Friday, 8 February 2013

ဟန်ဆောင်ရည်းစား ငှားရန်ရှိသည်


ဖေဖေါ်ဝါရီ ၁၀ ရက်နေ့ဟာ တရုတ်နှစ်သစ်ကူးနေ့ ဖြစ်ပြီး တရုတ်ပြည်မှာ ရက်အနည်းငယ်ကနေ တစ်ပတ်နှစ်ပတ်အထိ အလုပ်တွေပိတ်၊ မီးရှုး
မီးပန်းတွေလွတ်၊ မိသားစုဝင်တွေ ထမင်းဝိုင်းမှာစုံညီစွာ ဆုံတွေကြတဲ့ ပွဲတော်ကြီးဖြစ်ပါတယ်။ နှစ်သစ်ကူးပွဲတော်ကို ပျော်ရွှင်စွာကြိုဆိုကြသူ ရှိသလို သန်းပေါင်းများစွာသော လက်မထပ်ရသေးတဲ့ တရုတ်မိန်းကလေး
များအတွက် ဖိအားများတဲ့ပွဲတော်လည်း ဖြစ်ပါတယ်။ အထူးသဖြင့် တရုတ်လူမျိုးတွေရဲ့ ယနေ့ထိကျန်ရှိနေသေးတဲ့ ယဉ်ကျေးမှုတွေးခေါ်မှု
တစ်ခုက မိန်းကလေးတယောက်ဟာ အသက် ၃၀ မတိုင်မီမှာ ဘ၀ဖော်
ယောက်ျားလေး တယောက်ကို ရှာတွေ့ပြီး အိမ်ထောင်ကျသင့်နေပြီ ဒါမှမဟုတ် အနည်းဆုံးတော့ ရည်းစားတယောက်ရှိသင့်ပြီ ဆိုတာဖြစ်ပါတယ်။

တရုတ်နှစ်သစ်ကူးနေ့မှာ အိမ်ထောင်မကျသေးဘဲ အသက် ၃၀ နားနီးတဲ့ မိန်းကလေးတယောက် ရင်ဆိုင်ရမယ့်အခက်အခဲကို အိမ်ထောင်ရေး
အကြံပေးသူ Zhou Xiaopeng က အခုလိုရှင်းပြပါတယ်

။

"တရုတ်နှစ်သစ်ကူး မတိုင်မီတစ်ရက်အကြို မိသားစုစုံလင်စွာရှိကြမယ့် ထမင်းဝိုင်းတစ်ခုကို မြင်ယောင်ကြည့်လိုက်ပါ။ အားလုံးက စုံတွဲတွေနဲ့ လာကြတယ်။ သင်ရဲ့ အကိုတွေညီတွေနဲ့ မရီးတွေ၊ ညီမအမတွေနဲ့ ခဲအိုတွေ စသဖြင့် အတွဲစုံလင်စွာရှိကြပြီး သင့်မှာတော့ တစ်ယောက်တည်း ကျန်နေတယ်။ သင့်အတွက် ဖိအားဘယ်လောက်ရှိမယ်ဆိုတာစဉ်းစားကြည့်
နိုင်ပါတယ်။ မိဘတွေကမေးကြမယ်၊ ကျန်တဲ့သူတွေကလည်း မေးကြမယ် စသည်ဖြင့်ပေါ့၊ အိမ်ထောင်မကျသေးတဲ့ အသက် ၃၀ ပတ်ဝန်းကျင် မိန်းကလေးတယောက်အတွက် ဖိအားအလွန်များပါတယ်"။

ဒါကြောင့် အဲဒီလိုမိန်းကလေးများအတွက် တရုတ်နှစ်သစ်ကူးပွဲတော် အတွင်းမှာ ကူညီပေးနိုင်မယ့် ဈေးကွက်တမျိုး ထွက်ပေါ်လာပါတယ်။ Taobao လို့အမည်ရတဲ့ အွန်လိုင်းမှာ ဟန်ဆောင်ရည်းစား ငှားရမ်းလို့ရတဲ့ ၀န်ဆောင်မှုရှိပါတယ်။ ယောက်ျားလေး ရည်းစားတယောက်ကို တစ်ရက်ကို
ဒေါ်လာ ၅၀ လောက်နဲ့ ငှားလို့ရပြီး မိမိရဲ့ရည်းစားအဖြစ် ဟန်ဆောင်ခိုင်းနိုင်
ပါတယ်။ ဈေးနှုံးတွေအမျိုးမျိုးရှိပါတယ်။ ဥပမာ ညစာအတူစားဖို့ တစ်နာရီကို ၅ ဒေါ်လာ၊ မိသားစုဝင်တွေရဲ့ရှေ့မှာ ပါးပြင်ပေါ်တစ်ချက်နမ်းဖို့ ၈ ဒေါ်လာ၊ မိသားစုရဲ့အိမ်မှာ သီးသန်းကုတင်မှာ ညအိပ်ပေးဖို့ ဒေါ်လာ ၈၀ ဖြစ်ပါတယ်။

Li Le ဆိုတဲ့ စိုက်ပျိုးရေးပစ္စည်း အရောင်းစာရေးတယောက်က သူကိုယ်တိုင် အငှားလိုက်ပေးဖို့ အင်တာနက်မှာ ကြော်ငြာထားပါတယ်။ ပိုက်ဆံရဖို့အတွက် မဟုတ်ဘဲ ရည်းစားအဖြစ် အငှားလိုက်ပေးရင်း သူနဲ့စိတ်သဘောကိုက်ညီတဲ့ အမျိုးသမီးတဦးကို ရှာတွေ့ကောင်းတွေ့လိမ့်မယ်လို့ မျှော်လင့်ရင်းတကယ်ဖြစ်
လာပါက နှစ်ဦးစလုံးအတွက် ပျော်ရွှင်စရာဖြစ်မယ်လို့ Li Le က ရှင်းပြပါ
တယ်။

ဒီနေ့အထိ အမျိုးသမီးအယောက် ၃၀ လောက်က သူ့ကိုဆက်သွယ်ထားပြီး ဘယ်မိန်းကလေးကို ရွေးချယ်ဖို့ဆိုတာ ခက်နေကြောင်း သိရပါတယ်။

 ရှမ်ရှိးမ Facebook မှ သိသမျှ ။


No comments:

Post a Comment