Wednesday, 6 February 2013
Asia Model ဆုရှင် ထွန်းကိုကိုနဲ့ အတွေ့အကြုံချင်း ဖလှယ်မယ့်နန်းခင်ဇေယျာ
နန်းခင်ဇေယျာက Asia ကနေဆုတွေယူ ပြီးပြန်လာတဲ့ ထွန်းကိုကိုနဲ့အတူ ဇန်နဝါရီ ၂၉ ရက်နေ့က Aroma Zulu Studio မှာ ဓာတ်ပုံရိုက်ခဲ့ပါတယ်။ " ပရဟိတတွေ အမြဲတမ်းလုပ် ဖြစ်နေတဲ့ နန်းခင်ဇေယျာကို နောက်ပိုင်းမှာ ထွန်းကိုကိုနဲ့ ပရဟိတလုပ်ငန်းတွေ အတူတူလုပ် ဖြစ်သွားမလားဆိုတာ ကိုတော့.. " ဘယ်လောက်ပဲချမ်းသာ၊ ဘယ်လောက်ပဲဆင်းရဲပါစေ ပရဟိတလုပ်ငန်းဆို တာလိုအပ်ပါတယ်။ အခုလိုမျိုး international ပွဲ တွေမှာပြိုင်တဲ့လူဆိုရင်တအားကို လိုအပ်ပါတယ်။ အခု ညီမလုပ်နေတဲ့ပရဟိတလုပ်ငန်းတွေတောင် နိုင်ငံခြားမှာလုပ်နေတဲ့ ပရဟိတလုပ်ငန်းတွေကို လုံးဝမမီသေးပါဘူး" လို့ ပြောပါတယ်။
"ထွန်းကိုကိုက အီတလီမှာ ပြိုင်မယ်ဆိုတာလည်း ကြားသိရတဲ့အခါကျတော့ လူတစ်ယောက်ကတစ်နိုင်ငံနဲ့ တစ် နိုင်ငံပွဲပြိုင်ရတာချင်းမတူဘူး။ အစ်မတုန်းက တစ်လအချိန်ရတယ်။ ထွန်းကိုကို တစ်ပတ်လောက်ပဲကြာတယ်။ လူတစ်ယောက်ကတစ်လအတွေ့ အကြုံနဲ့တစ်ပတ်အတွေ့အကြုံမတူဘူး ဆိုတော့ ထွန်းကိုကိုနဲ့ အတွေ့အကြုံချင်း ဖလှယ်ဖို့ဆန္ဒရှိတယ်။
သူ့ကိုဖလှယ်မယ့် အပြင် နန်းခင်ဇေယျာ ကိုယ်တိုင်
ကလည်း တချို့ဖြစ်ချင်တဲ့ ကောင်လေးတွေ၊ ကောင်မလေးတွေ အားလုံးကို ပြောပြချင်တယ်။ အဓိကကတော့ နယ်မှာ
ဟောပြောရေးတွေလုပ် တယ်။ နန်းခင်ရလာတဲ့အတွေ့ အကြုံတွေ၊ အခက်အခဲ တွေကို ပြောပြဖြစ်ခဲ့ တယ်"လို့ဆိုပါတယ်။ နန်းခင်ဇေယျာက အခုလတ်တလောမှာ တော့ ကြော်ငြာရိုက်တာတွေနဲ့ ခရီးသွားလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေလုပ်ဖြစ်နေပြီး ဦးကျော်သူ နဲ့ရိုက်မယ့် Documentary ပုံစံ ပရဟိတဇာတ်ကားလည်းလက်ခံထားကြောင်းပြောပါတယ်။
ယွန်းလင်္ကာ
popular journal face book မှ သိသမျှ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment