External ကတော့ ထုံးစံအတိုင်း 64 GB အထိ
ရမှာ ဖြစ်ပါတယ်။ ဘက်ထရီကောင်းပြီး ဝိတ်လည်း ထပ်လျော့ထားတယ်လို့ ဆိုပါတယ်။
လက်ရှိ LG, HTC, Sony, iPhone တို့အားလုံးကိ ကျော်လွန်လို့ ၂၀၁၃ အတွက် အကောင်းဆုံး စမတ်ဖုန်း အဖြစ် နေရာယူအုံးမယ်လို့ ယုံကြည်နေကြပါတယ်။ အနီးစပ်ဆုံး အဖြစ် ၂၀၁၃ ဖေဖော်ဝါရီလ နိုင်ငံ တကာ မိုဘိုင်းပြပွဲမှာ ဝင်ရောက် မိတ်ဆက်ပြသ ဖွယ်ရှိကြောင်း သိရပါတယ်။
Aung Kham (TSJ team) မှ သိသမျှ ။
Subscribe to:
Post Comments (Atom)

No comments:
Post a Comment