“အချစ်ကျောင်းသူ၊ အချစ်မရှိ နေ့ရက်များ၊ မှားပြန်တယ်၊ ပထမ ခြေလှမ်း “စတာတွေ အပြင် သီချင်း ကောင်းပေါင်း မြောက်မြားစွာကို သီဆိုခဲ့သူ တေးသံရှင် တင်ဇာမော် က အင်္ဂလန်မှာ နေထိုင်ခဲ့တာ ၆နှစ် ဝန်းကျင် ရှိပြီဖြစ်ပေမယ့်လည်း မြန်မာပြည်ကို တစ်နှစ် ၂ ခေါက် ပုံမှန်လို ပြန်ဖြစ်ပြီး ရှိုးပွဲများ သီဆို ဖျော်ဖြေခဲ့ပါတယ်။ ၂ဝ၁၂ ခုနှစ် ထဲမှာ လည်း ပြန်လာခဲ့ပြီး ထွန်းအိန္ဒြာဗိုတို့ နဲ့အတူ 4 Flavour Show ပွဲကို ပြုလုပ်နိုင်ခဲ့တဲ့ တင်ဇာမော်က အခု ၂ဝ၁၃ ဖေဖော်ဝါရီ မှာတော့ ချစ်သူ များနေ့ အကြို အဖြစ်နဲ့ စုံတွဲ သီချင်းများနဲ့ ဖျော်ဖြေမယ့် တင်ဇာမော် +? Duet Tour 2013 ဖျော် ဖြေပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ပြုလုပ်တော့မှာ ဖြစ်ပါတယ်။ ဖျော်ဖြေပွဲပြုလုပ် မယ့် အကြောင်း စာနယ်ဇင်းပွဲ ပြုလုပ်စဉ်မှာ တင်ဇာ မော်နဲ့ ပြောဖြစ်တဲ့ အကြောင်းတွေကတော့ စုံတွဲ သီချင်းတွေ အကြောင်း၊ တင်ဇာ မော် တို့စတင်ခဲ့တဲ့ ၉၄၊ ၉၅ ၊၉၆ ဝန်းကျင် က ဂီတလောက အခြေအနေနဲ့ သူ့ ဘဝအကြောင်း တစ်စိတ် တစ်ဒေသ ပါဝင်ပါတယ်။
မေး-
အခု ဒီရှိုးပွဲမှာ ဆိုရင် ၉၅ ဝန်း ကျင်လောက်က စုံတွဲသီချင်းတွေ လည်း
ပြန်ဆိုဖြစ်မယ် ဆိုတော့ အဲဒီတုန်းက လူတွေကော ပြန်ပါဦးမလား။ ဒီပွဲအတွက်
ကိုကော ဘယ်လောက် အထိ မျှော်လင့်ထားလဲ။
ကျွန်မ
ဆိုခဲ့တဲ့ စုံတွဲသီချင်းတွေ လည်း အများကြီးရှိတော့ Duet Show လုပ်မယ်
ဆိုပြီး စီစဉ်ဖြစ်တာ။ ကျွန်မက အနုပညာရှင် အဆိုတော် တစ်ဦးဖြစ်တယ်။
ကျွန်မကို အားပေး တဲ့ ပရိသတ်တွေ အနည်းနဲ့ အများ ရှိ မယ်။ အတိအကျ
မသိနိုင်ဘူး။ ဒါ ပေမဲ့ ပြင်ဆင် ထားတာကတော့ ပရိသတ် တစ်ယောက်တည်း ဆိုရင် လည်း
ကျွန်မက အစွမ်းကုန် ဖျော်ဖြေဖို့ စိတ်ကူးရှိတယ်။ တစ်ယောက်ရှိရင် တစ်
ယောက်အတွက် အကောင်းဆုံး ဖျော် ဖြေမယ်။ နှစ်ယောက်ဆို နှစ်ယောက် အတွက်
ဆိုမယ်။ သုံးယောက် ဆို သုံးယောက် အတွက် ဆိုမယ်။ ၃ဝ ဆို ၃ဝအတွက်၊ ၃ဝဝ ဆို
၃ဝဝ အတွက် ဆိုမယ်။ ၃ဝဝဝ ဆို ၃ဝဝဝ အတွက် ဆိုမယ်။ ကျွန်မ လောဘ မကြီးပါဘူး။
ဒါပေမဲ့ အနုပညာ မှာတော့ ကျွန်မ လောဘ ကြီးပါတယ်။ အဲဒီတော့ အနုပညာ
ပိုင်းမှာတော့ အကောင်းဆုံး ဖျော်ဖြေဖို့ မျှော်လင့်ထားပါတယ်။ အရင်က လူတွေ
လည်း ပြန်ပါ မှာဖြစ်သလို အကြောင်း အမျိုးမျိုးကြောင့်
မဆိုနိုင်
တဲ့သူတွေရှိရင် လိုက်ဖက်မယ့် အဆိုတော်နဲ့ ရွေးချယ် သီဆိုမှာပါ။
မေး-
၁၉၉၅၊ ၉၆ ဝန်း ကျင်မှာ ဆိုရင် စုံတွဲသီချင်းတွေက တအားကို အောင်မြင်တဲ့
သီချင်းတွေ၊ စီးရီးတွေ ဖြစ်ခဲ့တယ်။ အခုဒီဘက် နှစ်အပိုင်း အခြားတွေမှာ
အဲဒီလို စုံတွဲ သီချင်းတွေ လည်း ရှားသွားပြီ။ ပြီးတော့ အစ်မ တို့တုန်းကလို
ကိုယ့် အစုလေးနဲ့ကိုယ် စုံတွဲလိုက် ထွက်လာတာမျိုးလည်း သိပ်မတွေ့တော့ဘူး။
အစ်မတို့တုန်း ကဆိုရင် တင်ဇာမော်၊ မဒီ၊ ဘိုဘို၊ ထွဏ်းထွဏ်း စသဖြင့် အဲဒီလို
အစု လိုက်လေးတွေနဲ့ စီးရီး တွေထွက်ကြ တယ်။ ခုနောက်ပိုင်းမှာ အဲဒီလို အတွဲ
ခွေထွက်တယ် ဆိုပေမယ့် တစ်သမတ် တည်း အစုလေးနဲ့ မဟုတ်တော့ဘူး။ အားလုံးပဲ
စုဆိုကြ တာတွေ များတယ်။ အဲဒီအပေါ်မှာကော ဘယ်လိုမြင်လဲ။
ခေတ်ကတော့
ပြောရခက် တယ်။ ထွက်လိုက်လို့ အောင်မြင်ရင် လည်း အောင်မြင် သွားနိုင်တယ်။
ဒါပေမဲ့ မလုပ်ဖြစ်တာ မျိုးလည်း ရှိရင် ရှိနေမယ်။ ခေတ်ရဲ့ အခြေအနေ နဲ့
အကြောင်းအရာ၊ အကျိုး အကြောင်း တိုက်ဆိုင်မှုတွေနဲ့ ဆိုင်တယ်လို့ ထင်တယ်။
စိတ်ကူးနဲ့ လုပ်လိုက်တဲ့ အလုပ် တစ်ခုက တစ်တိုင်းပြည်လုံးပေါက် ရင်လည်း
ပေါက် သွားတာပဲ။ ဒါပေမဲ့ အဲဒီလိုမျိုး လုပ်ထားတဲ့ အခွေမျိုးတွေ က ထွက်ဖို့
လုပ်ပြီး မထွက်နိုင်တာမျိုး တွေလည်း တွေ့ရတယ်။ အဲဒီလို ထွက်နိုင်ဖို့ကို
အခြေအနေ မပေးသေး ဘူးထင်တယ်။ ပြီးတော့ အတွဲခွေ တွေ များလာတယ် ဆိုတာက
အဆိုတော်တွေ အနေ နဲ့ တစ်ယောက်တည်း အခွေ ထွက်သင့်သလို တစ်ယောက်တည်းလဲ ရှိုး
ဆိုသင့် တယ်။ ဒါပေမဲ့ ကျွန်မတို့ တိုင်းပြည်ရဲ့ အခြေ အနေအ
မျိုးမျိုးကြောင့် ၅ ယောက်တို့၊ ၁ဝ ယောက်တို့ သွားနေကြရတယ်။ အများအားကို
ယူပြီး လုပ်နေရတဲ့ သဘောပေါ့။ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေး အခြေအနေရော၊
လူနေမှု သိပ်သည်းမှု အပေါ်မှာရော အားလုံး မူတည်တယ် လို့ထင်တယ်။ အခွေကိစ္စမှာ
ဆိုလည်း ရောင်းရတဲ့ အခြေအနေ၊ ခိုးကူးခံရ တဲ့ အခြေအနေတွေကြောင့်
အဲဒါတွေက Effect ဖြစ်တာပဲ။ တစ်ခု တည်းတော့ ပြောလို့မရဘူး။ ခွေထွက်တဲ့
သူတွေကလည်းခွေ ထွက် ရမယ်။ ဒါပေမဲ့ တစ်ယောက်တည်း ကို ၁ဝခွေတော့
မထွက်တော့ဘူး။ တစ်ခွေ လုပ်မယ်။ ၁ဝ ယောက် ပါမယ်။ ပရိသတ်ကလည်း တစ်ခွေ ဝယ်မယ်၊
၁ဝ ယောက်လုံးကို နားထောင်လို့ ရမယ်။ ရှိုးလည်း အဲဒီလိုပဲ။ လက်မှတ်တစ်စောင်
ဝယ်တယ်။ ၁ဝ ယောက်လုံးကို ကြည့်ရမယ်။ အဲဒီလိုပေါ့။ ကျွန်မတို့ အားလုံးရဲ့
စီးပွားရေးတွေ၊ လူမှုရေး တွေ အခြေအနေ အားလုံးနဲ့ ဆိုင်တယ်။ ကျွန်မတို့
အားလုံးမှာ အပြစ်ရှိတယ်။
မေး-
မတင်ဇာ အနေနဲ့ ပြည်ပမှာ လည်း နေထိုင်ခဲ့တာ ၆ နှစ်နီး ပါး ရှိပြီ ဆိုတော့
ဟိုမှာနေတဲ့ တင်ဇာမော်ရဲ့ဘဝက ဘယ်လို လဲ၊ မြန်မာပြည်ကို ရောက်တဲ့ Celebrity
တစ်ယောက် ရဲ့ဘဝ ကကော ဘယ်လိုလဲ။ အဲဒီ နှစ်ခုမှာ အခု ဘယ်ဘဝကို ပိုပြီး
ပျော်ဝင်လဲ။
ဟိုမှာကတော့
သာမန် လူတန်းစားဘဝပါပဲ။ ဒီမှာကတော့ ပြည်သူ ချစ်တဲ့ အနုပညာရှင်ပေါ့။ ကျွန်မ
ဝါသနာပါတဲ့ သီချင်းတွေ ဆိုနေတဲ့ အဆိုတော် တစ်ယောက်ပေါ့။ ဟိုမှာ နေတာကတော့
ကျွန်မကို ဘယ်သူမှ မသိဘူး။ အပြင်ထွက်ရင်လည်း ဒီ အတိုင်းပဲ။ အမြဲတမ်း
ကျွန်မမျက်နှာမှာ မိတ်ကပ် မရှိဘူး။ သာမန်လူ တစ်ယောက် အနေ နဲ့ပဲ။ ပြောရရင်
လွတ် လွတ် လပ်လပ်တော့ နေရတယ်။ ကိုယ့်အတွေးနဲ့ကိုယ် စိတ်ညစ်နေတဲ့
အခိုက်အတန့် ရှိရင်လည်း ကိုယ့် ဘာသာကိုယ် စဉ်းစားပြီးနေလို့ ရတယ်။ ဒီမှာ
ကျတော့ အများနဲ့နေရ တာဆိုတော့ ထိုင်နေရင်းနဲ့ တစ်ခုခု တွေးလိုက်လို့
စိတ်မကောင်းစရာ တွေးမိလို့ မျက်နှာ တည်သွားရင် တောင်မှ ကိုယ့်ဘေးက လူက သူက
မာနကြီးတယ်၊ ငါ့ကို စကားမပြောဘူး ထင်ကြတယ်။ ကိုယ့်စိတ်ထဲမှာ ဘာ ဖြစ်နေတယ်သူ
မသိဘူးလေ။ အဲဒီလိုမျိုးတွေတော့ ကွာတာပေါ့။ ကျွန်မ ကတော့ ဘဝနှစ်ခုလုံး ကို
ကျေနပ်တယ်။ ပျော်တယ်။ ဒါကြောင့် ဘဝ နှစ်ခုမှာ ဟိုဘက်ပြေးလိုက်၊ ဒီဘက်
ပြေးလိုက် နေနေတာပေါ့။ ဟိုဘက် ဘဝကို ရင်မဆိုင်နိုင်တဲ့သူ ကတော့
ပြန်လာမှာပဲ။ ကျွန်မ အနေနဲ့တော့ Celebrity ဖြစ်တယ်။ ကျေနပ်တယ်။
ဘာဖြစ်လို့လဲ ဆိုတော့အောင်မြင်ပြီး လူတွေက ကြိုက်တာကို ဂုဏ်ယူနေတာ
မဟုတ်ဘူး။ ကျွန်မရဲ့ ကြိုက်လို့ ဆိုနေ တဲ့ အနုပညာကို ပရိသတ်တွေက
ကျွန်မနဲ့အတူ လိုက်ပါ စီးမြောပေး ကြလို့ပျော်တာ။ ကျွန်မရဲ့ Celebrity
ပေါ်မှာ ခံစားချက်က အဲဒါပါ။
မေး-
တင်ဇာမော် အနေနဲ့ ဆိုခဲ့တဲ့ သီချင်းတွေက အခုထိကို နားထောင်လို့
မရိုးနိုင်သေးဘူး။ ဒီဘက်ခေတ် မှာ လူငယ် တေးသံရှင်တွေလည်း ပြန်ဆိုကြတယ်။
ဒီလို သီချင်းကောင်း တွေများစွာ သီဆိုခဲ့တဲ့ တင်ဇာမော် အနေနဲ့
သီချင်းကောင်း တစ်ပုဒ်ရဲ့ အင်္ဂါရပ်ကို အဓိပ္ပာယ် ဖွင့်ပေးပါဦး။ ပြီးတော့
အဆိုပြိုင်ပွဲတွေမှာ ဝင် ရောက် ယှဉ်ပြိုင် ကြတဲ့ တင်ဇာမော် ရဲ့သီချင်းတွေ
အတွက်လည်း အကြံ ပေးပါဦး။
သီချင်းကောင်း
တစ်ပုဒ်က သူ့မှာ စာသားရော၊ သံစဉ်ရောနဲ့ ဆိုင်တယ်။ သံစဉ်နဲ့ လိုက်တဲ့
အဓိပ္ပာယ်ရှိတဲ့ စာသားမျိုးဖြစ်ရမယ်။ စာသားနဲ့ လိုက်ဖက်တဲ့ သံစဉ် လည်း
ဖြစ်ရမယ်။ အဲဒီနှစ်ခု ပေါင်းစည်းပြီးသွားရင် တင်ဆက်မယ့် အသံပိုင်ရှင် အဆို
တော်ရဲ့ ခံစားချက် မု(ဒ်)တွေ၊ ကာလာတွေ အားလုံး ကလည်း ပေါင်းစည်းမှု ရှိရမယ်။
တစ်ခါ သူ့ကို ထောက်ပံ့ပေးမယ့် မြူးဇစ် ကလည်း ပေါင်းစည်းမှု ရှိရမယ်။ အဲဒီ
အချက်တွေ အားလုံးပေါင်းမှ ဖြစ်တာ ဖြစ်တယ်။ အဲဒီ အချက်တွေ အားလုံး
စုံနိုင်ပြီး သီချင်း ကောင်းဖြစ် လာဖို့ကလည်း ရှားပါတယ်။ ဒါကြောင့်လည်း
အခွေတစ်ခွေ ထွက်တယ် ဆိုရင်တစ်ခွေလုံး ပေါက် တာရှားပြီး ပရိသတ် ရင်ကိုထိတာ ၂
ပုဒ်၊ ၃ ပုဒ်ထက် မပိုတာ များတယ်။ ဒါက တစ်ကမ္ဘာလုံး လိုလိုပါပဲ။ အများဆုံး ၎
ပုဒ်လောက် အထိပဲ။ အဲဒါမျိုးတွေတော့ ရှိတယ်။ ပြီးတော့ ကျွန်မ သီချင်းတွေကို
မျိုးဆက် သစ် တေးသံ ရှင်တွေပြန်ဆိုတယ်။ သဘော ကျတယ်။ နောက်ထပ် အငယ်တွေ လည်း
အဆို ပြိုင်ပွဲတွေမှာ ဆိုတယ်။ အောင်မြင်ကြတယ်။ ကျွန်မ ကိုယ်တိုင် လည်း
အဆို ပြိုင်ပွဲက နေအောင်မြင် လာတာဖြစ်တယ်။ Jennifer Rush ရဲ့ Power of
Love သီချင်းကို ဆိုခဲ့ တယ်။ သူ့သီချင်းကို ကျွန်မ ကြိုက် လို့ဆိုခဲ့တာ။
ကျွန်မ သီချင်း ကိုကြိုက်လို့ ဆိုတဲ့ လူငယ်တွေကို လေးစားတယ်။
ကျေးဇူးတင်တယ်။ အဲဒီမှာ နှစ်မျိုးနှစ်စားရှိ တယ်။ Look Like နဲ့ ကိုယ့်ရဲ့
တီထွင် ဖန်တီးမှုနဲ့ လုပ်မယ် ဆိုတာ နှစ်မျိုး ရှိတယ်။ Look Like ဆိုတာ
ကမ္ဘာပေါ်မှာလည်း ရှိပါတယ်။ ပရက် စလေနဲ့ တူအောင် ဆိုမယ်ဆိုရင် သူနဲ့ တူအောင်
ဝတ်မယ်၊ သူ့သီချင်း တွေ ဆိုမယ်။ တူအောင် လုပ်နိုင် မယ် ဆိုရင် သူ့ကို
ကြည့်ရတဲ့ အတွက် ပရက်စလေကို ကြည့်ရသလိုပဲ ဖြစ်မယ် ဆိုရင် သူက
ဒုတိယပရက်စလေပဲ။ အဲဒီလိုပဲ ကျွန်မ သီချင်းတွေ ကိုလည်း ကျွန်မနဲ့ တူအောင်
ဆိုတယ်၊ ကျွန်မ ထက်တောင် ပိုကောင်းသွားဦး မယ်ဆို ရင် ကောင်းပါတယ်။နောက်
တစ်ခုက ကိုယ့် အနုပညာနဲ့ ဖောက် ထွက်ချင်တယ် ဆိုရင် Look Like လုပ်စရာ
မလိုပါဘူး။ မု(ဒ်)၊ ကာလာ တွေပြောင်းပြီး လုပ်လို့ ရပါတယ်။ မှန်တယ်၊
မှားတယ်တော့ ပြောလို့ မရပါဘူး။ ကိုယ့်အတွေးနဲ့ ကိုယ် ကိုယ့်ဘာသာ
ကွန့်မြူးပြီး ဆိုမယ် ဆိုလည်း ဆိုပါ။ ဒါဆိုရင်တော့ ပိုအရသာ ရှိတာပေါ့။
အတိအကျ ဖြစ်အောင်ဆိုမှာ ဆိုရင် တော့ ပရိသတ်တွေကို ရသတစ်မျိုး ပေးဖို့
အတွက်လုပ်တာ ဆိုတော့ အကောင်းဆုံး ဖြစ်အောင် လုပ်ပါလို့ ပဲ ပြောချင်ပါတယ်”
ရဲရဲ
popular myanmar.com မှ သိသမျှ ။

No comments:
Post a Comment