Thursday, 3 January 2013

တစ်ကိုယ်တော် ရှိုးပွဲလုပ်ရန် အစီအစဉ်ရှိသည်ဟု စိုးသူပြောကြား


စက်တင်ဘာလ ၂၃ ရက်တွင် ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာသော အကယ်ဒမီ စိုးသူက တစ်ကိုယ်တော်ရှိုးပွဲ ပြုလုပ်ရန် အစီအစဉ် ရှိသည်ဟုမြန်မာ့ခေတ်အား ပြောကြားသည်။

ပြည်တွင်းမှ နှစ်ပေါင်းကြာရှည်စွာ အမေရိကသို့ ထွက်ခွါသွားသော အကယ်ဒမီ စိုးသူသည် မိခင်ဖြစ်သူ၏ ကျန်းမာရေး အခြေအနေကြောင့်
ပြည်တွင်းသို့ ပြန်လည်ရောက်ရှိလာကြောင်း သိရပြီး အနုပညာလောက တွင်းသို့ ပြန်လည်ဝင်ရောက်လာတော့ မည်ဖြစ်ကြောင်း သိရသည်။

“ရုပ်ရှင်ရိုက်ဖို့ ပြောထားတာတွေရှိတယ်။ လောလောလတ်လတ်ဒီမှာ ရှိတုန်း
ကြေညာလေးတွေနဲ့ သီချင်း တစ်ပုဒ်စနှစ်ပုဒ် စဆိုဖြစ်သွားဖို့ အစီအစဉ် ရှိတယ်။ တစ်ကိုယ်တော်ရှိုးကို အခုတစ်ခေါက်မှာ လုပ်ဖြစ်ရင်လည်း လုပ်ဖြစ် မယ်။ မလုပ်ဖြစ်ရင် နောက်တစ်ခါ ပြည်တွင်းကို ပြန်လာပြီး လုပ်ဖြစ်မယ်” ဟု စိုးသူက ပြောကြားသည်။

မိခင်ကျန်းမာရေး နှင့်ပတ်သက်၍ “မူလက မှန်းထားတာက မေမေ့ရဲ့ ကျန်း မာရေးအခြေအနေလေး တည်တည်ငြိမ်ငြိမ် ဖြစ် ရင် အိမ်မှာပြန်ပြီး ဂရုစိုက်ဖို့ စီစဉ်ထားတယ်။ အခုလောလောဆယ် အနေအထားအရ ဆေးရုံပေါ်မှာ ဒီလို သက်တောင့် သက် သာ နေရတာ အဆင်ပြေဆုံးဖြစ်နေတော့ ဒါနဲ့ပဲ မျှော်မှန်း ထားတဲ့ရက်ထက် ကြာသွားတယ်။ မေမေ့ရဲ့ ကျန်းမာရေး

ဒီထက်ပိုပြီး တိုး တက်လာမှပဲ အိမ်မှာ သက်တောင့်သက်သာလေးထားမှာပါ။ ဒီထက်ဆိုးလာ ရင် ဒီမှာဘဲဆက်ထားမှာပါ” ဟု ပြောကြားသည်။

“အချိန်အကြာကြီး နေရာအဝေးကြီးမှာ သွားနေပြီး အခုလို ပြန်လာတဲ့အခါ ချစ်ချစ်ခင်ခင် ကြိုဆိုတဲ့အတွက် အရမ်းလည်း ဝမ်းသာတယ်။ဒါ့ကြောင့် အနု ပညာ တာဝန်ပိုကြီး သွားသလိုခံစားရပါတယ်။ငါတို့ အနုပညာအတွက်
ကျေးဇူးဆပ်ရအုံး မယ်”ဟု ပရိတ်သတ်အား စကားလက်ဆောင် ပြောကြား ခဲ့သည်။

RAIN MASTER FACE BOOK မှ သိသမျ ။

No comments:

Post a Comment