“စားရေရိက္ခာပေါများပြီး ကြီးကျယ် မြင့်မြတ်သော မြန်မာနိုင်ငံ၌ ဘဘအခြေ ချသည်မှာ လွန်စွာကံကောင်းပေစွ၊ ဤနိုင်ငံ၌ ကျွန်တော်သည် ဘ၀သံသရာ ပင်လယ်သမုဒ္ဒရာကိုဖြတ်ကူးရာဖြတ်ကူး ကြောင်းဖြစ်သော ရတနာသုံးပါးကို ရရှိ ပေသည်။ သုဝဏ္ဏဘုမ်္မိ (ဤရွှေနိုင်ငံတွင်) အဖိုးတိုက်တန်သည့် ရွှေကိုအမြောက် အမြားရှာဖွေရရှိနိုင်သကဲ့သို့ တန်ဖိုးဖြတ် မရသည့် ဓမ္မရတနာကိုလည်း ရှာဖွေရရှိ ပေသည်။
အကယ်၍သာ ဘဘသည်တခြား နိုင်ငံတစ်ခုသို့ရောက်သွားခဲ့ပါလျှင် ကျွန်တော်တို့သည်ဥစ္စာဓနအမြောက် အမြားကို ရရှိကောင်းရရှိနိုင်မည်ဖြစ်သော် လည်း အဖိုးမဖြတ်နိုင်သော ဓမ္မရတနာ ကို အဘယ်မှာရရှိနိုင်အံ့နည်း။ ရှင်တော် မြတ်ဘုရား၏ ဓမ္မဒေသနာကိုအဘယ်မှာ ရရှိနိုင်ပါမည်နည်း။
ကျွန်ုပ်သည်ဤရွှေမြေ၌ တန်ဖိုး ဖြတ်၍မရသော သီလ၊ သမာဓိ၊ ပညာ တည်းဟူသော ဓမ္မရတနာကိုရရှိခဲ့၍သာ ကျွန်ုပ်၏စိတ်ပိုင်းဆိုင်ရာချွတ်ခြုံကျခြင်း အပြီး သတ်သွားသည်၊ ကျွန်တော်၏ ဘ၀သည်အောင်မြင်မှုရရှိသွားလေသည်။
ရွှေစေတီနိုင်ငံ၌ ၀ိပဿနာပွားများ အားထုတ်နည်းကို ကျွန်တော်သိမြင်ခဲ့ခြင်း ကြောင့်သာ ကျွန်တော်သည်ဓမ္မအမြိုက် ဆေးကို တ၀ကြီးသောက်သုံးရလေသည်။
“ဘဘ-ကျွန်တော်မြန်မာနိုင်ငံ၌ ရှိနေစဉ်အတွင်း ကျွန်တော်ခံစားရသည့် ဓမ်္မအရသာသည် လွန်စွာမြင့်မြတ်ပေစွ၊ တခြားအာရုံများကို ခုံမင်တွယ်တာမှု မှန်သမျှအားလုံးပင်ပျောက်သွားပေသည်။ ထိုအာရုံများသည် ကျွန်တော့်အတွက် အရသာမရှိကြတော့ပေ။ ဓမ္မ၌ရှိသော သန်္တိသုခအာရသာသည်မည်သည့်အရသာ နှင့်မျှမတူ ထို့ကြောင့် ဘဘ၏ကျေးဇူး ကားအတိုင်းမသိကြီးပေစွ”။
ဤသည်တို့ကားအဘိုးဖြစ်သူဘာ ဆရာလာအားမြေးဖြစ်သူဂိုအင်ကာ (ကမ္ဘာနိုင်ငံများမှယောဂီများအခေါ်(ကလျာကာမိတ္တဂုရုကြီးဂိုအင်ကာ)က အဘိုး၏ ကျေးဇူးတရားကို သိမြင်ပြီး ကျေးဇူးဆပ် လိုသော အသိတရားတို့ရင်မှ လျှံတက် ကာ ပီတိသောမနဿဖြင့် ရွတ်ဆိုပူဇော် လိုက်သော ဓမ္မဒိုဟာ-ဓမ္မပူဇာအချို့တည်း။
ဦးဂိုအင်ကာဟူသည်
လွန်ခဲ့သော ၁၃၅ နှစ်ကသမိုင်း အဖြစ်အပျက်တစ်ခုမှာ ၁၈၇၇ ခုနှစ်က ၁၈ နှစ်အရွယ်ရှိတက်ကြွလှုပ်ရှားလျက်ရှိ သော လုလင်တစ်ယောက်သည် အိန်္ဒိယ နိုင်ငံ၊ ဗီကာနေရ်ပြည်နယ်၊ ကျူရုမြို့မှ မရောက်ဘူးသေးသောလွန်စွာခက်ခဲကြမ်း ထမ်းသည့်ခရီးတစ်ခုကို စွန့်စွန့်စားစားခရီး နှင်ခဲ့သည်။ ထိုလုလင်မှာမောင်ဂိုအင်ကာ၏အဘိုးဖြစ်သူသီရိဘာဆာရာလ် လာဂိုအင်ကာ (Shir Basesarlal Goenka) ဖြစ်သည်။ သူသည် မြန်မာနိုင်ငံသို့ မျက်စိသူငယ် ၊ နားသူငယ်ဖြင့်ရောက်ရှိလာပြီး မန္တလေးတွင်အခြေပြုကာပါလာသည့်အထည်များကိုတစ်လမ်းဝင် တစ်လမ်းထွက် ခြေလျင်ခရီး လျှောက်ရင်းလိုက်လံရောင်းချခြင်းဖြင့်ဘ၀ခရီးကြမ်း ကိုဖြတ်သန်းခဲ့ရသည်။
နောင်တွင်အဘိုးဘာဆရာလ်သည့် တဖြည်းဖြည်းနဲ့ လုပ်ငန်းချဲ့တွင်နိုင်ခဲ့ပြီး မန္တလေး၌ဆိုင်ကြီးတစ်ဆိုင်ထိဖွင့်နိုင်ကာအရောင်း အ၀ယ်လုပ်ငန်းများကို သား ၃ ယောက်တို့အား လွှဲအပ်နိုင်သည်အထိတိုးတက်ကြီးပွားလာခဲ့သည်။ မောင်ဂိုအင်ကာသည်အဘိုးဘာဆရာလာ ၏သားကြီးမှ ၁၉၂၄ ခုနှစ်တွင် မွေးဖွားခဲ့သည်။ အဘိုး ဖြစ်သူဘဘဘာဆရာလာသည်မြေးဖြစ် သူအား မြန်မာဘုရင်များအကြောင်း၊ မြန်မာပြည်သူများရိုးသားပုံအကြောင်း ဗန္ဓုလစစ်သူကြီး၏လက်ရုံးရည်နှလုံးရည် ကြီးမြတ်ပုံအကြောင်းတို့ကို အမြဲပြော လေ့ရှိသည်။ တစ်ခါသော် အင်္ဂလိပ်တို့က မဟာဗန္ဓုလကို ဥပါယ်တမျဉ်ဖြင့် ကျဆုံး အောင်လုပ်လိုက်ကြပုံ ၊ မြန်မာပြည် သူတို့ယူကြုံးမရဖြစ်ခဲ့ရပုံ၊ မဟာဗန္ဓုလ၏ စွမ်းရည်သတ်္တိကြီးပုံတို့ကို ထုတ်ဖော်ချီးကျူး လေ့ရှိသည်။ ဤသို့ဖြင့် မောင်ဂိုအင်ကာ သည် ဘဘဘာဆရာလ်ထံမှ ကြားသိခဲ့ ရသည့် စစ်သူကြီးမဟာဗန္ဓုလကိုပင် အကြောင်းပြု၍ လေးစားဂုဏ်ပြုသော အားဖြင့် “ဗန္ဓုလ” ဟူသော အမည်ကိုယူကာ ကုန်သွယ်ရေးလုပ်ငန်းကို ဦးစီးဦးဆောင် လုပ်ခဲ့သည်။ ဒုတိယကမ္ဘာစစ်လွန်ကာလများ အတွင်း “ဗန္ဓုလကုမ္ပဏီ”(ဗန္ဓုလအင်တာနေရှင်နယ်)၊ “ဗန္ဓုလစောင်” စသည်ဖြင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာကပါ အသိအမှတ်ပြုလေးစားခဲ့ရ သည့် အောင်မြင်ကျော်ကြားသော ကုမ္ပဏီပိုင်ရှင်သူဌေးကြီးတစ်ဦးဖြစ်လာခဲ့ သည်။
ဓမ္မနှင့် တွေ့ခြင်း
ငယ်ငယ်ရွယ်ရွယ် နှင့် အောင်မြင်သည့် စီးပွားရေးလုပ်ရှင်တစ်ဦးဖြစ်လာသော ဟိန္ဒူဘာသာဝင် ဂိုအင်ကာသည်ဗုဒ္ဓဓမ္မနှင့် တွေ့ရန် အကြောင်းဖန်လာသည်။ ဖန်လာပုံကား သူ့အသက် ၃၀ ခန့်တွင် လွန်စွာခံရခက် သည့် ခေါင်းကိုက်ဝေဒနာ (ယခုခေတ် အခေါ်မိုင်ဂရင်း) ဟုခေါ်သည့် ဦးယဉ်းခေါင်းခဲ ရောဂါစွဲကပ်ခဲ့သည်။ ခေါင်းကိုက်ပြီဆို လျှင် သေလုမတတ်ခံစားရသည်။ မြန်မာ သမားတော်ကြီးများအပါအ၀င်၊ အမေရိ ကန်၊ အင်္ဂလန်၊ ဂျပန်၊ ဂျာမနီစသည့် ကမ္ဘာအရပ်ရပ်ရှိသမားတော်ကြီးများနှင့် ဒေါ်လာသောင်းသိန်းချီအကုန်ခံကုပါသော် လည်း သက်သာပျောက်ကင်းမှုမရဘဲ၊ နောက်ဆုံးဆေးစွဲဝေဒနာပါထပ်မံဖြစ်ရ မည့်အခြေသို့ဆိုက်ရောက်ခဲ့သည်။ တစ်နေ့တွင် မိတ်ဆွေတစ်ဦးဖြစ်သူဝတ်လုံတော်ရ ဦးချန်ထွန်း၏လမ်းညွှန် မှုဖြင့် ၁၉၅၅ ခုနှစ်တွင် ဆရာကြီးဦးဘခင် ၏ ၀ိပဿနာ ၁၀ ရက်တရားစခန်းကို ၀င်ပြီး ၀ိပဿနာတရားများကို ရှုပွားရာ မှ ရုပ်ခန္ဓာနမ်ခန္ဓာတို့၏ ခနတိုင်း၊ ခနတိုင်း ၌ ဖြစ်မှု၊ ပျက်မှုဖောက်ပြန်မှုအစဉ်ကို လည်းကောင်း၊သုခဝေဒနာဖြစ်စေ၊သုခမမဟုတ်၊ ဒုက္ခမဟုတ် ဝေဒနာဖြစ်စေ ၊ဒုက္ခဝေဒနာ ဖြစ်စေမမြဲသော ၊အမြဲ မရှိသော (အနိစ္စာ) သဘောကိုလည်းကောင်း ကိုယ်တိုင်ရူမြင်ကာထိတွေကာ ဝေဒနာတို့၏ မမြဲသော သဘောကိုအနိစ္စလက္ခဏာတင် ရှုပွားခဲ့ရာမှခံစားရသည့် ဝေဒနာများလည်း သက်သာပျောက်ကင်း ခဲ့ရသည်။ ထိုစဉ်မှစ၍ ဦးဂိုအင်ကာသည် ဓမ္မကိုသိကာ၊ ဓမ္မကိုကျင့်ပြီး၊ အသက်ထက် ဆုံးဓမ္မနှင့် နေတော့မည်ဟုဆုံးဖြတ်၍ စီးပွားရေးလုပ်ငန်းများကို သားတို့အားလွှဲ ပြောင်းပေးကာ ဓမ္မဖြင့် မွေ့လျော်ခဲ့သူဖြစ်သည်။ ဤ သို့ဖြင့် ဦးဂိုအင်ကာသည် ၁၉၆၉ ခုနှစ်ထိ ဆရာကြီးဦးဘခင်၏ ၀ိပဿနာစခန်း၌ ဓမ္မလုပ်သားအဖြစ်လည်းကောင်း၊ ယောဂီ အဖြစ်လည်းကောင်း၊ လက်ထောက်တရား ပြဆရာအဖြစ်လည်းကောင်း(၁၄) နှစ်တိုင်တိုင်အန္တေ၀ါသိကတပည့်ခံကာဝိပဿနာတရားများအားထုတ်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် မိခင်နေမကောင်း၍ အိန်္ဒိယနိုင်ငံသို့ပြန်သွားခဲ့ပြီး၊ အိန်္ဒိယတွင် လည်း ဗုဒ္ဓ၏ဓမ္မများကို မိသားစုဝင်များ ဆွေမျိုးမိတ်သင်္ဂဟများအား ပြသရာမှ နောင်တွင် ဓမ္မကိုကျင့်ကြံအားထုတ်လိုသူ များ တောင်းဆိုမှုကြောင့်လည်းကောင်း၊ ဆရာကြီးဦးဘခင်က ဦးဂိုအင်ကာ၏ တရားပြဆရာတစ်ဦးတွင်ရှိရမည့်ဂုဏ်ရည်ကို သိသောအားဖြင့်လည်းကောင်း၊ တရားပြ ဆရာအဖြစ်ခန့်အပ်တာဝန်ပေးအပ်ခဲ့သည်။ ဤသို့ဖြင့် ဦးဂိုအင်ကာသည်တရားပြဆရာ ကြီးတစ်ယောက်အဖြစ်အိန်္ဒိယမှစ၍ အာရှ၊ ဥရောပ၊ အာဖရိက၊ သြစတြေးလျ နှင့် အမေရိကန်တိုက်ကြီးများရှိ နိုင်ငံပေါင်း ၈၀ ခန့်တွင် ရိပ်သာပေါင်း ၁၈၀ ကျော် ကိုဖွင့်လှစ်ပြီး ဘာသာစကားပေါင်း (၆၀) ဖြင့် ဗုဒ္ဓ၏ဓမ္မဖြစ်သော ၀ိပဿနာတရား တော်များကို ပြသလျက်ရှိနေပြီဖြစ်သည့်အပြင် ဆဋ္ဌသင်္ဂီတိပိဋကသုံးပုံ အုပ်ရေ ၄၀ ပါ အစုံ(၃၀၀၀)စာအုပ်ပေါင်း (၁၂၀၀၀၀) တို့ကိုပုဒ် ၊ ပါဒ် အက္ခရာမယွင်းစေပဲ နိုင်ငံခြားတွင် ရိုက်နိုပ်စေပြီး နိုင်ငံတကာအဆင့်မှီ အခန်းချုပ် ၊ အခိုင်ချုပ် ဖြင့် ပုံနိုပ်ကာ မြန်မာနိုင်ငံတော်ရှိ ရဟန်းသံဃာများ နှင့် ဘာသာရေးအဖွဲ့အစည်းများသို့ လှူဒါန်းခဲ့ပါသည်။ထိုမျှမက အဆိုပါ ပိဋကသုံးပုံကိုပင် ဘာသာ(၇)မျိုးဖြင့် CD ROM များထုတ်ဝေပြီး ကမ္ဘာအနှံအခမဲ့ ဖြန့်ဖြူးခဲ့ရာ ၂၀၀၃ ခုနှစ် ဒေါ်လာဈေးဖြင့် စုစုပေါင်းကုန်ကျငွေ ဒေါ်လာ ၂ သန်းခန့် အကုန်အကျခံလှူဒါန်းခဲ့ပါသည်။ထို့အပြင်ဆရာကြီး ဂိုအင်ကာသည် အန္ဒိယနိုင်ငံအနောက်ပိုင်း မွန်ဘိုင်း(ဘုံဘေ)မြို့တွင် အာရေဗျပင်လယ်ကို မေးတင်လျှက်ရွှေတိဂုံစေတီတော်ပုံတူ ကမ္ဘာ့ဝိပဿနာစေတီတော် (Global Vipassana pagoda)စေတီတော်မြတ်တစ်ဆူကိုလည်း ၂၀၀၉ ခုနှစ်တွင် အောင်မြင်စွာ တည်ဆောက်ပြီးစီး ထီးတော်တင်နိုင်ခဲ့ပြီးဖြစ်ပါသည်။ဂုရုကြီးသည် အဆိုပါစေတီတော်အား တည်ထားရာတွင် မြန်မာနိုင်ငံရှိ ရွှေတိဂုံစေတီတော်မြတ်ကို ဦးခိုက်ပူဇော်သော်အားဖြင့် တစ်ပေ လျှော့၍ ၀ိပဿနာစေတီတော်မြတ်အား ဥာဏ်တော် ၃၂၅ ပေဖြင့် တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစေတီတော်သည် ကမ္ဘာတွင် တည်ဆောက်ပြီးခဲ့သမျှသော လှိုင်ဂူတော်များအနက် အချင်း ပေ (၂၈၀)ကျယ်ဝန်းသည့် ကမ္ဘာ့အကြီးဆုံးသော ဂူဘုရားကြီးတစ်ဆူလဲဖြစ်သည်။ သံချောင်း နှင့် အင်္ဂတေများလုံးဝမပါပဲ ကျောက်တုံး၊ ကျောက်ခဲများကို ထွင်းထု ချိတ်ဆက် ပြီး ခေတ်မီဗိသုကာ အတတ်ပညာများဖြင့် တည်ဆောက်ထားခြင်းကြောင့် ကမ္ဘာ့အံ့ဖွယ် စေတီတော်ကြီးတစ်ဆူအဖြစ် လျာထားသတ်မှတ်ထားကြောင်းသိရသည်။ အသုံးပြုသည့်အချို့ကျောက်တုံးများမှ တန်ချိန်(၂၀)ခန့် ရှိပြီး စုစုပေါင်း ကျောက်တုံးအလေးချိန် တန်(၂.၅ သန်း) ရှိကြောင်းသိရသည်။ ဂုရုကြီးသည် အဆိုပါစေတီတော်ကြီးအား ကမ္ဘာ့လူသားအားလုံး အေးချမ်းမှု ၊ သဟဇာတဖြစ်မှု ၊ ညီညွတ်မျှတမှု ၊ လောကပါလတရားများ ထွန်းကားပြန့်ပွားစေရန် ပေါင်းကူးပေးမည့် ရည်ရွယ်ချက်ဖြင့် ဤစေတီတော်မြတ်ကို တည်ဆောက်ပေးခြင်းဖြစ်ကြောင်းသိရသည်။ ယခုအခါ အဆိုပါစေတီတော်မြတ်တွင် ကမ္ဘာ့နိုင်ငံအသီးသီးမှ မည်သည့်လူမျိုး ၊ မည်သည့်ဘာသာဝင် ၊ မည်သည့်အယူဝါဒရှိသူဖြစ်စေ ၊ ဗုဒ္ဓဓမ္မကို ကျင့်ကြံပွားများလိုသူများအနေဖြင့် စိတ်အေးချမ်းသာစွာ ဖြင့် တရားဘာဝနာများအားထုတ်နိုင်ကြပြီးဖြစ်၍၊ ဗုဒ္ဓ၏ဓမ္မရေအလျဉ်သည် ဤမြေမဟီ ဧရာဝတီ၊ ချင်းတွင်း၊ စစ်တောင်း၊ သံလွင် မှသည် ဂင်္ဂါ၊ မြစ်ဝါ၊ မစ္စစ္စပီ၊ နှိုင်းမြစ်ထိ ပင် အရှိန်ပြင်းစွာစီးဆင်းနေလေပြီတကား။
ဦးဂိုအင်ကာ မြန်မာပြည်ခရီး
တရားပြဆရာကြီးဦးဂိုအင်ကာသည်၎င်း၏ အဘိုးဖြစ်သူမြန်မာနိုင်ငံတွင် အခြေပြုနေ ထိုင်ခဲ့သည်။ ၁၈၇၇ ခုနှစ်မှစ၍ ၂၀၁၂ ခုနှစ် အထိ ၁၃၅ နှစ် ပြည့်အထိမ်းအမှတ်အဖြစ်လည်းကောင်း၊ မြန်မာပြည်သူများနှစ်သစ်ကူးအခါသမယ တွင် ကိုယ်စိတ်နှစ်ဖြာကျန်းမာကြပါစေ ကြောင်း ဆုတောင်းမေတ္တာပို့ရန်နှင့် တရား ဘာဝနာများကို ပိုမိုကျင့်ကြံအားထုတ်နိုင် ရန်အတွက်လည်းကောင်းယနေ့ဒီဇင်ဘာ ၂၁ ရက်နေ့တွင် မြန်မာ့လေကြောင်းစင်းလုံး ငှားလေယာဉ်ဖြင့် ကမ္ဘာ့နိုင်ငံအသီးသီးမှ ဓမ္မမိတ်ဆွေ ၁၅၀ တို့နှင့် အတူရောက်ရှိ မည်ဖြစ်ပါသည်။ ထို့အပြင် အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ တရုတ်၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ အိန်္ဒိယ၊ နီပေါ၊ သီရိလင်္ကာ၊ ဘင်္ဂလားဒေ့ရှ်၊ အီရန်၊ အစ္စရေး၊ ပိုလန်နိုင်ငံတို့မှ ဓမ္မမိတ် ဆွေယောဂီ ၅၅၀ ခန့်တို့သည်လည်း ဂုရုကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် လိုက်ပါနိုင်ရန်အတွက်သက်ဆိုင်ရာလေကြာင်းလိုင်းအသီးသီးဖြင့် ဒီဇင်ဘာ ၂၁ ရက်နေ့တွင် ရန်ကုန်မြို့သို့ ရောက်ရှိကြမည်ဖြစ်သည်။ ထိုသူတို့၏ စားဝတ်နေထိုင်ရေးကိစ္စများကိုလည်း ဆရာကြီးဂိုအင်ကာ (ဂုရုကြီး)၏ သားဖြစ် သူဗန္ဓုလဦးရွှေက စီစဉ်ဆောင်ရွက်ထား ရှိကြောင်း သတင်းရရှိသည်။
မြန်မာပြည်တွင်း အစီအစဉ်
ဂုရှကြီးဂိုအင်ကာသည် ဒီဇင်ဘာ ၂၁ ရက်မှ ၃၀ ရက်ထိမြန်မာပြည်ခရီးစဉ် အတွင်း ဒီဇင်ဘာ ၂၂ ရက်နေ့ နံနက် စောစောတွင် ရွှေတိဂုံရင်ပြင်တော်၊ ရာဟု ဒေါင့်အောင်မြေ၌ စုပေါင်းတရားထိုင်မည်။ တရားထိုင်အပြီး မြန်မာနိုင်ငံတော်မှ သံဃာတော်အရှင်သူမြတ် ၁၃၅ ပါးတို့ အား ဗန္ဓုလဦးရွှေ၏နေအိမ်၌ ဆွမ်းဆက် ကပ်မည်။ ထိုနေ့ညနေပိုင်းတွင် ဆရာကြီး ဦးဘခင်၏ တရားပြဆရာကြီးအနာဂါမ် ဆရာသက်ကြီး၏ ရိပ်သာသို့နိုင်ငံခြား ယောဂီဓမ္မမိတ်ဆွေများနှင့် အတူသွား ရောက်ပူဇော်ကန်တော့မည်။ ထိုနေ့ည ပိုင်းတွင် အမျိုးသားဇာတ်ရုံ၌ မြန်မာပြည် မှ ယောဂီများ ပြည်ပမှ ယောဂီများအား ၀ိပဿနာဆိုင်ရာဗုဒ္ဓ၏ ဓမ္မဒေသနာများ ကို အင်္ဂလိပ်/မြန်မာနှစ်ဘာသာဖြင့် ဟောကြားမည်။
ဒီဇင်ဘာ ၂၃ ရက်နေ့တွင် အမျိုး သားကဇာတ်ရုံ၌ပင် ဟိန္ဒူဘာသာဝင်များ အား ဟိန္ဒူဘာသာဖြင့် ဓမ္မဒေသနာများ ဟောကြားမည်။
ဒီဇင်ဘာ ၂၃ ရက်မှ ၃၀ ရက်နေ့ ထိ မြန်မာနိုင်ငံတွင် ဖွင့်လှစ်လျက်ရှိသည့် ဓမ္မရိပ်သာ ၁၇ ခုသို့ လှည့်လည်ပြီး၊ တရား ရိပ်သာ ၃ခုကို ထပ်မံဖွင့်လှစ်ရန်ရှိကြောင်း နှင့် ပြည်တွင်းမှ ယောဂီဟောင်းများအနေဖြင့်လည်း ဆရာကြီးခရီးစဉ်တွင်ဝေယျာဝစဓမ္မလုပ်အားပေးအဖြင့်လိုက်ပါနိုင်ကြောင်း သတင်းရရှိသည်။
ဘ၀တုသဗ္ဗမင်္ဂလံ
THE HOT NEWS WEEKLY မှ သိသမျှ ။

No comments:
Post a Comment