Sunday, 10 February 2013

အကုန်လုံးပြုပြင်ပြောင်းလဲရမယ့်အချိန်လို့ ဆိုလာတဲ့နေတိုး


MMA ။ ။ အခုလက်ရှိ အနုပညာလှုပ်ရှားမှုလး ပြောပေးပါဦး။

NT ။ ။ အခု ဒါရိုက်တာ ဦးကြည်စိုးထွန်းနဲ့ ပိတောက်တစ္ဆေ
ဆိုတဲ့ ဇာတ်ကားလေးကို လက်ကျန် ရိုက်ပေးနေတာပါ။ အကိုက
ဒီကားမှာ အရမ်းအစွဲအလမ်းကြီးတဲ့ မိန်းမတစ်ယောက်ရဲ့ ခင်ပွန်း
နေရာကပါ။ သူသေဆုံးသွား ပြီးတဲ့ အချိန်ထိ ဒီဝိညာဉ်ရှိနေတဲ့ အိမ်ကြီးထဲမှာပဲ ကြောက်လန့်ပြီး နေရတဲ့ ကာရိုက်တာမျိုးပါ။

MMA ။ ။ အစ်ကို့ အနေနဲ့ လက်ရှိအနုပညာလောကကိုရော ဘယ်လိုမြင်လဲ။

NT ။ ။ ဘယ်လိုမြင်လဲဆို ကျွန်တော်တို့ အခုဆိုရင်
နိုင်င်ငံတကာနဲ့ အဆင့်မီ ထိုးဖောက် နိုင်ဖို့အတွက်ကို ဦးတည်
ပြီးတော့မှ ကြိုးစားရုန်းကန်နေတာ အားတစ်ခုလို့ ပြောရမှာပဲ။

MMA ။ ။ ပွင့်လင်းလာတဲ့ အပေါ်မှာ သရုပ်ဆောင်မှုနဲ့
ပတ်သက်ပြီး အကို့ရဲ့ အမြင်လေးကို ပြောပြပါအုံး။

NT ။ ။ သရုပ်ဆောင်မှုနဲ့ ပတ်သက်ပြီးတော့ ဇာတ်ညွှန်း၊
ဒါရိုက်တာနဲ့ ဒီသရုပ်ဆောင်တွေရဲ့ ကြားထဲမှာ အဓိကတော့ သရုပ်ဆောင်တွေရဲ့ ကြိုးစား အားထုတ်မှုပေါ့။ ဒီသုံးခုက
ခုချိန်မှာ အရင်တုန်းက ဆင်ဆာတွေရှိတဲ့ အချိန်တုန်းကဆို
အနည်းနဲ့အများ ဒီဆင်ဆာကိစ္စကိုပဲ ဦးစားပေးပြီးတော့ ဇာတ်လမ်းတွေကို ရေးကြရတယ်၊ စဉ်းစားရတယ်။ ဝတ်စား
ဆင်ယင်မှု အစပေါ့နော် အကုန်လုံး။ အခုအချိန်ကျတော့
ကျွန်တော်တို့ ဇာတ်လမ်းပုံစံတွေ အကုန်လုံး ခွင့်ပြုလိုက်တဲ့ အနေထားတစ်ခုမှာ ဆင်ဆာနဲ့ပတ်သက်ပြီး

သိပ်ပြီး
မစဉ်းစားတော့ပဲ တကယ့်အပြင်မှာ ဖြစ်ပျက်နေတဲ့
အကြောင်းအရာတွေ၊ ဝတ်စား ဆင်ယင်မှုတွေက အစပေါ့ လွတ်လွတ်လပ်လပ် ရဲရဲတင်းတင်းတွေ ဖြစ်လာကြတာ
တွေ့ရတယ်။ ပြောင်းလဲမှုအစ၊ ကြိုးစားမှု အစပေါ့နော်
ဒီလိုမျိုးတွေမှာ အခက်ခဲတွေ ရှိနေတဲ့ အနေထားတစ်ခုလို့
ပြောလို့ရတယ်။ ဟိုအရင်တုန်းက ကျွန်တော်တို့ မြန်မာကားတွေ
အပေါ်မှာ ကြည့်လာတဲ့ အတွေးတစ်ခုနဲ့ အခုဆင်ဆာ လွတ်ပြီးမှ ကြည့်လာတဲ့ မျက်လုံးတွေနဲ့က အပြောင်းလဲ အရမ်းဖြစ်သွားနိုင်တဲ့ တင်ပြမှုတွေကို နည်းနည်းတော့ ရှောင်သင့်တဲ့ အနေအထား
တစ်ခု ရှိနေတယ်လို့ ပြောရမှာပဲ။ ဒါကတော့ ရိုက်ကူးမှုနဲ့၊
ဆင်ဆာနဲ့၊ ဒီလောကအပေါ်မှာ အမြင်လို့ ပြောရမှာပေါ့။
ဖြေးဖြေးချင်းပေါ့။ ပရိသတ်ဆိုတာလည်း မြန်မာလူမျိုးကို
မြန်မာလို့ပဲ မြင်တာဆိုတော့ ကျွန်တော်တို့ မိမိရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းတဲ့ အနေနဲ့ ခေတ်မှီတဲ့ ပုံစံမျိုးတော့ ကျွန်တော်တို့
လုပ်ရမယ်။ ဒါပေမယ့် ဒီဟာကို မြန်မာမှုပါအောင် တင်ပြနိုင်
မယ်ဆိုရင် ပိုပြီးတော့ တစ်ကမ္ဘာလုံးက ကိုယ့်ရဲ့အနုပညာ
တစ်ခုကို စိတ်ဝင်စားခြင်း ခံရမယ်။ ကိုယ့်လူမျိုးရဲ့ ဂုဏ်သိက္ခာကိုလည်း မြှင့်တင်ရာ ရောက်မှာပေါ့နော်။

MMA ။ ။ အစ်ကို ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပညာရေး
ရန်ပုံငွေပွဲမှာ ပါဝင်လာတဲ့ ရည်ရွယ်ချက်ကို ပြောပြပေးပါအုံး။

NT ။ ။ ရည်ရွယ်ဆိုတာက သူက ပညာရေးအတွက် ရန်ပုံငွေပွဲ
ဆိုတော့ အနုပညာနဲ့ ဖျော်ဖြေပြီးတော့ အလှုလုပ်တာပါပဲ။

MMA ။ ။ ခုဆို ဒေါ်အောင်ဆန်းစုကြည်က အနုပညာရှင်တွေကို အားကိုးလာတဲ့ အပေါ်မှာရော အကိုရဲ့ အမြင်ကို ပြောပါအုံး။

NT ။ ။ ကျွန်တော်အနေနဲ့ ပြောရရင် ဘယ်သူက ဘယ်သူကို
အားကိုးပြီး လုပ်တယ်ဆိုတာထက် စာရင် စုစည်းပြီးတော့ ညီညီ
ညွှတ်ညွှတ်နဲ့ စည်းစည်းရုံးရုံးလုပ်ချင်တဲ့ စိတ်မျိုးဖြစ်မယ် တူပါတယ်။ တစ်ယောက်ကို တစ်ယောက် အားကိုးပြီး၊ ယုံကြည်ပြီးတော့ လုပ်တဲ့ အရာမျိုးက မိမိကိုယ်ကိုလည်း အားမကိုးချင်တဲ့ စိတ်မျိုးဖြစ်သွား
နိုင်ပါတယ် ။ကျွန်တော်တို့လည်း ခုချိန်ထိ ပေါင်းစည်းပြီးတော့၊ စုစုစည်းစည်းနဲ့ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ခုကို အနုပညာရှင်
ဆိုလည်း အနုပညာရှင်တွေရဲ့ သရုပ်ဆောင်နိုင်တဲ့ အင်အားပေါ့၊
နိုင်ငံရေးဆိုလည်း နိုင်ငံရေး ဒီဘက်ကနေ လုပ်ဆောင်နိုင်တဲ့
အင်အားပေါ့။ ဒီဟာတွေ အကုန်လုံး ပေါင်းစည်းပြီးတော့
ကျွန်တော်တို့ လုပ်မှသာလျင် ကိုယ်လိုချင်တဲ့ အရာတစ်ခုပေါ့။ ဥပမာ ပြောရင် ရန်ပုံငွေရှာတဲ့ ပွဲ၊ တစ်ခုခုကို ကူညီထောက်ပံ့မယ့် အရာမျိုးဆိုရင် ငွေအင်အားလိုတယ်ပေါ့နော်။ ပရိသတ်ကိုလည်း အလှုငွေပေးပါအုံးလို့ တောင်းလို့ အရဘူး။ ပရိသတ်ကိုလည်း
ဖျော်ဖြေမှုလေးတွေနဲ့ တင်ဆက်မယ်။ ဒီလိုအကြောင်းအရာတွေရဲ့
အရှေ့မှာ ထိတွေ့ပြီးတော့မှ ပေါ်လွင်အောင် ဖော်ကျူးပြီးတော့မှ
ဒီလိုမျိုး ရန်ပုံငွေ ပွဲလေးတွေ လုပ်တာတော့ အမြဲလိုရှိနေမှာပဲ။ ဘာဖြစ်လိုလဲဆိုတော့ ခုချိန်မှာ အကုန်လုံး ပြုပြင်ပြောင်းလဲရမယ့် အနေထားမျိုးဖြစ်နေတဲ့ အချိန်ကျတော့ အားလုံးက ဝိုင်းဝန်းကူညီမှပဲ ဖြစ်မှာပေါ့။

MMA ။ ။ အခု အခင်းဖြစ်ပွားနေတဲ့ အချင်၊ ရခိုင်၊ မုံရွာက လက်ပန်တောင်းတောင် ကိစ္စတွေမှာ အကိုက အနုပညာရှင်
တစ်ယောက် အနေနဲ့ရော ရခိုင်တိုင်းရင်းသား တစ်ယောက်
အနေနဲ့ရော အကို့ရဲ့ အမြင်နဲ့ သုံးသပ်ချက်ကို ပြောပြပါအုံး။

NT ။ ။ အဓိကတော့ ကျွန်တော်စိတ်ထဲမှာ နေရာယူထား
တာကတော့ အနုပညာနဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ
တော်တော် များပါတယ်။ ရှင်းရှင်းပြောရမယ်ဆိုရင်တော့
ကျွန်တော်ကတော့ အငြိမ့်တွေကမယ်။ အကြောင်းအရာတွေနဲ့
ပတ်သက်ပြီး ဇာတ်လမ်းတိုနဲ့ ပတ်သက်ပြီး တင်ဆက်ရတဲ့
နေရာတွေမှာဆို ဒီလို အကြောင်းအရာမျိုးတွေက နည်းနည်း ဆက်နွယ်ပတ်သက်ပြီးတော့ ပါဝင်လာမှုရှိတယ်ပေါ့။ တခြား
အချိန်မှာတော့ အနုပညာအကြောင်းပဲ စဉ်းစားတာများပါတယ်။

MMA ။ ။ ဖေဖဝါရီ (၁၄)ရက်နေ့မှာ အကို့ အနေနဲ့ ဘာလုပ်ဖို့ အစီစဉ်ရှိလဲ။

NT ။ ။ ၁၄ရက်နေ့မှာ ကားရိုက်ရှိတယ်ဗျ။


အေးချမ်းမွန် Facebook မှ သိသမျှ ။




No comments:

Post a Comment