ရွှေမှုံရတီက “မှုံလေးချစ်တဲ့ အန်ကယ်လေး” ဆိုတဲ့ ဇာတ်ကားကို ဒါရိုက်တာ ဟိန်းစိုးနဲ့ ရိုက်ကူးနေပါတယ်။ ရိုမန့် ဇာတ်ကားလေး ဖြစ်ပြီး ကလေးဆန်ပြီး ဇွတ်တရွတ် လုပ် တတ်တဲ့ ကလေးပုံစံ ဇာတ်ရုပ်မျိုး သရုပ်ဆောင် ရတာဖြစ်ပါတယ်။ ရွှေမှုံရတီက ၉ တန်း စာမေးပွဲကို ဖြေဆိုပြီးပြီ ဖြစ်တာကြောင့် ၁ဝ တန်း အတွက်လည်း ပြင်ဆင်နေ ပြီလို့ ပြောပြပါတယ်။ နှစ်ဖက်စလုံးက မျှအောင် ကြိုးစားပြီး လုပ်သွားမယ်လို့ ပြောပြတဲ့ ရွှေမှုံရတီက..
“အခု
၁ဝတန်းတက်ဖို့ အတွက် စာတွေစသင်ဖို့ လုပ်နေပါတယ်။ အနုပညာ အလုပ်ကိုရော၊
ပညာရေး ဘက်ကိုပါ မျှအောင် လုပ်ဖို့ စဉ်းစားထားပါတယ်။ စာပေးပွဲ အချိန်
တစ်ချိန်တော့ တအား အားစိုက်ရမယ်။ ကျန်တဲ့အချိန်ကတော့ နည်းနည်း
ကြပ်ကြပ်မတ်မတ် လုပ်သွားရင်ရမှာပါ။ အနုပညာဘက်ရော၊ ပညာရေးကိုပါ အားစိုက်ပြီး
လုပ်နေ ရတာပေါ့” လို့ ပြောပြပါတယ်။ ရွှေမှုံရတီက ပြင်ဦးလွင်မှာ ဇာတ်ကား ၂
ကား သွားရောက် ရိုက်ကူးဖို့ရှိပြီး ဒီနှစ် သင်္ကြန်ကိုတော့
အလှူအတန်း လုပ်
ဖြစ်မယ် လို့ ပြောပြတာကြောင့်..“သင်္ကြန်တွင်း အလှူအတန်း လုပ်ဖို့ပဲ ရှိပါတယ်။ သိပ်ပြီး ဖီလင် တော့မရှိပါဘူး။ သင်္ကြန်ကို အရင်တုန်းကလည်း အပြင်သွားလေ့ မရှိတော့ ဘာမှ ခံစားချက်မရှိဘူး။ သူများကိုပဲ ပျော်စေချင်တာပါ။ မိဘမဲ့ဂေဟာ၊ ဘိုးဘွား ရိပ်သာတွေကို သွားလှူဖြစ်မယ်။ သင်္ကြန်တွင်းတော့ ရိုက်ကူးရေးတွေ နားမယ်။ နှစ်ဆန်း ၂ ရက်နေ့မှ စရိုက်ဖြစ် မယ်။ နောက် အိမ်မှာ ကိုယ်လုပ်နိုင် သလောက် ဘာသာရေးနဲ့ ပတ်သက်ပြီး တရား ထိုင်တာမျိုးလေးတော့ လုပ်ဖြစ်မယ်။ မြန်မာ့နှစ်သစ်မှာ ပျော်ရွှင်ကြပါစေ ၊ အေးအေး ချမ်းချမ်း ရေကစားနိုင်ကြပါစေလို့ ဆုတောင်းပေးပါတယ်” လို့ ပြောပြပါတယ်။
ရွှေမှုံရတီ က ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးသွားဖို့ ရှိပြီး ဇာတ်လမ်း ရိုက်ကူးမှုတွေက တစ်ကားနဲ့ တစ်ကား မတူဘဲ ပရိသတ်တွေ အတွက် ကြိုးစားပြီး ရိုက်ကူး ထား တာကြောင့် ပရိသတ်တွေ အားပေးကြတဲ့ အတွက် ကျေးဇူးလည်း တင်ပါတယ်လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်
ဓာတ်ပုံ- အိသွဲ့ (တန့်ယန်း)
popular myanmar မှ သိသမျှ ။
အနုပညာအလုပ်ကို အမြဲတမ်းကြိုးစားလုပ်နိုင်ပါစေ။ အားပေးနေပါတယ်။
ReplyDelete