Sunday 14 July 2013

မိုဘိုင်းဖုန်း များကထွက်သော လျှပ်စစ် သံလိုက်လှိုင်းများကြောင့် လူ့ကျန်းမာရေး ထိခိုက်သည် ဆိုခြင်းမှာ မဟုတ်


မိုဘိုင်းဖုန်း သုံးခြင်း၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်း များကြောင့် ကျန်းမာရေးကို ထိခိုက်စေသည် ကင်ဆာ ရောဂါကို ဖြစ်ပွား စေသည်၊
အမျိုးသားများ မျိုးမအောင်ခြင်းထိ ဖြစ်ပွားစေ သည်ဟူသော ပြောဆိုချက် များသည် လုံးဝကို မှားယွင်း နေသော ပြောဆိုချက် များဖြစ်ကြောင်း နော်ဝေနိုင်ငံက ပြုလုပ် ထားသော စစ်တမ်းက အတိအလင်း ပြောကြား လိုက်သည်။

မိုဘိုင်း ဖုန်းများ မိုဘိုင်း တာဝါ တိုင်များမှ ထွက်သော အနိမ့်စား လျှပ်စစ် သံလိုက်လှိုင်းများ၊ ၀ိုင်ဖိုင် ချိတ်ဆက်ကာ အင်တာနက် သုံးခြင်းမှ ထွက်လာသော သံလိုက် လှိုင်းများနှင့် ထိတွေ့ ပါများ ပါက လူ့အသား တစ်သျှူးစ များကို အပူဒဏ် သက်ရောက်ကာ ကင်ဆာ ဖြစ်စေသည်၊ အမျိုးသားများမှာ

ထိုအပူဒဏ်ကြောင့် သုတ်ပိုးများ သေဆုံးကာ မျိုးမ အောင်ခြင်းထိ ဖြစ်ပွား စေသည်ဟု အခြားသော သုတေသန များက ဖော်ပြခဲ့ကြခြင်းသည် လွန်စွာ မှားယွင်း နေကြောင်း နော်ဝေ နိုင်ငံ ဆေးဖက် ဆိုင်ရာ ကျွမ်းကျင်သူများ ကော်မတီက တရားဝင် ထုတ်ပြန် ပြောကြား လိုက်သည်။

myawady news facebook မှ သိသမျှ ။

 

No comments:

Post a Comment