Sunday, 25 March 2012

ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင် အတွက် ရွှေစင်စကြာမှသိန်းတစ်ထောင် အလှူ

"မြန်မာနိုင်ငံရဲ့ ဖခင်ကြီးဖြစ်တဲ့ဗိုလ်ချုပ်အောင်ဆန်းရဲ့အတ္ထုပ္ပတ္တိကိုရိုက်ကူးရာမှာဝင်ရောက်ကူညီဖို့ နိုင်ငံသားတိုင်း မှာ တာဝန်ရှိတယ်လို့ ယူဆတဲ့အတွက် တဖက်တလမ်းကနေပါဝင်လှူဒါန်းခဲ့တာဖြစ်ပါတယ်။အခုလှူတဲ့အလှူငွေဟာ ယာဉ်လိုင်းတခုလုံးရဲ့ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်တို့ရဲ့လုပ်အား၊ခရီးသည်တွေထံကရရှိတဲ့အမြတ်အစွန်းတွေ လည်းပါဝင်ခဲ့တာ ဖြစ်ပါတယ်"ဟု ပြောသည်။အလှူငွေအားဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေး ကော်မတီနာယက ဒေါ်အောင်ဆန်းစုကြည်က လက်ခံရယူခဲ့သည်။ထို့နောက်အလှူငွေကျပ်သိန်းတထောင်အား ကော်မတီသို့လွှဲပြောင်းပေးပို့လာ၍ဇာဂနာ၊ထွန်းအိန္ဒြာဗိုနှင့် ငှက်ပျော်ကြော်တို့ကလက်ခံရယူခဲ့ပြီးဖြစ်ကြောင်းသိရပါသည်။အမျိုးသားခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏အထ္ထုပ္ပတ္တိအားရုပ်ရှင်အဖြစ်စီမံရိုက်ကူးနိုင်ရန်အတွက်ရုံးခန်းတခန်းကိုရန်ကုန်တိုင်း၊မကာရွတ်မြို့နယ်၊ ဓမ္မစေတီလမ်းတွင် ဗိုလ်ချုပ်မွေးနေ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က ဖွင့်လှစ်နိုင် ခဲ့သည်။ထိုနေ့ ရုံးခန်းဖွင့်ပွဲတွင် ရွှေပါရမီ ဆရာတော် အရှင် ဆန္ဒာဓိက ၏ စွန့်ကျဲအလှူငွေ ကျပ် ၃၂ သိန်း၊ ဇာတ်မင်းသား ဖိုးချစ် က အလှူငွေ ကျပ် သိန်း ၄၀ နှင့် ရုပ်ရှင်မင်းသား ကျော်သူ၏ ဖခင် ဦးစိန်တင်နှင့် ဒေါ်မြသန်းတို့က ၎င်းတို့ပိုင်အမျိုးသားရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းများကိုလှူဒါန်းပေးအပ်ခဲ့ကြသည်။ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်ဇာတ်ကားအားဗိုလ်ချုပ်၏အသက်၁၀၀ ပြည့် ဖြစ်သည့် ၂၀၁၅ ခုနှစ် မတိုင်မီ အပြီးသတ် ရိုက်ကူးတည်းဖြတ်နိုင်ရန် စီစဉ်ထားသည်ဟု သိရသည်။

1 comment:

  1. သတင်းကောင်းတွေပဲ
    လေးစာပါကြောင်း

    ReplyDelete