Thursday, 3 January 2013

ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ ကို Android ဖုန်းများတွင် အသုံးပြုနိုင်


လက်ရှိနိုင်ငံတွင် ကျင့်သုံးနေသည့် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ၂၀၀၈ ကို Android ဖုန်းများတွင် အလွယ်တကူ အသုံးပြုဖတ်ရှုနိုင်ရန် မြန်မာအင်တာနက်လုပ်ငန်းမှ Andriod mobile app(beta version)ကို ထုတ်လုပ်ဖြန့်ချိလိုက်ပြီဟု သိရသည်။

အမေရိကန် ပြည်ထောင်စု၏ အခြေခံ ဥပဒေကို အများပြည်သူ အလွယ်တကူ သယ်ဆောင် ဖတ်ရှုနိုင်စေရန် mobile app ရေးသား ဖြန့်ဖြူးခြင်းအား အတုယူ၍ နိုင်ငံသားတိုင်း သိထားသင့်သည့် မိမိတို့၏ ကိုယ်ပိုင် အခွင့်အရေးများ၊ ရပိုင်ခွင့်များ၊ လိုက်နာရမည့် စည်းကမ်းများနှင့် ပြည်နယ်/တိုင်းဒေသကြီး အစိုးရအဖွဲ့များ အကြောင်းအပါအ၀င် နိုင်ငံရေး ပါတီများ အကြောင်းတို့ကိုပါ ပြည်သူတို့ အလွယ်တကူ ဖတ်ရှု ရှာဖွေ အသုံးပြုနိုင်ရန်အတွက် ရည်ရွယ်ကာ မြန်မာ့ အင်တာနက်မှ ထိုသို့ဆောင်ရွက်ခြင်း ဖြစ်သည်ဟုထုတ်ပြန်ထားသည်။

၂၀၀၈ ခုနှစ် အခြေခံဥပဒေကို အင်္ဂလိပ်နှင့် မြန်မာနှစ်ဘာသာစလုံးဖြင့်

ဖတ်ရှုနိုင်ကြောင်း ထိုသို့ ဖတ်ရှုနိုင်ရန် http://apps.myanmars.net/ တွင် မည်သူမဆို အခမဲ့ ရယူနိုင်ကြောင်းနှင့် ၂၀၁၃ ခုနှစ် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုကြိုဆိုခြင်းလည်း ဖြစ်သည်ဟု ထပ်မံသိရှိရသည်။


POPULAR MYANMAR NEWS JOURNAL မှ သိသမျှ ။

No comments:

Post a Comment