Monday, 4 February 2013

ကွေးညွှတ်နိုင်သည့် ဖုန်း display များကို Samsung မိတ်ဆက်


ကိုရီးယား အီလက်ထရွန်နစ် ကုမ္ပဏီကြီးဖြစ်သည့် Samsung သည် ဖန်သားပြင်အစား ပါးလွှာသည့် ပလက်စတစ်ကို အသုံးပြုထားသော YOUM ဟုခေါ်သည့် flexible display ဟန်းဆက်ရှေ့ပြေးပုံစံကို CES ပြပွဲတွင် မိတ်ဆက်ပြသခဲ့သည်။
၎င်းကို ကွေးညွှတ်နိုင်သည့်အပြင် လွတ်ကျသည့်အခါတွင်လည်း ကွဲကြေခြင်းမရှိကြောင်း Samsung ကုမ္ပဏီက ပြောကြားခဲ့သည်။
အဆိုပါ ကွေးညွှတ်နိုင်သည့် display သည် အသုံးပြုသူများ၏ လူနေမှုဘဝပုံစံသစ်ကို ဖြစ်ပေါ်စေပြီး ထုတ်ကုန်နှင့် အသုံးပြုသူအကြား အပြန်အလှန် လုပ်ဆောင်မှုအပေါ် အမှန်တကယ် ပြောင်းလဲစေမည်ဖြစ်ကြောင်း၊ ထို့အပြင် ကုမ္ပဏီ၏ လက်တွဲဖော် ကုမ္ပဏီများကိုလည်း ထုတ်ကုန်သစ်များ ဖန်တီးစေနိုင်မည်ဖြစ်ကြောင်း Samsung Display မှ
စီနီယာ ဒုဥက္ကဋ္ဌဖြစ်သူ ဘရိုင်ယန်ဘာကီလေက ပြောကြားခဲ့သည်။
ကွေးညွှတ်နိုင်သည့် display ၏ အခြားအသေးစိတ် အချက်အလက်များကို ဖေဖော်ဝါရီလတွင် ဘာစီလိုနာမြို့၌ ကျင်းပမည့် Mobile World Congress ပြပွဲတွင် Samsungက ထပ်မံကြေညာဖွယ်ရှိသည်။

 မြန်မာသတင်းရပ်ဝန်း မှ သိသမျှ ။

No comments:

Post a Comment