Sunday, 10 February 2013

ဗိုလ်ချုပ်အောင်ဆန်း အကြောင်း ရိုက်ဖို့ မျှော်လင့်ခဲ့သူ ဒါရိုက်တာ ကိုဂျိချီနိုနှင့် တွေ့ဆုံခြင်း


မြန်မာ-ဂျပန် နိုင်ငံ ချစ်ကြည် ရင်းနှီးမှု အဓွန့်ရှည်ရေး ရုပ်ရှင်ဖြစ်တဲ “သွေး” ရုပ်ရှင်ကို ရိုက်ကူးတဲ့ ဂျပန် နိုင်ငံသား ဇာတ်ညွှန်း၊ ဒါရိုက်တာ ကိုဂျီချီနို(Koji Chino)ကို ပေါ်ပြူလာ ကတွေ့ဆုံ မေးမြန်း ခဲ့ပါတယ်။

မေး - သွေးဇာတ်ကား စတင် ရိုက်ကူးဖြစ်ခဲ့ပုံကို သိချင်ပါတယ်။

ဖြေ - ၁၉၉ဝပြည့်နှစ်မှာ စပြီး ဇာတ်ညွှန်းတွေ၊ ဘာတွေရေးခဲ့ပါတယ်။ ၁၉၉၃ခုနှစ် ကျတော့ မြန်မာနိုင်ငံရဲ့ ပြန်ကြားရေး ဝန်ကြီးဌာနမှာ ခွင့်ပြုချက်တင်ခဲ့ပြီး ၁၉၉၄ခုနှစ်မှာ ဇာတ်ညွှန်းရော၊ ရိုက်ကူးတာကိုပါ ခွင့်ပြုပေးခဲ့ပါတယ်။ ၁၉၉၇ ဒီဇင်ဘာ ရောက်တော့ လိုအပ်တဲ့ ဂျပန်နိုင်ငံသား ဝါသနာရှင် သရုပ်ဆောင် ရွေးချယ်ခဲ့ တယ်။ ၁၉၉၈ ခုနှစ်မှာတော့ ရန်ကုန် ဘူတာကြီးကနေ စပြီး ရိုက်ဖြစ်ခဲ့တာ ပါ။ ၁၉၉၈ခုနှစ်၊ ၂လပိုင်း ရောက်တော့ စပွန်ဆာတွေရဲ့ ထောက်ပံ့ကြေး ရပ်သွားလို့ ဂျပန်ကိုပြန်၊ ငွေစုပြီး ၂ဝဝ၃ ခုနှစ်မှာ ပြန်ရိုက်ခဲ့ရတယ်။ပြီး နောက် ၂ဝဝ၃ခုနှစ်၊ ဒီဇင်ဘာလ ၈ ရက်နေ့ ဂျပန် ရုပ်ရှင်ပွဲတော်မှာ စပြီး ပြသ နိုင်ခဲ့ပါတယ်။

မေး - ၂ဝဝ၃ခုနှစ် နှစ်ကုန်ပိုင်းမှာ ပြီး ခဲ့တယ်လို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဘာလို့ ၂ဝ၁၃ခုနှစ်မှာမှ ပြသတာလဲ။

ဖြေ - မြန်မာနိုင်ငံမှာ အခု ၂ဝ၁၃ ခုနှစ်မှာ ပထမဆုံးပြတယ် ဆိုပေမယ့် ပြီးမြောက်ကြောင်း မိတ်ဆက်ပွဲလေး တော့ လုပ်ခဲ့ပါသေးတယ်။ အဲဒါ ၂ဝဝ၆ ခုနှစ် မေလထဲမှာပါ။ သမ္မတ ရုပ်ရှင်ရုံမှာ ပြသခဲ့တာပါ။ ပြီးတော့ ဂျပန်ကိုပြန် လာခဲ့တယ်။ မကြာခင် မှာပဲ ခုနက သမ္မတရုပ်ရှင်ရုံပိုင်ရှင် နဲ့
ဂျပန်မှာပြန်တွေ့ ခဲ့ပါတယ်။ သူက ရုံတင်ချင်တယ် လို့ပြောပြီး ဆက်သွယ် ခဲ့ပေမယ့် အဆင် မပြေခဲ့ပါဘူး။၂ဝ၁၃ ခုနှစ်ရောက်မှ ပြသတာကတော့ အခု မြန်မာနိုင်ငံ ရဲ့ပြည်ထောင်စုလွှတ် တော် နာယကဦးခင်အောင်မြင့်နဲ့ဂျပန်နိုင်ငံ မှာတွေ့ဆုံပြောဆိုမိရင်း ပြသဖြစ်တာပါ။

မေး - ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်နဲ့ တွေ့ခဲ့ပုံလေး အသေးစိတ် သိချင်ပါတယ်။ သူနဲ့ ဘာတွေဘယ်လို အကြောင်းအရာ များ ပြောခဲ့ကြသေးလဲ။

ဖြေ - ဘာရယ်တော့ မဟုတ်ပါဘူး။ နိုင်ငံရေး အကြောင်းလည်း ပြောတာမျိုး မဟုတ်ပါဘူး။ သွေးရုပ်ရှင်ကို မြန်မာနိုင်ငံမှာ လာပြီးတော့ မပြဘူး လား။ ရုပ်ရှင် ကောင်းသားပဲလို့ တိုက်တွန်းခဲ့တယ်။ အခြား ဘာအကြောင်း အရာမှ မပြောဖြစ်ခဲ့ပါဘူး။ တွေ့ဆုံ ချိန် ခဏလေးမှာ စကားစပ်မိ လိုက် တော့ ပြောဖြစ် ကြတာပါ။ ဒါကြောင့် လည်း အခုလို လွှတ်တော်ထဲက သဘင်ခန်းမဆောင်မှာ ဒီလောက် ကြီးကြီး ကျယ်ကျယ် ပြသခွင့် ရတာပါ။ ဒီအတွက်လည်း ဦးခင်အောင်မြင့် ရော ဒီကားစရိုက်ကတည်းက မြန်မာ- ဂျပန်ယဉ်ကျေးမှုစရိုက် လက္ခဏ စကားတွေ ပေါင်းကူးပေးပြီး ဆယ်စုနှစ် နှစ်ခုကျော် ယုံကြည်စွာ လက်တွဲခွင့်ရခဲ့တဲ့ ဦးခင်မောင်စိုးကို လည်း ကျေးဇူးတင်ပါတယ်။ နောက် ပြီး မြန်မာပြည်မှာ ရုံတင်ခွင့်ရ အောင် ဦးခင်မောင်စိုး နဲ့ ဆက်လက် လုပ်ကိုင် နေပါတယ်။ပြသခွင့်ရပြီဆိုရင် မြန်မာ ပရိသတ်ရဲ့အားပေးမှု အပေါ်မူ တည်ပြီး ဂျပန်မှာပြသဖို့ ကြိုးပမ်း သွားမှာပါ။ ဂျပန်နိုင်ငံမှာ ပြသနိုင်ဖို့ အခွင့်အရေးကမြန်မာပရိသတ် အား ပေးမှု အပေါ် မူတည်နေပါတယ်။

မေး - ဒီဇာတ်ကားက မြန်မာဘက်က ကြည့်ရင်လဲ သမိုင်းပြယုဂ်ဖြစ်နေ သလို၊ ဂျပန်ဘက်ကဆိုလည်း သမိုင်း ပြယုဂ်တစ်ခုဖြစ်နေတော့ နှစ်ဖက် လုံးမှာအောင်မြင်နိုင်မယ့် ရုပ်ရှင်ဖြစ် နေပါတယ်။ ပရိသတ်အတွက် ဇာတ်လမ်း က ဟောင်းနွမ်းသွားမှာ မဟုတ်ပေမယ့် ရိုက်ကွင်း ရိုက်ကွက် တွေနဲ့ အသုံးပြုခဲ့တဲ့ ရိုက်ကူးရေး ပစ္စည်းတွေကြောင့် ကြည့်ရ တာ ရှေးကားကြီးလိုဖြစ်နေနိုင်မလား။ ပြီးတော့ ဇာတ်ကားအမျိုးအစားက ဘာအမျိုးအစားလဲသိချင်ပါတယ်။
 
ဖြေ - သမိုင်းကို အခြေခံပြီး ရေးထား တဲ့ ဝတ္ထုဖြစ်တော့ ဂျပန်ဘာသာပြန် ကို သေချာလေ့လာပြီး ရိုက်တာရယ်၊ နှစ်နိုင်ငံစလုံးမှာ သက်ဆိုင်ရာ ဘာ သာအလိုက် ဝတ္ထုတွေ ထွက်ရှိထား တာကြောင့် ဇာတ်လမ်း ကတော့ ဟောင်းနွမ်း မသွားဘဲ စွဲဆောင်မှုရှိ နေမှာ အမှန်ပါပဲ။ ဇာတ်ကားအနေ နဲ့ ဒီဗီဒီ ဇာတ်ကားဖြစ်နေလို့ တအား ကြီးတော့ ရှေးမကျ ပါဘူး။ စမ်းသပ် ပြသပြီးခဲ့တဲ့ အတွေ့အကြုံအရ ဂျပန် နိုင်ငံမှာရော ၊ မြန်မာနိုင်ငံမှာပါ ကြည့်ပြီးသူတိုင်း ခံစားနှစ်သက်ကြ ပါတယ် ။မြန်မာ ပရိသတ်အတွက် တော့ ဒီဇာတ်ကားဟာ နိုင်ငံခြားသား ရိုက်တဲ့၊ ရိုက်ခွင့်ရထားတဲ့ မြန်မာကား ဖြစ်ပါတယ်။ အရင်တုန်းက လည်း နိုင်ငံခြားသား ရိုက်တဲ့ မြန်မာကား ရှိခဲ့ပေမယ့် ဒီဇာတ်ကားရဲ့ လေးပုံ သုံးပုံက မြန်မာပြည်မှာအခြေခံရိုက် ထားတာပါ။ အရင်က ရှိခဲ့တဲ့ နိုင်ငံ ခြားသား ရိုက်တဲ့ မြန်မာကားလေးက တော့ နိုင်ငံခြားမှာ အခြေခံ ရိုက်ထား တာဖြစ်ပါတယ်။ ဒါကြောင့် ဒီကား ကို မြန်မာပရိသတ်ရာနှုန်းပြည့် နှစ် သက်မယ်လို့ ယုံကြည်ပါတယ်။

မေး - မြန်မာသမိုင်းထဲက ဘာလို့ ဂျပန်- မြန်မာစစ်ပွဲအခြေခံတဲ့၊ဒီသွေး ဆိုတဲ့ ဝတ္ထုကိုရွေးပြီး ရိုက်တာလဲ နောက်တစ်ကား ရိုက်ခွင့်ရရင် ဘယ်လို ဇာတ်ကားမျိုး ရိုက်ချင်ပါသ လဲ။ ရိုက်ဖို့ရော အစီအစဉ်ရှိပါ သလား။

ဖြေ - ကျွန်တော့် ကျန်းမာရေး ဒေါင် ဒေါင်မြည်ရှိနေပါသေးတယ်။ နောက်ထပ် ရိုက်ခွင့် ရရင် ဗိုလ်ချုပ်အောင် ဆန်းအကြောင်းကို ရိုက်ချင်ပါတယ်။ ကျွန်တော်မြန်မာ ပုံရိပ်ရိုက်ဖို့ ပထမ ဆုံး စဉ်းစားခဲ့တာ ဒီသွေးဝတ္ထု မဟုတ်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း အကြောင်းစဉ်းစားခဲ့တာပါ။ ဒါပေမဲ့ ငွေရေးကြေးရေးက အစ အဘက်ဘက် ချင့်ချိန်ပြီး ဒီကားကို ရိုက်ခဲ့တာဖြစ် ပါတယ်။


popular news journal မှ သိသမျှ ။

No comments:

Post a Comment