Thursday, 28 February 2013
Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ
ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီးထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင်ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsetsတွေက များသောအားဖြင့် Clone Handsets တွေမှာတွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြပါဘူး။ Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲဆိုရင်တော့ ကွဲလွဲတာတွေသိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့မရအောင်တူတဲ့ Clone Handsetsတွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။
အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ်မဟုတ်တာတွေကို
မြန်မာပြည်ပေါက် လမ်းလျှောက်တတ်သော ငါးများ (ငါးဖျံ)
လမ်းလျှောက်သွားသော ငါးကို Walking fish/ Amphibious fish လို့လည်းခေါ်ပါတယ်။ ယင်းစာရင်းထဲမှာ Mudskipper လည်း တစ်မျိုး အပါအဝင် ဖြစ်ပါတယ်။
လေ့လာသူများရဲ့ တွေ့ရှိချက်အရ ယင်းငါးများဟာ အသက်ရှုဖို့အတွက် ပါးဟက်ကို အသုံးမပြုပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံးဟာ အောက်ဆီဂျင် ရှူသွင်း၊ ရှူထုတ်ဖို့အတွက် ကောင်းကောင်းအလုပ်လုပ်နိုင်ပါတယ်။ ဒီအတွက်လည်း လေပေါက်များ ပါဝင်ပါတယ်။
လမ်းလျှောက်ဖို့အတွက် ခြေထောက်မပါပေနဲ့ ရေယှက်တောင်ပံ နှစ်ဖက်နဲ့ ကောင်းကောင်း သွားလာနိုင်ပါတယ်။ ကုန်းပေါ်မှာဆိုရင် ရေထဲမှာ လိုပဲ မြန်မြန်ဆန်ဆန် သွားလာလှုပ်ရှား နိုင်ပါတယ်။ ရေထဲမှာလည်း အသက်ရှုနိုင်သလို၊ ကုန်ပေါ်မှာလည်း ကောင်းကောင်း အသက်ရှုနိုင်ပါတယ်။ သူတို့ရဲ့ နေထိုင်ရာအရပ်ကတော့ စမ်းချောင်း၊ မြစ်ကမ်း၊ ကမ်းခြေ တို့မှာ ဖြစ်ပြီး မိုးမနည်းသော အပူပိုင်းဇုန်၊ အပူပိုင်းမှုတ်သုန်၊ အပူပိုင်းမိုး သစ်တောတို့ မှာ နေထိုင်ကျက်စားပါတယ်။
ဒါကြောင့် အတွေ့များတဲ့ နေရာဒေသများကတော့ အင်ဒိုပစိဖိတ်၊ အတ္တလန္တိတ် သမုဒ္ဒရာဘက်ခြမ်း အနောက်အာဖရိက ဒေသ၊ အရှေ့ တောင် အာရှတိုက် တို့မှာ
လူ့ဦးနှောက်နှင့် ပက်သက်၍ မှတ်သားဖွယ်ရာ အချို့ 
၁။ ဦးနှောက်တွင် Pain receptors မပါရှိသဖြင့် နာကျင်သော ဝေဒနာကို မခံစားနိုင်ပါ။
၂။ ဦးနှောက်တွင် တစ်မိနစ်တိုင်း Neuron ပေါင်း ၂သိန်းခွဲ မေးဖွားသည်။
၃။ မွေးစမှစ၍ ယနေ့တိုင် ယနေ့တိုင် ဦးနှောက်အရွယ်အစား လုံးဝ မပြောင်းလဲပါ။
၎။ ဦးနှောက်သည် ခန္ဓာကိုယ်တစ်ခုလုံးတွင် ရှိသော အောက်ဆီဂျင်များမှ ၂၀ ရာခိုင်နှုန်းကိုသာ အသုံးပြုသည်။
၅။ ဦးနှောက်ထဲသို့ ၈- ၁၀ စက္ကန့်အတွင်း သွေးမစီးလျှင် မူးမေ့နိုင်သည်အထိ ဖြစ်လာနိုင်ပြီး ဆက်လက်မရရှိပါက သေဆုံးနိုင်သည်။
၆။ အိပ်ပျော်နေချိန် အိပ်မက်ပေါင်း မြောက်များစွာ မက်သော်လည်း နိုးထလာသည့် အခါ ဦးနှောက်က အိပ်မက်မှ ဖြစ်ရပ် အနည်းငယ်ကိုသာ ပြန်လည် အမှတ်ရ ဖော်ထုတ်ပေးသည်။
၇။ အဲလ်ဘတ်အိုင်းစတိုင်းသည် ဦးနှောက်၏ ၄၀ ရာခိုင်နှုန်းကို အသုံးပြုခဲ့ပြီး သမိုင်းတစ်လျှောက် ဦးနှောက်၏ အသုံးဝင်မှုအပေါ် အများဆုံး အသုံးချနိုင်ခဲ့သူ အဖြစ်
မြန်မာလူငယ်တစ်ဦး ကျပ်သိန်းပေါင်း ၉၅ဝဝ ဖားအောက်တောရသို့ အပြီးအပြတ်လှူဒါန်း
မန္တလေးမြို့မှ အသက် ၁၇ နှစ်အရွယ်လူငယ်တစ်ဦးက ၎င်းရရှိမည့်အမွေများထဲမှ ငွေကျပ်သိန်းပေါင်း ၉၅ဝဝ ကို ပြင်ဦးလွင်ရှိဖားအောက်တောရသ
ပြင်ဦးလွင်မြို့နယ် ကျောက်ဖျာ ဒိုးကျေးရွာရှိ ဖားအောက်တောရ ဗုဒ္ဓတက္ကသိုလ်တွင် အသုံးပြုရန် ရန်ကုန်၊ လှိုင်မြို့နယ်ရှိ နေအိမ်နှင့်မြေအပါအဝင် အကျိုးခံစားခွင့် အားလုံးကာလတန်ဖိုး ကျပ်သိန်း
၉ဝဝဝ၊ မန္တလေးပြည်ကြီးတံခွန် ပွဲရုံတန်း အဆောင် ၂ အခန်း ၃၊ ၂ ထပ်တိုက် ကာလတန်ဖိုး ကျပ် သိန်း ၅ဝဝ ခန့်တို့ကိုအပြီးအပြတ် လှူဒါန်းပေးခဲ့ခြင်းဖြစ်သည်
လှူဒါန်းခဲ့သူ မန်းမြို့တော် ပေါက်စီလုပ်ငန်းပိုင်ရှင်၏ သား မောင်ဘုန်းရှင်က ''သံဃာတော်တွေကို ဆက်လက်စောင့်ရှောက်ချင်တယ်။
ထို့အပြင် ၎င်းက ယနေ့လူငယ်များအနေဖြင့် သောက်စား ပျော်ပါး နေမှုများ သည်ဟု ပြောဆိုနေကြမှု များရှိနေကြရာ ယခု အလှူဒါနမှာ မှန်ကန်သည့် ဘက်ကို ရပ်တည်ပြ လိုက်ခြင်းဖြစ်သည်ဟု ဆက်ပြောသည်။
မန်းမြို့တော်ပေါက်စီ ပိုင်ရှင် ဦးအောင်မြင့်က ၎င်း၏သားမှာ
ဖုန်းကတ် ဈေးကျတော့မယ်လို့ သမ္မတ အာမခံ
ရှေ့လထဲ မိုဘိုင်းဖုန်း ဆင်မ်ကတ် ဈေးချပေးနိုင်ဖို့ စီစဉ်နေပြီလို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ ထုတ်လွှင့်တဲ့ သူ့ရဲ့ ရေဒီယိုမိန့်ခွန်းထဲမှာ ပြောသွားပါတယ်။
"မကြာခင် ကာလမှာ လက်ရှိ ဆက်သွယ်ရေး အခြေခံ အဆောက်အအုံများကို အခြေခံပြီး တိုးချဲ့ပေးနိုင်မယ့် မိုလ်ဘိုင်းဖုန်း အရေအတွက်ကို သက်သာတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ လာမည့် ဧပြီလအတွင်းမှာ ရောင်းချပေးနိုင်အောင် စီစဉ် ဆောင်ရွက်လျက် ရှိပါတယ်"
"သက်သာတဲ့ ဈေးနှုန်း" က ဘယ်လောက်လဲ ဆိုတာ သမ္မတ မိန့်ခွန်းထဲမှာ ထည့်မပြောသွားပါဘူး။
ရန်ကုန်မှာ GSM ဆင်မ်ကတ် တခု ပေါက်ဈေးက နှစ်သိန်း ဖြစ်ပါတယ်။
နှစ်သောင်းနဲ့ရောင်းမယ်လို့ သတင်းထွက်နေကြောင်း တချို့က ဆိုပါတယ်။ အဲဒါဆိုရင် ဈေး ဆယ်ဆ ကျသွားတဲ့ သဘောပါ။
ဆင်မ်ကတ် တခု နှစ်သောင်း ဆိုတာ
Wednesday, 27 February 2013
Michael Learns To Rock ၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့၌ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပမည်
Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်၌ မတ်လ ၃၁ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဟု သိရသည်။
ကမ္ဘာကျော် Michael Learns to Rock အဖွဲ့၏ Twitter စာမျက်နှာတွင် မြန်မာနိုင်ငံသို့ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင် ဖျော်ဖြေမည်ဟု ရေးသားဖော်ပြထားသည်။ အဆိုပါ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်တွင် ကျင်းပနိုင်ရန်အတွက် မြန်မာနိုင်ငံမှ Friend ship Entertainment နှင့် ပါကစ္စတန် အခြေစိုက် Pastel Communations တို့ ပူးပေါင်းစီစဉ်ခြင်းဖြစ်သည်ဟု သိရသည်။
''Michael Learns to Rock အဖွဲ့ မြန်မာပြည်ကို လာရောက်ဖျော်ဖြေမှာပါ။ ဒီကို လာဖျော်ဖြေဖို့အတွက် သူတို့အဖွဲ့သားတွေက စိတ်အား ထက်သန်နေသလို ဒိန်းမတ်နိုင်ငံမှာလည်း မြန်မာနိုင်ငံအကြောင်းတွေကို စိတ်ဝင်စားမှု များပြားနေတယ်လို့ သူတို့က ပြောပါတယ်။ ဒီပွဲကို ကျွန်တော်တို့နဲ့အတူ ပူးပေါင်းစီစဉ်တဲ့ Pastel Communations ကလည်း မြန်မာနိုင်ငံမှာ ဒီလိုချိတ်ဆက်မှုက ဒါပထမဆုံးပါ။ လက်မှတ်ဈေးနှုန်းတွေကို မတ်လ ပထမပတ်မှာ ကြေညာပေးသွားမှာပါ။ လက်မှတ်ရောင်းတာကိုတော့ ပွဲမတိုင်မီ နှစ်ပတ်အလိုမှ စရောင်းပေးသွားမှာပါ '' ဟု Friendship Entertainment မှ တာဝန်ရှိသူတစ်ဦးက ဆိုပါသည်။
မတ်လ ၃၁ ရက်နေ့တွင် ပြည်သူ့ရင်ပြင်၌ ကျင်းပမည့် Michael Learns to Rock အဖွဲ့၏ ဂီတဖျော်ဖြေပွဲနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက်များနှင့် လက်မှတ်ဈေးနှုန်းများကို
အာဆီယံ ကားမောင်း ပြိုင်ပွဲဝင် အေးမြတ်သူ မန္တလေး ပရိသတ်များ ကြိုစေချင်
အာဆီယံ ကားမောင်း ပြိုင်ပွဲဝင် သရုပ်ဆောင် အေးမြတ်သူက ဖေဖော်ဝါရီ ၂၈ ရက်တွင် မန္တလေးသို့ ရောက်ရှိမည် ဖြစ်၍ ကြိုဆိုစေချင်ကြောင်း ပြောသည်။
ဖေဖော်ဝါရီ ၂ဝ ရက်နေ့မှာ အေးမြတ်သူက အာဆီယံလေးနိုင်ငံ ကားမောင်း ပြိုင်ပွဲ အတွက် အိန္ဒိယနိုင်ငံကို ထွက်ခွာသွားခဲ့သည်။ ယင်း ပြိုင်ပွဲ အတွက် ဇာတ်ကား ရိုက်ကူးမှုတွေ ကြိုတင် ရက်ကို စီစဉ်ထားကြောင်း ပြိုင်ပွဲမှာ ကိုယ့် နိုင်ငံ အတွက် ကြိုးစား သွားမှာဖြစ်ကြောင်း အေးမြတ်သူ က ဆိုသည်။
”ဆုရဖို့ အတွက်တော့ မှန်းမထားပါဘူး။ အားလုံး စည်းစည်းလုံးလုံး သွားမယ့် ရည်ရွယ်ချက်ပါ။ ဘာဆုကြီးရပါစေ ဆိုပြီး မမှန်း ထားဘူး။ လောက မှာ မျှော်မှန်း ထားပြီး မရရင် တအား ခံရခက်တယ်လေ။ ဒါပေမဲ့ ကိုယ့်နိုင်ငံ အတွက် အကောင်းဆုံး ဖြစ်အောင်တော့ လုပ်သွားမှာပါ”ဟု ၄င်းက ပြောသည်။
အေးမြတ်သူက ပြိုင်ပွဲ မသွားခင် ဓာတ်ပုံ ရိုက်ကူးမှုတွေပဲ လုပ်ဖြစ်ပြီး ‘ဘုန်းကညာ တစ်ပါး’ ဒီဗီဒီ ဇာတ် ကား အထူးပွဲကိုလည်း တက်ရောက် ကြောင်း
တစ်စုံတစ်ရာကို မမှတ်မိသောအခါ မှတ်ဥာဏ်ဟာ ဘယ်လိုဖြစ်သွားသလဲ
အာရုံကြောဆိုင်ရာ သိပ္ပံပညာရှင်တွေဟာ ဦးနှောက်ရဲ့ အလုပ်လုပ်ဆောင် မှုတွေကိုလေ့လာ ရာမှာကျွန်တော် တို့ ဦးနှောက်ရဲ့ အချက်အလက် သိမ်းဆည်းမှု ပုံစံဟာ ဘီရိုထဲမှာ အစဉ်တကျ စီထည့်ထားတဲ့ ဖိုင်တွဲတွေနဲ့ မတူဘဲ ရူပ်ထွေးနေတဲ့ စာပွဲတစ်လုံးပေါ်မှာ ပစ်တင် ထားတဲ့ စာအုပ်ပုံတစ်ခုနဲ့ တူတယ်ဆိုတာကို သွားတွေ့ ရပါတယ်။
Tip of the Tongue လို့ခေါ်တဲ့ အခြေအနေ ဟာ ကျွန်တော်တို့ ရှာဖွေတဲ့ အကြောင်းအရာတစ်ခု ဘယ်နားမှာ ရှိနေတယ်ဆိုတာကို သိုလိုက်တဲ့ အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် တကယ်မတွေ့ရ သေးပါဘူး။ မကြာသေးမီက လေ့လာမှုတစ်ခုမှာတော့ သဲလွန်စ တစ်ခုရခဲ့ပါတယ်။ အဲဒါက လူတစ်ယောက် အနေနဲ့ တစ်စုံတစ်ရာကို အစရှာဖွေရာမှာ စကားလုံးတွေကို သတိရအောင်ကြိုးစား တယ်ဆိုတာထက် TOT အခြေအနေကိုသာ ပြန်လည်စဉ်းစား နေကြတာဖြစ် ပါတယ်။
အဲဒါက အဖြစ်အပျက်တစ်ခုကို မှတ်မိဖို့ အဲဒီအဖြစ်အ ပျက်နဲ့အတူ ကြုံတွေ့ ခဲ့ရတဲ့ အရာကို စိတ်ထဲမှာ အသေမှတ်ထားလိုက် ခြင်းပါပဲ။ ဒါပေမဲ့ ပြဿနာတစ်ခုက အသက်ကြီးရင့်လာတဲ့ အခါ
Tuesday, 26 February 2013
ကလေးတောင် မုန်းတဲ့ မကောင်းတဲ့ အကျင့်ဆိုး
ရှစ်လအရွယ် ကလေးငယ် လေးတွေတောင် အပြစ်ရှိ တဲ့ အပြုအမူ ဆိုးတွေကို မကြိုက်ကြကြောင်း လေ့လာ ချက်တစ်ခုမှာ တွေ့ခဲ့ရပါတယ်လို့ သုတေသန အသစ် တစ်ခုမှာ ဖော်ပြလိုက်ပါတယ်။
လေ့လာသုတေ သနပြု ချက်အရ ၈ လ အရွယ် ကလေးငယ်များဟာ ကြင်နာ တတ်တဲ့ ရုပ်သေးရုပ် ကလေးများကို ကြိုက်ရုံတင်မက ဖော်ရွေမှုမရှိ အနိုင်ကျင့်တဲ့ အကျင့်ရှိတဲ့ ရုပ်သေးရုပ် လေးရဲ့ မကောင်းတဲ့ အပြုအမူအကျင့်ဆိုး များကို မကြိုက်ကြ ကြောင်းလည်း တိုက်ရိုက်အတည်ပြု ထောက်ခံကြ တာတွေ့ခဲ့ရ ပါသတဲ့။
မြောက်အမေရိက သုတေသီများဟာ ကလေးငယ် ပေါင်း ၁၀ဝ အား တိရစ္ဆာန် ရုပ်သေးပွဲ ၄ မျိုး တင်ဆက် ကပြခဲ့ကြရာမှ လေ့လာသုတေသန ပြုခဲ့ခြင်း ဖြစ်ပါ တယ်။ ထိုရုပ်သေး ပွဲမှာ အခြားသူများကို ကောင်းမွန် စွာ ပြုမူပေါင်း သင်း ဆက်ဆံတဲ့ ရုပ်သေးလေးတွေနဲ့ အခြားသူအပေါ် မကောင်းတဲ့အပြု အမူဆိုးတွေနဲ့ ဆက်ဆံ တတ်တဲ့ ရုပ်သေးရုပ် လေးတွေကို ဇာတ် လမ်းထဲမှာ ပါဝင်ကပြ ဖြေဖျော် စေခဲ့ပါတယ်။
ရုပ်သေးပွဲ ပြီးတဲ့အခါ ပွဲကြည့် ကလေး ငယ်များအား ထိုတိရစ္ဆာန် ရုပ်သေးရုပ်လေး များအား ပြသပြီး
ကျန်းမာရေးကောင်းမွန်စွာနဲ့ မြန်မာပြည်ကို ပြန်လည်ရောက်ရှိလာတဲ့ Rဇာနည်
ဖေဖော်ဝါရီလဆန်းပိုင်းက ကျန်းမာရေး အခြေအနေကြောင့် ဘန်ကောက် ကို သွားရောက် ဆေးကုသမှုခံခဲ့ရသူ တေးသံရှင် Rဇာနည်က အခုကျန်းမာရေး ပြန်လည်ကောင်းမွန် လာပြီး မြန်မာနိုင်ငံ ကို ပြန် လည် ရောက်ရှိလာပြီဖြစ်ပါ တယ်။ မြန်မာနိုင်ငံက သူ့ပရိသတ်ဆီက စိုးရိမ် ပူပန်မှုတွေနဲ့အတူ သို့လော သို့လော ကောလာဟလ အမျိုးမျိုး ထွက်ရှိ ခဲ့ပြီး အောက်ပိုင်းသေသွားပြီ၊ လေဖြတ်သွားပြီ၊ သီချင်းမဆိုနိုင်တော့ဘူး စသဖြင့် အမျိုးမျိုး ထင်မြင်ခဲ့ ကြရပါတယ်။
Rဇာနည်ရဲ့ သတင်းကိုကြားကြားချင်း ပေါ်ပြူလာ အဖွဲ့လည်း Rဇာနည်ရဲ့ မိသားစုကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းတွေမအားတာ၊ ဖုန်းတွေ မကိုင်နိုင် ကြတာကြောင့်စောလျင်စွာ သတင်းမထုတ်ပြန်ဖြစ်ခဲ့ပေမယ့် ဖေဖော် ဝါရီ ၂၁ရက်၊ နံနက်ပိုင်းမှာ ထပ်မံဆက်သွယ်ကြည့်တဲ့ အခါမှာတော့ Rဇာနည် ရဲ့ကျန်းမာရေး အခြေအနေ ပြန်လည်ကောင်းမွန်လာပြီး မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိလာပြီ ဖြစ်ကြောင်း၊ ခုလောလောဆယ်မှာတော့ အိမ်မှာ အနားယူနေပြီး
တွဲဖက်စားပါက ပိုအကျိုးရှိစေသော အစာများ
တချို့ ဟင်းသီးဟင်းရွက်တွေက တစ်ခုချင်းစီ စားတာထက် ပေါင်းစပ်ပြီး စားတာကြောင့် ပိုမိုအာနိသင်ရရှိစေပါတယ်။
ခရမ်းချဉ်သီးနှင့် ထောပတ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ခရမ်းချဉ်သီးမှာ လိုင်ကိုပင်းဓာတ် ဆိုတဲ့ အင်တီအောက်ဆီးဒင့်ပါဝင်တဲ့ ရောင်ခြယ်ပစ္စည်းတစ်မျိုး အများအပြား ပါဝင်တာကြောင့် ကင်ဆာနဲ့ နှလုံးသွေး ကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေ ပါတယ်။ ထောပတ်သီးမှာ ပါဝင်တဲ့ ကောင်း တဲ့အဆီက ခရမ်းချဉ်သီးမှာပါတဲ့ လိုင်ကို ပင်းဓာတ်ကို အာနိသင် ပိုမိုကောင်းမွန် အောင် ပံ့ပိုးပေးနိုင်ပါတယ်။
ဂျုံမှုန့်နှင့် လိမ္မော်ရည်
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ဂျုံမှုန့်နဲ့ လိမ္မော်ရည်မှာ ပါဝင်တဲ့ ဖီနောဒြပ်ပေါင်းဟာ သွေးတွင်း မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေတာ ကြောင့် တွဲဖက်စားသောက်ပေးရင် ကျန်းမာ ရေးအတွက် ပိုမိုထိရောက်မှုရှိစေပါတယ်။
ပန်းဂေါ်ဖီစိမ်းနှင့် ခရမ်းချဉ်သီး
ဘယ်လို အကျိုးကျေးဇူး ရှိသလဲ
ပန်းဂေါ်ဖီစိမ်းနဲ့ ခရမ်းချဉ်သီးကို တွဲ ဖက်စားတာကြောင့် ဆီးကျိတ်ကင်ဆာကို
Facebook အကောင့် လုံခြုံရေးအတွက် အရိုးရှင်းဆုံး အလွယ်ကူဆုံး နည်းလမ်းများ
(၁) သင့် Facebook အကောင့် လုံခြုံရေးအတွက် ပထမဆုံး လုပ်ဆောင်ရမည့် အချက်မှာ Security Question ပေးရန်ဖြစ်သည်။
Security Question ပေးရန်အတွက် https://www.facebook.com/
Security Question ဆိုတဲ့ ဟာကို နှိပ်ပြီး ပေးပါ။သတိထားရမှာက အဲ့ဒီ Facebook Security Question ကို Update လုပ်လို့ မရလို့  မိမိ ပေးထားတဲ့ အဖြေကို သေချာမှတ်ထားပါ။
လွယ်လင့်တကူအဖြေမျိုးလည်း မဖြစ်ပါစေနှင့်။
ဥပမာ - သင့်မိခင်ဧ။် မွေးရပ်မြေ ဟုရွေးချယ်ထားလျှင် Yangon,Mandalay စသည်ဖြင့် မထည့်ပါနှင့်။
မှားယွင်းသောအဖြေ ဖြည့်စွတ်သောကြောင့်လည်း သင့်ကို Facebook မှ တရားမစွဲပါ။ (မေ့တော့ မမေ့သွားစေနဲ့ ပေါ့)
(၂) Facebook အတွက် အသုံးပြုသော Email ကို နှစ်ခုသုံးပါ။Email နှစ်ခု တစ်ပြိုင်နက်ထားခိုင်းခြင်းကို ဆို လိုပါသည်။
ဖေ့စ်ဘုတ်နှင့်ပတ်သက်၍ ရင်ဖွင့်ပြောကြားလာသူ အိန္ဒြာကျော်ဇင်
အိန္ဒြာကျော်ဇင်က ဒါရိုက်တာတင်အောင်ကျော်ရိုက်ကူးတဲ့ ‘ချိုမြိန်သောမီး’ ဇာတ်ကားကို လူမင်း၊ နေမင်းခတို့နဲ့ သရုပ်ဆောင်နေပါတယ်။ ဒီဇာတ်ကား လေးက ရိုက်နေ ကျဇာတ်လမ်းတွေထဲက တစ်မူကွဲပြားပြီး ထွက်နေတဲ့ ဇာတ်လမ်းမျိုးဖြစ်ပြီး ဒရာမာနည်းနည်းနဲ့ Suspense ဘက်ကိုသွားတဲ့ ဇာတ်လမ်းမျိုးဖြစ်ပါတယ်။
အခုလတ် တလောမှာ မိသားစုကြော်ငြာရိုက်ကူးဖို့ လက်မခံဖြစ်တဲ့ အကြောင်း အိန္ဒြာကျော်ဇင်က ပြောပါတယ်။ မရိုက်ဖြစ်ခြင်း အကြောင်း ကိုတော့…”သူက ကလေးဆိုတော့ ဂျီကျ တယ်။ ကလေးဆိုတော့လည်း အိပ်ချိန်ရှိတယ်။ စားချိန်ရှိတယ်။ သူ့ အိပ်ချိန်၊စားချိန်တွေကို ထိခိုက်မှာ စိုးတယ်။ ရိုက်လို့ရှိရင် လူစိမ်းတွေ အများကြီးရှိတယ်ဆိုရင် နည်း နည်း ဂျီကျမှာစိုးတယ်။ အလုပ်လုပ်မယ့် လူတွေကို အနှောင့်အယှက်ဖြစ်မှာ စိုးလို့ပါ။ ကြော်ငြာရိုက်ဖို့လာပြော တာ ၃ခုရှိတယ်။ သူတစ်ယောက် တည်းရိုက်ချင်တာတစ်ခု၊ မိသားစုနဲ့ ရိုက်ချင်တာ ၂ခုရှိတယ်။ ဒါပေမဲ့ အူဝဲတို့လက်မခံဖြစ်ဘူး။ သူကလူ အများကြီးနဲ့ဆို ဂျီကျချင်တယ်။ အရင်တုန်းက တီဗီကြော်ငြာရိုက်တာ မဟုတ်ဘူး။ ဘေဘုတ် အတွက်ပဲ ရိုက်တာ။ ဓာတ်ပုံဆရာကို အိမ်ခေါ်ပြီး အိမ်မှာပဲ ရိုက်တယ်။ အိမ်မှာ ရိုက်တာဆိုတော့ သူအမြဲတမ်းတွေ့ နေကျ လူတွေရှိတယ်ဆိုတော့ ပြဿနာမရှိဘူးလေ”လို့ ပြောပါတယ်။
ဖေ့စ်ဘုတ်မှာတော့ အိန္ဒြာကျော်ဇင်နာမည်နဲ့
၂ဝ၁၃ ဆီးဂိမ်းအတွက် မကြောက်နဲ့ ကြုံး ၂ဝ၁၃ သီချင်းဖန်တီး J.me
ရန်ကုန်မြို့အကြောင်း၊ ဥရောပ ချန်ပီယံလိဂ် ဘောလုံးပွဲအကြောင်း စတဲ့ အတွေးအခေါ် အယူအဆဆန်း ဆန်းတွေနဲ့ ဟစ်ဟော့ပ်သီချင်းတွေ ကို ဖန်တီးလေ့ရှိတဲ့ ဟစ်ေ ဟာ့ပ်အဆိုတော် ဂျေမီက ၂ဝ၁၃ ဆီးဂိမ်းအတွက် ဟစ် ဟော့ပ်သီချင်းတစ်ပုဒ်ကိုအားတီနဲ့ အတူ ဖန်တီးသီဆိုထားပါတယ်။ အဲဒီ ဆီးဂိမ်းလှုံ့ဆော်ရေး တေးသီချင်း အကြောင်းကို ဂျေမီက “သီချင်းနာ မည်က ‘မကြောက်နဲ့ကြုံး ၂ဝ၁၃’ ။ ရည်ရွယ်ချက်ကတော့ ပရိသတ်တွေ ကို ဘာပဲဖြစ်ဖြစ် စိတ်မလှုပ်ရှားဖို့၊ ကြောက်စိတ်မရှိဖို့ ပြော ထားတာပါ။အဓိကကတော့ မြန်မာ နိုင်ငံမှာ ကျင်းပမှာဖြစ်တဲ့အတွက် ကျွန်တော် တို့ သက်တမ်းတစ်လျှောက်မှာ ဒီ တစ်ကြိမ်ပဲ ကြုံဖူးတာဆိုတော့ စိတ်လှုပ် ရှားမှုတွေ ၊ ကြောက်စိတ်တွေ အတွက် ရင်ဆိုင်ဖို့ခွန်အားအနေနဲ့ ရေးထား တာပါ” လို့ပြောပါတယ်။ ဂျေမီရဲ့ အကြိုက်ဆုံးအားကစားနည်းနဲ့ မြန်မာ့ လက်ရွေးစင်တွေအတွက် အားေ ပး စကားက”ကျွန်တော်ကတော့ သိုင်း တို့၊ ဂျူဒိုတို့ကစားတာကြိုက်တယ်။ မြန်မာတွေက တော်တာများပါတယ်။ ညံ့တဲ့သူတစ်ယောက်မှမရှိသလိုပဲ။ အဓိကကတော့ တော်တာ၊ မတော်တာ ထက်လေ့ကျင့်မှုများတဲ့သူ၊ သက်လုံ ကောင်းတဲ့သူက ဆရာဖြစ်သွားတာ ပဲ။ နေရာတိုင်းမှာပေါ့။ မြူးဇစ်လည်း အဲဒီလိုပဲ။ ဘယ်လောက်ပဲ တော်ေ န တော်နေ လေ့ကျင့်မှုမရှိရင်တော့ ပြုတ် ကျသွားမှာ ပဲ” လို့ပြောပါတယ်။
၂ဝ၁၃
ခုနှစ်၊ ဒီဇင်ဘာလမှာ မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမယ့်
ဆီးဂိမ်းပြိုင်ပွဲမှာ ပြိုင်ပွဲ ဝင်မယ့် နိုင်ငံ့ဂုဏ်ဆောင် အားကစား
သမားတွေနဲ့ အားပေးမယ့် ပရိသတ် တွေကိုလည်း ဂျေမီက “ဘယ်သူ့ကိုပဲ အားပေး၊
အားပေး ပရိသတ်ကတော့ဘုံပါပဲ။ ပွဲကြည့်ချင်လို့လာတဲ့အတွက် ပွဲလှဖို့ကတော့
ကိုယ့်အပေါ်မှာပဲ တာဝန်ရှိတ ယ်။ စည်းကမ်းရှိဖို့က လည်း လိုတယ်။
အိမ်ကွင်းဖြစ်တဲ့ အတွက် တခြားနိုင်ငံ သူတို့အိမ်ကွင်း ကို သူတို့
ဘယ်လိုတာဝန်ယူသွားလဲ။ အဲဒါကို ကြည့်ပြီး
Monday, 25 February 2013
ကော်နက်ရှင် မကောင်းလည်း Youtube ဗီဒီယို ဖြောင့်ဖြောင့်တန်းတန်း ကြည့်နည်း
မယုံလို့ ကိုယ်တိုင် စမ်းသုံးကြည့်လိုက်တာ တကယ်ပဲ မှန်ကန်နေတာ တွေ့ရပါတယ်။ မြန်မာပြည်ကနေ Youtube ဗီဒီယိုကို မထစ်မငေါ့ပဲ ဖြောင့်ဖြောင့်တန်းတန်း ကြည့်ဖို့ဆိုတော လောလော ဆယ်မှာ မလွယ်ကူတဲ့အနေအထားတစ်ခု ဖြစ်ပါတယ်။သို့ပေမ့ယ်ဒါကို ဖြေရှင်းပေးမယ့်နည်းလေးလေး တွေ့လိုက်ပါပြီ။ Feather Beta ဆိုတာလေးပါ။ Youtube မှာ ပါတဲ့ Like , Comments, Links နဲ့ ဆိုဒ်ကိုလေးစေတဲ့ အခြားအခြားသော UI နဲ့ Gadgets တွေကို ဖြုတ်ထားပေးမှာ ဖြစ်ပါတယ်။ အောက်ပါ လခ့်ကနေ ဝင်ရပါမယ်။ ပြီးတော့ ပုံမှာပြထားတဲ့ Join "Feather" Beta ဆိုတာလေးကို နှိပ်ယုံပါပဲ။ ပြီးရင် ကိုယ်ကြည့်ချင်တဲ့ Youtube က ဗီဒီယို၊ MTV တွေကို ရှာပြီး ကြည့်လိုက်ရုံပါပဲ။
Sunday, 24 February 2013
ရရင်လုပ်ပေးပါတယ်
မြန်မာ့လေကြောင်းလိုင်း လက်မှတ်အရောင်းဌာန သို့ မြန်မာစကားတတ်သော နိုင်ငံခြားသားတစ်ဦးရောက်လာ၏။
သူ၏ ပတ်စပို့ ထဲသို့ ငွေကျပ် တစ်သောင်း ထည့်ကာ စာရေးမဆီသို့ပေးလိုက်၏။
" ညီမလေး၊နေပြည်တော်....ကိုသွားဖို့လက်မှတ်တစ်ဆောင်လောက် ရောင်းပါ "
စာရေးမက......" လက်မှတ်ကုန်ပြီရှင့် "
နိုင်ငံခြားသားလည်း နောက်ထပ် ငွေ တစ်သောင်း ပေးလိုက်သည်။
" ညီမလေး...ကြိုးစားပေးပါဦး၊ အင်မတန်အရေးကြီးလို့ပါ "
စာရေးမ က တယ်လီဖုန်းကို ကောက်ကိုင်လိုက်၏။
စာရေးမ ပုံစံက ဖြတ်လပ်နေပီး....လဒ်ပေးရန် ကြိုးစားမှူဖြင့် သက်ဆိုင်ရာကို အကြောင်းကြားပီ လားဟုစိုးရိမ် စိတ်ဝင်လာ၏။
ဘွဲ့နှင်းသဘင် ဦးထုပ် ဖြစ်ပေါ်လာပုံ
ဘွဲ့နှင်းသဘင်ဦးထုပ် (mortarboard) ဟာ ရောမခေတ် အီတလီလူမျိုးများမှ ဆင်းသက်လာခြင်းဖြစ်ပါတယ်။
ယင်းဦးထုပ်ကို ရှေးအခါ ရိုမန်ကတ်သလစ်ဘုန်းကြီးများက ဆောင်းကြ ပါတယ်။ ယခုခေတ် ဘွဲ့နှင်းသဘင်ဦး ထုပ်ဒီဇိုင်းနဲ့ သိပ်မကွာတဲ့အတွက် ဘွဲ့နှင်းသဘင်ဦးထုပ်အစ ရိုမန်ကတ်သလစ် ဘုန်းကြီးက လို့ ယုံကြည်ကြ ပါတယ်။ ၁၄၊ ၁၅ ရာစုမှာတော့ ရောမ အီတလီတွေဟာ လူတန်းစား ခွဲခြားဖို့အတွက် ယင်းဦးထုပ်ကို တွင်တွင်ကျယ်ကျယ်အသုံးပြုခဲ့ကြပါတယ်။
ဥပမာ- စာရေးဆရာ၊ ကဗျာဆရာ၊ အတွေးအခေါ်ပညာရှင်၊ အင်ဂျင်နေယာ၊ ကျောင်းသာလူငယ် စသည်ဖြင့် လူအမျိုးမျိုးကို ဦးထုပ် အရောင်အမျိုးမျိုးနဲ့ခွဲခြားစေပါတယ်။ သူတို့ခေတ်မှာ အဆင့်အတန်း အမြင့်ဆုံးကတော့ အနီရောင် Motarboard ဖြစ်ပါတယ်။ ရဲရင့်ခြင်းသဘော၊ အသက်နဲ့ ဘဝကို ကိုယ်စားပြုသည့် သဘောကို ဆောင်ပြီး တော်ဝင် အာဏာ ရှိသူတွေကို အနီရောင် Motarboard ဆောင်းစေပါတယ်။
ရောမ စစ်သေနာပတိ Federico da Montefeltro ဟာ သူ ဆောင်းတဲ့ အနီရောင်ဦးထုပ်ကို အင်မတန် ချစ်မြတ်နိုးခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ အသက်မွေးဝမ်းကျောင်း ပညာသင်ကြားမှုများမှ မာစတာ ဒီဂရီရရှိသူများကို အသိအမှတ်ပြုရန်
စံ-ဇာဏီဘို ဟောစာတမ်း မိုဘိုင်းဖုန်းများတွင် ဖတ်နိုင်ပြီ
စံ-ဇာဏီဘို၏ ယခုနှစ် ဗေဒင် ဟောစာတမ်း Application ကို မိုဘိုင်းဖုန်း များတွင် ထည့်သွင်း ဖတ်ရှုနိုင်ပြီ ဖြစ်သည်။ အဆိုပါ ဗေဒင် Application များကို Android ဖုန်းများတွင် သုံးစွဲနိုင်ရန် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှ စတင် ဖြန့်ချိခဲ့ခြင်း ဖြစ်သည်။
''ဈေးကွက်ထဲမှာရှိတဲ့ ဗေဒင် Application တွေလို မဟုတ်ပါဘူး။ ဆရာစံ-ဇာဏီဘို ကိုယ်တိုင် ရေးသား တွက်ချက်မှုများ အတိုင်း စီစဉ်ပေးထားတာပါ။ ဆရာ ကိုယ်တိုင်လည်း တရားဝင် ခွင့်ပြု ပေးထားပါတယ်''ဟု Technomation မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
ဗေဒင် တွက်ချက်မည် ဆိုပါက တွက်ချက်သူ၏ အမည်၊ လက်ရှိ ရောက်နေသည့် အသက်နှင့် မွေးနေ့များကို ထည့်သွင်း ပေးရုံဖြင့် အလိုအလျောက် တွက်ချက်ပေးသွား မည်ဖြစ်ပြီး ယတြာများကိုပါ ထည့်သွင်းပေး ထားကြောင်း ၄င်းက ဆက်လက်ပြောသည်။
''၁၂ ရာသီ ဗေဒင်၊ အချစ် ဗေဒင်နဲ့ ကံ အကျိုးပေးဆိုပြီး အဓိက ကဏ္ဍ သုံးပိုင်းမှာ ၁၂ ရာသီ ဗေဒင်ကို အနောက်တိုင်း ရာသီခွင် တစ်ခုချင်းအလိုက် တစ်ပတ်စာ အသေးစိတ် ဟောကိန်းများ ပါဝင်မှာပါ။ ရာသီခွင် တစ်ခုချင်း မှာလည်း
နောနော်ရဲ့ မလှည့်စားနဲ့သီချင်းကို အမေရိကန်တယောက် ကမြန်မာလို ပီပီသသ သီဆို (သတင်း/ရုပ်သံ)
နောနော်ရဲ့ မလှည့်စားနဲ့သီချင်းကို အမေရိကန်တယောက် ကမြန်မာလို ပီပီသသ နဲ့တော်တော်ကောင်းအောင် သီဆိုထားတာ ဖြစ်ပါတယ်။ မြန်မာစကားကိုလေ့လာနေတဲ့ လူတယောက်လို့သိရပြီး မြန်မာလူမျိုးတွေလို မြန်မာစကားပြောတတ်ချင်တယ်လိ
Saturday, 23 February 2013
သတ်သတ်လွတ်စားသုံးပါက နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်
သတ်သတ်လွတ်စားသုံးပါက နှလုံးရောဂါ ကြောင့် ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင် ခြေတွေကို လျှော့ချပေး နိုင်ကြောင်းလတ် တလောပြုလုပ်ခဲ့ တဲ့ သုတေသန တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။ သုတေသီတွေ က လူပေါင်း ၄၄၅၀ဝ ကျော်ကို ၁၁ နှစ်ကြာ သုတေသ န ပြုလုပ်ခဲ့ရာ သတ်သတ်လွတ် စားသုံးတာက နှလုံး နဲ့သွေးကြော ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အသက် ၅၀-၇၀ ကြားရွယ်တွေမှာ လေ့လာခဲ့ရာ ငါးနဲ့အသားစား သုံးတွေက သတ်သတ် လွတ် စားသုံးသူတွေထက် နှလုံးရောဂါကြောင့် ဆေးရုံ တက်ရတာနဲ့ သေဆုံးတာတွေ ကိုတွေ့ရပါတယ်။ သတ်သတ်လွတ် စားသုံးသူတွေမှာ သွေးတွင်းကို လက်စထရောနဲ့ သွေးပေါင်တွေ ပုံမှန်
မျက်ကပ်မှန်တွင်ရှိသည့် မှိုပိုးကြောင့် မျက်ကြည်လွှာ ပျက်စီးသွားသူ
အသက်၆၂နှစ်အရွယ် ပင်စင်စားအမျိုးသမီး JuneScottဟာ သူမရဲ့ မျက်ကပ်မှန်ကြောင့် မျက်လုံးတစ်ဖက်မှာ ရောဂါပိုးဝင်ရောက်ကာ ဘယ်ဘက်မျက်စိ ကွယ်သွားတယ်လို့ သိရပါတယ်။ သူမရဲ့မျက်ကပ်မှန်က မျက်ကြည်လွှာကို စားသွားတာကြောင့် လို့ဆိုပါတယ်။ သူမအနေနဲ့ မျက်ကပ်မှန်တပ်ပြီးနောက် အလင်းရောင်ကို မမြင်ရတဲ့အတွက် သူမရဲ့မျက်လုံးအတွင်း ဆံစ၀င်နေတယ်ထင်ပြီး ဆေးရုံကို အရေးပေါ်သွားခဲ့ရပါတယ်။ ဆေးရုံမှာ မျက်စဉ်းဆေးတွေ ခတ်ပေးပေမယ့် အခြေအနေ ပိုဆိုးလာခဲ့ပါတယ်။ မျက်စိဆရာဝန်တွေက သူမရဲ့ ဘယ်ဘက်မှာ တပ်ထားတဲ့ မျက်ကပ်မှန်အတွင်း Fusariumခေါ်တဲ့ မှိုပိုးဝင်ရောက် နေတဲ့အတွက် မျက်ရည်လွှာကို ဖြတ်တောက်ပစ်ဖို့ ဆေးရုံမှာ သုံးကြိမ်တိုင်တိုင် ခွဲစိတ်မှု ပြုလုပ်ရပြီး ခန္ဓာကိုယ်တွင်း ၀င်ရောက်နေတဲ့ မှိုပိုးတွေကို အကြောတွင်းမှ ဆေးရည်သွင်းကာ ဖယ်ရှားပစ်လိုက် ရတယ်လို့ သိရပါတယ်။ ဂျွန်စကော့အနေနဲ့ အင်္ဂလန်နိုင်ငံမှာ
လမ်း
လမ်းဆိုတာ တစ်လမ်းတည်း ဘယ်တော့မှ မရှိပါဘူး။ လူဆိုတာ ကိုယ်သွားနေကြလမ်းကို ပဲ ပုံမှန်အတိုင်းသွားတတ်ကြတာ ထုံးစံပါပဲ။ တစ်ခါတစ်လေတော့လည်း လမ်းသစ်တွေကို ရှာဖွေတတ်ကြပါတယ်။ လမ်းသစ်တွေကို မတွေ့ခင်အထိတော့ ကိုယ်သွားနေကြ လမ်းက ကိုယ့်အတွက် အကောင်းဆုံးလို့ ထင်ကြမှာပါပဲ။
လမ်းသစ်ကို ရှာတယ်ဆိုတာကလည်း စွန့်စားရတဲ့ အလုပ်တစ်ခုဆိုတော့ တော်ရုံလူက မလုပ်ချင်ကြပါဘူး။ ဒီလိုပဲ ကျွန်တော်တို့ လူ့ဘ၀မှာ ကိုယ်သွားနေကြလမ်းဟောင်းကြီးကိုပဲ အမြစ်တွယ်ပြီး သွားနေကြတဲ့ လူတွေ အများကြီးရှိကြမှာပါ။
ကိုယ်သွားနေကြလမ်းမှာ အခြား သွားလို့ ရနိုင်တဲ့ ပန်းတိုင်ကို ပိုပြီး ချောမွေ့စွာ ရောက်နိုင်တဲ့ လမ်းတွေ အများကြီး ရှိနိုင်မှာပါပဲ။ ဒါပေမယ့် အချိန်မပေးနိုင်တာ၊ အခက်အခဲဖြစ်မှာကို ကြောက်တာကြောင့် လမ်းသစ်ကို မရှာဖွေ ဖြစ်ကြတဲ့ လူတွေ အများကြီး ရှိကြမယ်လို့ ထင်ပါတယ်။ ဒါပေမယ့် လမ်းသစ်တစ်ခုကို အချိန်တစ်ခုပေးပြီး စမ်းသပ်ရှာဖွေပြီး ကိုယ်နဲ့ သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုတွေ လုပ်သင့်ပါတယ်။
လမ်းသစ်ဖြစ်တိုင်းလည်း ကောင်းလာလိမ့်မယ်လို့ အတတ်ပြောလို့တော့ မရဘူးပေါ့ဗျာ။ ဒါပေမယ့် ကိုယ်သွားနေတဲ့ လမ်းကြောင်းနဲ့ နှိုင်းယှဉ်ကြည့်ပြီး ကိုယ့်အတွက် သင့်တော်မယ်ထင်ရင် ပြောင်းလဲမှုဆိုတာမျိုးက လုပ်သင့် စွန့်စားသင့်တဲ့
Friday, 22 February 2013
တစ်ကိုယ်လုံး လန်းဆန်းလှပ သွားစေရန်
ချိုမြိန်တဲ့ ရနံ့လေးတွေ နဲ့အတူခန္ဓာ ကိုယ်တစ်ခုလုံး လန်းဆန်း လှပသွားစေဖို့ သင်စားနေကျ အစား အစာတွေ ထဲကနေ ဖန်တီးနိုင်တယ်ဆို တာသင်သိ ပါရဲ့လား။ စိတ်ရောကိုယ်ပါ ကြည်လင် လန်းဆန်း သွားစေဖို့နဲ့ သင့်အရေ ပြားကိုပါ ကျန်းမာလှ ပစေဖို့ အထောက် အကူပြု နည်းလမ်းလေးတွေ ရှိပါတယ်။ မွေးပျံ့ တဲ့ ရနံ့လေးနဲ့အတူ တစ်နေ့တာ လုံးလန်းဆန်း လှပနေစေဖို့ လေ့လာ ကြည့်ရအောင်နော်။
လီမွန် ကိတ်ရနံ့ဖြင့် Body Scrub အရေပြားပေါ်မှာ ကြေးချွတ် ပွတ် တိုက်ချိန်မျိုးမှာ လီမွန်ရနံ့နဲ့ ကိတ်မုန့်တစ်လုံးကို စားရသလို ခံစားနေရစေပြီး သင့်အရေပြားကို အမှန် တကယ် သန့်စင်စေကာ ပျော့ပျောင်း ချောမွေ့စေ ပါတယ်။ ပြုလုပ်အ သုံးပြုနည်း အညိုရောင် သကြား တစ်ခွက်၊ သံလွင်ဆီ ဒါမှမဟုတ် နေကြာဆီ ခွက်တစ် ခွက်ရဲ့ တစ်ဝက်၊ သံပရာရည် ဒါမှမဟုတ် သံပုရာ အမှုန့်လက်ဖက် ရည်တစ်ဇွန်း၊ သစ်ခွရနံ့အရည် လက်ဖက်ရည် တစ်ဇွန်း စတာတွေကို ရောမွှေလိုက်ပါ။
အေးပြီး ခြောက်သွေ့တဲ့နေရာမှာသိမ်းထားပြီး သင့်အရေပြားပေါ်မှာ ပွတ်တိုက်ကြေး ချွတ်သန့်စင်တဲ့ပစ္စည်းတစ်ခုအဖြစ် အသုံးပြုေ ပးနိုင်ပါတယ်။ စတော်ဘယ်ရီ ကိတ်ရနံ့ဖြင့် ရေချိုးဆား ချိုမြိန်တဲ့ ရနံ့ကြောင့် သင့်ကြွက်သား တွေကိုပါ သက်သောင့်သက်သာဖြစ်စေ ပါတယ်။အရောင်လှလှလေးတွေ ပေါင်း စပ်ဖန်တီးထားပြီး သင့်ရေချိုးခန်းလေး ထဲမှာ လှပနေပါစေ။
ပြုလုပ်အသုံးပြုနည်း ဆားခွက်နှစ်ခွက် (ဆားနုနုလေး တွေကိုသုံးပါ)၊ စတော်ဘယ်ရီအမှုန့် ထမင်းစားနှစ်ဇွန်း၊ သစ်ခွရနံ့အမှုန့် ထမင်း စားနှစ်ဇွန်းကိုရောမွှေပါ။ မွှေထားတဲ့ဆား တွေကို ခွက်တစ်ခွက်စီပြန်ခွဲပြီး အစားအ စာတွေထဲထည့်တဲ့ အနီရောင်မှုန့်နဲ့ အဝါ ရောင်မှုန့်ကို ခွက်တစ်ခွက်စီမှာ တစ်ဇွန်း စီ ထည့်ပြီး
Thursday, 21 February 2013
မိခင်တစ်ယောက် ဖြစ်ခွင့်ရချင်စိတ်နဲ့ ချောရတနာ
ချောရတနာက အိမ်ထောင် ကျပြီးနောက်ပိုင်းမှာ
အနုပညာ အလုပ်တွေ သိပ်မလုပ်ဖြစ်ပေ မယ့်လည်း အနုပညာနဲ့ အဆက် မပြတ်
သွားအောင်တော့ လေ့လာဖြစ်နေပါ တယ်လို့ပြောပါတယ်။ “ချောက
အခုဆိုအိမ်ထောင်ကျပြီး အနုပညာအလုပ်ကို သိပ်ပြီးမလုပ်ဖြစ်တော့ဘူး။
အိမ်မှာတော့ အားနေတဲ့အချိန်ဆိုရင် အခွေတွေ ကြည့်ဖြစ်တယ်။
ဇာတ်ကားအစုံကြည့်တယ်။ စာအုပ်ဖတ်တယ်။ အပြင်လည်း သိပ်ပြီးတော့
အရင်ကတည်းကမထွက်ဖြစ်တော့ အိမ်မှာပဲစာဖတ်လိုက်၊ အခွေကြည့်လိုက်ပဲနေဖြစ်တယ်”
လို့ အိမ်ထောင်ကျပြီး အနုပညာအလုပ် သိပ်မလုပ်ဖြစ်တဲ့အကြောင်း ပြောပါတယ်။
ချောရတနာက အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ မိသားစုနဲ့ ညီမဖြစ်သူ
သန္တာဗိုကိုလည်း အစ်မတစ်ယောက်အနေနဲ့ အလုပ်နဲ့ပတ်သက်ပြီးတော့
အကြံဥာဏ်ပေးဖြစ်နေတုန်းပဲလို့ ဆိုပါတယ်။
“ချောရဲ့ညီမလေးနဲ့လည်း
ချောက နေ့တိုင်းလို ဖုန်းပြောဖြစ်တယ်။ မပြောဖြစ်ရင်
အပြင်မှာတွေ့ဖြစ်တယ်။တွေ့တဲ့အခါ သူ့ရဲ့အလုပ်နဲ့ ပတ်သက်တာတွေကိုပဲ
ချောကိုပြောပြတယ်။ ချောက ပြောပေးနိုင်တာ၊ လုပ်ပေးနိုင်တာလေးတွေဆိုရင်
သူ့ကို အကြံပေးဖြစ်တယ်။ သူ့ကို တအားချုပ်ချယ်တာတွေတော့ ချောမလုပ်ဘူး။
နောက်ပြီး ချောက သူ့ကို ဒါကိုဖြစ်အောင်လုပ်ရမယ်ဆိုပြီး ဘယ်တော့မှမပြောဘူး။
သူ့ ဘာသာသူ ပျော်သလိုကြိုးစားပြီး
၅၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲအတွက် အကောင်းဆုံးဆုရရှိကြသူများ
ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်ကျင်းပသည့် ၅၅ ကြိမ်မြောက် ဂရမ်မီဆုပေးပွဲကို ဘရူနိုမားစ်က ဦးဆောင်ဖွင့်လှစ်လိုက်သည်။ ထို့နောက် ရီဟားနားက ကွယ်လွန်သွားရှာပြီဖြစ်သည့် ဂီတဖခင်ကြီး ဘော့မာလီ၏ ရုပ်တုကို အလေးပြုခဲ့သည်။ ဂရမ်မီဆုပွဲတော်တွင် အဓိကဖျော်ဖြေရေးတာဝန်ယူထားရသူမှာ ဂျပ်စတင်တင်ဘားလိတ်ဖြစ်ပြီး တေလာ ဆွစ် ၊ အဒဲလ် ၊ ကေတီပယ်ရီ ၊ ဂျပ်စတင်တင်ဘာလိတ်၊ နီလ်ကိုးကစ်ဒ်မင်း၊ နေးလ်ပက်ထရစ်ဟားရစ်နှင့် ကိတ်အာဘန်တို့ကလည်း ကကွက်ပေါင်းစုံဖြင့် ဖျော်ဖြေခဲ့ကြသည်။ ဆန်ကာတင်စာရင်းတွင် ဆုခြောက်ဆုအထိရမည်ဟု ခန့်မှန်းထားကြသော ဒန်အော်ရာဘတ်ရှ် က ဂရမ်မီဆုလေးဆု တိတိရရှိသွားကြောင်း ကြေညာလိုက်ချိန်မှာ ပရိသတ်များအားလုံး ပွဲဆူသွားကြသည်။ ဂျေဇီး၊ ဘလက်ကီး၊ ကန်းရေးဝပ်စ်၊ ဆွန်နီဂျွန်မိုးနှင့် ဝေါလ်တာဝေါ်လီဒီဘာကာ တို့က
မျက်နှာကလေး ဖြူဖွေး နူးညံ့ ချောမွေ့နေစေဖို့ သကြားရဲ့အစွမ်း
လူတိုင်း အလှနဲ့ပတ်သက်ရင် မျက်နှာကို ပထမ ဦးစားပေးကြပါတယ်။
ကိုယ်မျက်နှာလေး နူးညံ့ဝင်းပ ချော့မွေ့ နေစေဖို့ အတွက် သကြားရဲ့ လျှို့ဝှက်ချက်တချို့ကို မျှဝေပေးချင် ပါတယ်။ သကြားဟာ တကယ်တော့ ကာဗွန် တမျိုးပါဘဲ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိပါတယ်။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိပါတယ်။
လုပ်ပုံလုပ်နည်းကလေးကတော့ နေ့စဉ် ည အိပ်ရာမ၀င်မီ ၁ နာရီလောက် အလိုတိုင်း မျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အသုံးပြုတဲ့ ဆပ်ပြာကလည်း အကြမ်းစား အပေါစားတွေတော့ မသုံးသင့်ပါဘူး။ သင့်တင့်တဲ့ မျက်နှာ သစ် ဆပ်ပြာအနုစား တမျိုးမျိုးနဲ့ သုံးတာပိုသင့်တော်ပါတယ်။
မျက်နှာသစ်ပြီး ၁၅ မိနစ်လောက် မျက်နှာက ရေကို မသုပ်ဘဲ ထားရပါမယ်။ ပြီးရင်တော့ သကြားမှုံမှုံမျိုးကို မိမိရဲ့ မျက်နှာပြင်မှာ ညင်သာစွာနဲ့ ပွတ်ပေးရပါမယ်။ တဖြည်းဖြည်းချင်း ပွတ်နေရင်းက ကိုယ်ပူချိန်ကြောင့် မျက်နှာဟာ ချွဲလာပါမယ်။
အဲဒီလို သကြားမှုံများ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်ခန့် ညင်သာစွာနဲ့ မျက်နှာ တပြင်လုံးကို ပွတ်နယ်ပေးနေပါ။ ၁၅ မိနစ်ကြာပြီးနောက်ပိုင်း
Wednesday, 20 February 2013
ဘုကျကျသူဌေးနှင့် ဘုကျကျ အင်တာဗျူး
သူဌေးတစ်ယောက်ဟာ သူ့အလုပ်သစ်တိုးချဲ့ ဖို့အတွက် ဝန်ထမ်းလိုအပ် တဲ့အတွက် အင်တာဗျူး စခေါ်ပါတယ်။ သူ့မှာ နားရွက် မပါတဲ့ ရပ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိပါတယ်။
အင်တာဗျူး ပထမဆုံး ဝင်တဲ့ လူကို မေးလိုက်တယ်။ "မောင်ရင် လုပ်ရမယ့် အလုပ်က အသေးစိတ်အချက်ကြတယ်။ အဒါတွေ မပြောခင် အန်ကယ့် မှာ ဘာထူးခြားချက်လေး ရှိလဲ မြင်သလောက်လေး ပြောပါအုံး"
"အန်ကယ့်မှာ နားရွက်မပါဘူး" လို့ပြန်ဖြေတဲ့အခါ သူဌေးက
"မောင်ရင် မင်းသွားလို့ ရပြီ" လို့ပြောပြီး အပြင်ထွက်ခိုင်းလိုက်ပါတယ်။
ဒုတိယမြောက် အင်တာအဗျူးခံမယ့် လူဝင်လာတော့လည်း "မောင်ရင် လုပ်ရမယ့် အလုပ်က အသေးစိတ်အချက်ကြတယ်။ အဒါတွေ မပြောခင် အန်ကယ့် မှာ ဘာထူးခြားချက်လေး ရှိလဲ မြင်သလောက်လေး ပြောပါအုံး" လို့ပဲ မေးပါတယ်။ ဖြေတဲ့ သူက
ခန္ဓာကိုယ်ထဲက အဆိပ်တွေ ထုတ်ချင်ရင်
နားတွင် အပ်စိုက်ကုသပုံ၊ ဓာတ်ပုံ-acupuncturechicago.
အရက်၊ ဆေးလိပ်၊ ကွမ်းယာ၊ မူးယစ်ဆေးဝါး စတာတွေ သုံးစွဲလာတာ ကြာတဲ့အခါ လူ့ခန္ဓာကိုယ်ထဲမှာ အဆိပ်တွေ သင့်နေတယ် လို့ ဆိုပါတယ်။
အဲဒီလိုအဆိပ်တွေ သင့်နေတာတွေကြောင့် လူတွေဟာ အသက်တိုခြင်း၊ မကျန်းမာခြင်းတွေဖြစ်ကြတာ ပါတဲ့။
ဒါကြောင့် အသက်ရှည် ကျန်းမာစေဖို့အတွက် အပ်စိုက်နည်းစနစ်၊ ချွေးထုတ် နည်းစနစ်တွေကို အသုံးပြုပြီး အဲဒီအဆိပ် တွေကို ထုတ်ပေးနေသူနဲ့ အုန်းပြန့် ဒုက္ခသည်စခန်းမှာ မထင်မှတ်ဘဲ တွေ့ဆုံခဲ့ပါတယ်။
အုန်းပြန့် ဒုက္ခသည်စခန်းတွင်းမှာ အဆိပ်ထုတ်ပေးတဲ့ ဦအောင်ငွေစန်းနဲ့ ဒုက္ခသည်တချို့၊ ဓာတ်ပုံ- အိမ့်သံစဉ်( ဧရာဝတီ) ~
သူကတော့ ဦးအောင်ငွေစန်း ဖြစ်ပြီး သူ့ အလုပ်အကိုင်ကိုမေးတော့ သူက အမြဲလမ်းလျှောက်နေတတ် တာဖြစ်ပြီး စခန်းတွင်း မူးယစ်ဆေး တိုက်ဖျက်ရေးလုပ်ငန်းတွေလုပ်နေတာပါတဲ့။
“အရက်တို့ ဆေးလိပ်တို့ ကွမ်းတို့ စားတာ အနှစ်နှစ်အလလ ကြာလတော့ သူ့ကိုယ်ထဲက အဆိပ် သင့်သွေးတွေ၊ အဆိပ် ငွေ့တွေကို နားမှာ အပ်စိုက်ကုသပေးပြီး ကျနော်တို့က ထုတ်ပေးတယ်”လို့ သူက
တူနှင့်ထုတောင် မကွဲနိုင်သော အိုင်ဖုန်း စခရင်ကာဗာ
တူနဲ့ထုတောင် မကွဲဘူးဆိုတော့ ရည်ရွယ်ချက်ကြီးနဲ့တော့ သွားမထုလိုက် ပါနဲ့။ သူက ကြော်ငြာဆိုတော့ နည်းနည်းလေး ပိုပြောလိုက်ရမှ စွဲဆောင်မှု ရှိတယ်လို့ ထင်ပုံရပါတယ်။
သို့ပေမယ့် တကယ်လည်း အကြမ်းခံပါတယ်။ အာမခံလည်း ပေးထား ပါတယ်။ နာနိုနည်းပညာနဲ့ ပြုလုပ်ဖန်တီးထားတဲ့ ယင်း Screen Shield (မျက်နှာပြင် ကာဗာ) ကို Rhino လို့အမည်ပေးထားပါတယ်။ အသုံးပြုတဲ့ သတ္တုက ဘာလဲ ဆိုတောင် ရှင်းရှင်းမပြောထားပါဘူး။ Touch Sense လည်းပုံမှန်အတိုင်း ရှိစေပြီး Crystal Clear မျက်နှာပြင်ကြောင့် မူလရုပ်ထွက်လည်း မပြောင်းလဲ စေဘူးလို့ ဆိုပါတယ်။
သွားရင်းလာရင်း အိုင်ဖုန်းပြုတ်ကျသွားရင်တောင် ဘယ်လိုမှ ဖန်သားပြင် ကွဲစရာ အကြောင်းမရှိဘူးလို့ဆိုပါတယ်။ နမော်နမဲ့နိုင်သူများအတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။ ဝိတ်လည်းမလေးပါဘူး။ အလွှာပါးပါးလေးသာ ဖြစ်ပြီး သူ့ကိုတပ်ဆင်ထားမှုက
Tuesday, 19 February 2013
ဘယ်သူကဲ့ရဲ့ကဲ့ရဲ့ ဘုရားမကဲ့ရဲ့အောင်နေ
စိတ်မှာအသိဥာဏ်နည်းရင် ရိုင်းတယ်၊
စိတ်မှာအသိဥာဏ်များရင် ယဉ်ကျေးတယ်။
ဆဲဆိုတာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ကဲ့ရဲ့တာသူ့အလုပ် သည်းခံတာကိုယ့်တာဝန်၊
ချစ်စရာကောင်းတာသူ့အလုပ်၊ မချစ်မိအောင်သည်းခံတာကိုယ့်တာဝန်၊
မုန်းစရာကောင်းတာသူ့အလုပ်၊ မမုန်းမိအောင်သည်းခံတာကိုယ့်တာဝန်။
စိတ်မပူလောင်ချင်ရင် ဘယ်သူ့ကိုမှမချစ်ပါနဲ့၊
စိတ်မဆင်းရဲချင်ရင် ဘယ်သူ့ကိုမှမမုန်းပါနဲ့။
ကိုယ့်ကိုကိုယ်စိတ်ကောင်းရှိတယ်၊ သဘောထားကြီးတယ်လို့ ယူဆထားရင်၊
ကြီးတဲ့အပြစ်သေးအောင်၊ သေးတဲ့အပြစ် ပပျောက်အောင် ပြုလုပ်နိုင်စွမ်း
ရှိရမယ်။
သူတစ်ပါးရဲ့အမှားချို့ယွင်းချက်ကို အပြစ်မြင်၊ အပြစ်တင်မယ်ကြံတိုင်း၊
ငါ့မှာရော အမှားလုံးဝမရှိဘူးလား လို့ ဆင်ခြင်နှလုံးသွင်းနိုင်မယ်ဆိုရင်တော့၊
သူတစ်ပါးရဲ့လုပ်ရပ်တွေအပေါ် သည်းခံခွင့်လွှတ်နိုင်စွမ်း တိုးပွားလာမှာ
အမှန်ပဲ။
ဘယ်အာရုံနဲ့တွေ့တွေ့တုန်လှုပ်မှုမရှိပဲ စိတ်ချမ်းသာအောင်
နေတတ်ခြင်းဟာ စိတ်ကျန်းမာရေးပါပဲ။စိတ်ကျန်းမာရေး ချို့ယွင်းသူတွေရဲ့
အဓိကအားနည်းချက်ကတော့၊ အရာရာကို နားလည်မှု ခွင့်လွှတ်မှု
ခေါင်းပါးခြင်းပဲ။
လေယာဉ်မယ်တစ်ဦးရဲ့ ပြောင်မြောက်တဲ့ ဆုံးဖြတ်ချက်
ဒီအဖြစ်အပျက်လေးက ဘရာဇီးနိုင်ငံက အကြီးဆုံး လေကြောင်းလိုင်းဖြစ်တဲ့ TAM Airline မှာဖြစ်ခဲ့တာပါ။
တစ်နေ့မှာ အသက် ၅၀ လောက်ရှိတဲ့ လူဖြူမိန်းမ တစ်ယောက်ဟာ သူ့ရဲ့ ထိုင်ခုံမှာ ၀င်ထိုင်ဖို့လုပ်တော့ သူရတဲ့ထိုင်ခုံက လူမည်းတစ်ယောက်ဘေးမှာ ဖြစ်နေတာကို တွေ့လိုက်တယ်။ သူလည်း လေယာဉ်မယ်ကို ချက်ချင်းခေါ်လိုက်တာပေါ့။
လေယာဉ်မယ်က ရောက်လာပြီး ဘာဖြစ်လို့လည်းလို့မေးတော့ သူ့ကို လူမည်းတစ်ယောက်ဘေးမှာ နေရာပေးထားတာ မမြင်ဘူးလားပေါ့ ပြီးတော့ လူမည်းနဲ့ အတူမထိုင်နိုင်တဲ့အတွက် သူ့ကိုနေရာပြောင်းပေးဖို့ တောင်းဆိုပါတယ်။
လေယာဉ်မယ်ကလည်း စိတ်အေးအေးထားပါပေါ့။ ထိုင်ခုံလွတ်တွေကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် တစ်နေရာလောက် ရနိုင်မလားလို့ ပြန်စစ်ပေးပါ့မယ်လို့ ပြောလိုက်ပါတယ်။
ခဏနေတော့ လေယာဉ်မယ် ပြန်ရောက်လာပြီး ရိုးရိုးတန်းမှာ ထိုင်ခုံလွတ် မရှိတော့တဲ့ အကြောင်းပြောပါတယ်။ Captain ဆီကလည်း ရိုးရိုတန်းမှာ ထိုင်ခုံလွတ် မရှိတော့တဲ့အကြောင်း အတည်ပြုချက်ယူပြီးပါပြီ။ ပထမတန်းမှာပဲ ထိုင်ခုံလွတ်တွေ ကျန်တော့တယ်လို့ ပြောပါတယ်။
လူဖြူမကြီး ဘာမှထပ် မပြောခင် လေယာဉ်မယ်ကပဲ ဆက်ပြောပါတယ်။ သူတို့ company အနေနဲ့ ခရီးသည်တစ်ဦးကို ရိုးရိုးတန်းကနေ ပထမတန်းကို ပြောင်းပေးရိုးထုံးစံ မရှိပါဘူး။ ဒါပေမယ့် လက်ရှိ အခြေအနေအရ ခရီးသည်တစ်ဦးရဲ့ ခံစားချက်ကြောင့် သူ့ဘေးမှာရှိတဲ့လူကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်လို့ ပြောပါတယ်။
ပြီးတော့ လေယာဉ်မယ်လည်း လူမည်းဘက်ကိုလှည့်ပြီး ပြောလိုက်ပါတယ်။ လူကြီးမင်းရဲ့ ပစ္စည်းတွေကို သိမ်းဆည်းလိုက်မယ်ဆိုရင်
ခံစားချက်အသစ်ဖြစ်စေမယ့် ဆီးဂိမ်းလှုံ့ဆော်ရေး ဇာတ်လမ်းတိုနဲ့ ဒါရိုက်တာဝင်းထွန်းထွန်း
ဒါရိုက်တာဝင်းထွန်းထွန်းက ဆီးဂိမ်းအကြိုလှုံ့ဆော်ရေး ဇာတ်လမ်းတိုအနေနဲ့ မြင်းစီးအားကစားကို သူထူးစံ၊ အိချောပိုတို့နဲ့ ရိုက်ကူးခဲ့ပါတယ်။ နေတိုးနဲ့လည်း မြန်မာ့ လက်ဝှေ့အားကစားကို ရိုက်ကူးခဲ့ပါတယ်။ ဇာတ်လမ်းတို ရိုက်ကူးမှုခံစားချက်ကိုလည်း ဒါရိုက်တာဝင်းထွန်းထွန်းက ”ဆီးဂိမ်းမှာပါတဲ့ အားကစားနည်းတွေမှာ လူတွေ လုပ်ရတာများတယ်။ မြင်းစီးကျတော့ တိရစ္ဆာန်တွေလုပ်ရတာ။ မြင်းနဲ့ရိုက်ရတာလည်း တော်တော်ခက်ခဲတယ်။ ရိုက်ကူးခွင့်ရတဲ့ ရက်လည်း တအားရှားတဲ့ အချိန်ဖြစ်နေ တယ်။ ရတဲ့ရက်ထဲမှာ ပြီးအောင်ရိုက်ရတာလေ။မြန်မာနိုင်ငံ မြင်းစီးအဖွဲ့ချုပ်ကနေ ကူညီပေးတယ်။ အဲဒီဆရာတွေက အကူအညီပံ့ပိုးပေးတဲ့အတွက်အဆင် ပြေခဲ့တယ်။မြင်းတွေကလည်း တော်တော်လေး လေ့ကျင့်ထားတဲ့အတွက် တိတိကျကျစနစ် တကျဖြစ်သွားတယ်။ ဒီလို တိရစ္ဆာန်တွေနဲ့အားကစားကို မရိုက်ဖူးတဲ့အတွက် ရိုက်ရတာ
Nokia ဖုန်းများ နေရောင်ခြည်ဖြင့်အားသွင်းနိုင်မည်
ကြိုးမဲ့ အားသွင်းစနစ်၊ ကင်မရာ Megapixel 44 အဆင့် အစရှိသဖြင့် ကမ္ဘာ့ ဦးဦးဖျားဖျား နည်းပညာများ ဖော်ထုတ်ဖန်တီးပေးမယ့် Nokia ဟာ ဖုန်းတိုင်းကို နေရောင်ခြည်နဲ့ အားသွင်းလို့ရအောင် ဖန်တီးတော့မယ်လို့ သိရပါတယ်။
အရင်ကတည်းက နေရောင်ခြည်နဲ့ အားသွင်းရတဲ့ ဖုန်းများ ရှိပါတယ်။ တောင်တက်ခရီးသွားသူများ၊ ပင်လယ်ခရီးသွားသူများ သုံးဖို့ ဆိုပြီး နိုကီယာတင်မကပဲ အခြားသော ကုမ္မဏီများကလည်း ထုတ်ပါတယ်။ သို့ပေမယ့် အဆင့်မြင့် Function ပါတဲ့ဖုန်းများ မဟုတ်ပါဘူး။ Nokia ကိုယ်တိုင် ကလည်း ဒီဂျစ်တယ်ဖုန်း အဆင့်မှာပဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ယခုတော့ အဆင့်မြင့် နည်းပညာသုံး Nokia ဖုန်းတိုင်းမှာ ဆိုလာစွမ်းအင် ဆုပ်ယူမယ့် နည်းပညာ ပေါင်းစပ်ဖို့ ဖြစ်ပါတယ်။
အလွှာလေး တစ်ခုထည့်ရုံပါပဲ။ သို့ပေမယ့် ယင်းအလွှာဟာ ဖုန်းမှာပါတယ်လို့တောင် မသိရလောက်အောင်ပါးလွှာမယ်လို့ ဆိုပါတယ်။ အခြား ဆိုလာပြားတပ်ဖုန်းများလို့ အခြပ်အကြီးကြီးတွေ မဟုတ်ပါဘူး။ ခပ်ပါးပါး ထိုးဖောက်မြင်ရတဲ့ ဆီလီကွန်လို
Monday, 18 February 2013
မျောက်ကလေးနဲ့ သစ်သားပန်းသီးများ
တစ်ခါတုန်းက တောအုပ်ထဲမှာ ပျော်နေတဲ့ မျောက်တစ်ကောင်ရှိတယ် ။ သူ ဗိုက်ဆာလာတဲ့အခါ အရသာရှိတဲ့ သစ်သီးတွေ စားလို့ သူ မောလာတဲ့အခါ အနားယူလို့ အဲဒီတောအုပ်ထဲမှာ ပဲ ပျော်မွေ့နေခဲ့တယ် ။ တစ်နေ့ မှာတော့ သူဟာ မျက်စိလည်လမ်းမှားရင်း အိမ်တစ်လုံးဆီရောက်လာခဲ့တယ် ။ အဲဒီမှာ သူမြင်လိုက်ရတာက အရမ်း ကို လှပတဲ့ ပန်းသီးတွေထည့်ထားတဲ့ ပန်းကန်လုံးကြီးကိုပေါ့ ။ သူက လက်တစ်ဖက်စီမှာ ပန်းသီးတစ်လုံးစီ ယူပြီး တောအုပ်ထဲ ပြန်ပြေးလာခဲ့တယ် ။
မျောက်က ပန်းသီးကို နှာခေါင်းရှုံ့ပြီးအနံ့ခံတယ် ။ ဒါပေမယ့် ဘာအနံ့မှ မရဘူး ။ ပြီးတော့ ပန်းသီးကို စားဖို့ကြိုးစားတယ် ။ ဒါပေမယ့် သူ့သွားတွေ နာကျင်ပြီး စားမရလောက်အောင်မာကြောနေတယ် ။ ပန်းသီးတွေ ဟာ တကယ်တော့ သစ်သားနဲ့ပြုလုပ်ထားတာဖြစ်တယ် ။ ဒါပေမယ့် သူတို့က အရမ်းလှတယ် ။ တခြားမျောက် လည်း အဲဒီပန်းသီးတွေမြင်တဲ့အခါ အလုအယက်ပြေးယူဖို့လာကြတယ် ။ အဲဒီအခါ ပန်းသီးပိုင် ရှင် မျောက်က သူ့ပန်းသီးတွေကို တင်းကြပ်စွာ ပွေ့ဖက်ထားလိုက်တယ် ။ ပြီးတော့ သူဟာ ဒီတောထဲမှာ သူ့ရဲ့ ပန်းသီးပိုင် ဆိုင်မှုအတွက် ဂုဏ်ယူဝင့်ကြွားစွာနဲ့ သဘောတွေကျနေခဲ့တယ် ။ ပန်းသီးတွေ က နေရောင်နဲ့ကြည့် တဲ့အခါ နီရဲတောက်ပြောင်နေပြီး သူ့ကို ပြည့်စုံအောင် လုပ်ပေးနေ တယ်လို့ မျောက် ကခံစားနေရတယ် ။ ပန်းသီတွေကိုပဲ သူဂရုတစိုက်ကြည့်နေပြီး ပထမဆုံး သူ ဆာလောင်နေ တာကိုတောင် မေ့လျော့သွားခဲ့တယ် ။
သစ်သီးပင်တစ်ပင်က မျောက်ကို သတိပေးတယ် ။ ဒါပေမယ့် သူ့လက်ထဲကပန်းသီးတွေက လွဲလို့ မျောက်က ဘာကိုမှ ဂရုမစိုက်ဘူး ။ သူစားဖို့ သစ်သီးခူးဖို့ အတွက်သူ့လက်ထဲက ပန်းသီးတွေကို မြေပြင်ပေါ် ခဏချရမှာ ကိုတောင် သူမချနိုင်ဖြစ်နေခဲ့တယ် ။ တကယ်တော့ သူ နားလည်း မနားရသလို သူ့ ပန်းသီးတွေကို တခြားမျောက်တွေလာလုယူမှာစိုးတဲ့အတွက် အချိန်တိုင်းကာကွယ်နေရတယ် ။ ဂုဏ်ယူဝင့်ကြွားမှုတစ်ခုအတွက် အရင်က ပျော်ရွှင်နေတဲ့မျောက်ဟာ ပျော်ရွှင်မှုတွေနည်းလာပြီး သစ်တောတလျှောက် မှာ
မြင့်မြတ် ရဲ့စိတ်ဓာတ် မြှင့်တင်နည်း
ဒါရိုက်တာဝင်းထွန်းထွန်း ရိုက်ကူးနေတဲ့ “မီးအိမ်လေးရဲ့ အဓိပ္ပာယ်” ဇာတ်ကားမှာ မြင့်မြတ်က စံရတီမိုးမြင့်နဲ့အတူ ပါဝင်သရုပ်ဆောင် နေပါတယ်။မြင့်မြတ်က သူဌေးရဲ့ဘော်ဒီဂတ်တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်လေးက ရိုမန့် အက်ရှင်ဇာတ်ကားလေးဖြစ်ပြီး ပရိသတ်တွေ အကြိုက်တွေ့မယ့် ဇာတ်ကားလေးတစ်ကားဖြစ်တယ်လို့ လည်းသိရပါတယ်။ အခုဆိုရင် သရုပ်ဆောင်ပိုင်းရော၊ အဆိုပိုင်းပါတွဲပြီးတော့လုပ် ဖြစ်နေတာကြောင့် တစ်ဖက်ဖက်မှာ အားလျော့သွားမှာမျိုး စိုးရိမ်စိတ်တော့မဖြစ်မိပေမယ့်လည်း အဆို ပိုင်းမှာတော့ လိုအပ်ချက်တွေအများ ကြီးရှိနေတာကြောင့် ကြိုးစားပြီး သင်ယူလေ့လာဖြစ်ကြောင်း မြင့်မြတ် ကပြောပါတယ်။ အနုပညာအလုပ်ဆိုတာ တခြား အလုပ်တွေထက်စာရင် ပိုပြီးတော့ စိတ်ဖိစီးမှုများတာဖြစ်တဲ့အတွက်ကြောင့် စိတ်ညစ်စရာတွေ ကြုံတဲ့ အခါမှာဘယ်လိုမျိုး တွန်းအားတွေပေးပြီး ပြုပြင်ဖြစ်လဲလို့ မေးကြည့်တဲ့အခါ မြင့်မြတ်က ” ကျွန်တော်ကတော့ အတတ်နိုင်ဆုံး
ကြက်သွန်ဖြူ၏ ကျန်းမာရေး အကျိုးပြုပုံ
ကြက်သွန်ဖြူဟာ သဘာဝအလျောက် ဆေးတစ်မျိုးဖြစ်ပြီး ရှေးယခင် ကတည်းက တစ်ကမ္ဘာလုံးမှာ ကိုယ့်နည်း ကိုယ်ဟန်နဲ့ ဆေးဖော်စပ် အသုံးပြု ကြပါတယ်။ ချက်ပြုတ် စားသောက် ကြပါတယ်။ ကြက်သွန်ဖြူ ပုံမှန် စားသုံးနေသူ တစ်ဦးဟာ ကိုယ်ခံအားကောင်းပြီး အပြင်မှာ အလွယ် တကူ ကူးဆက်နိုင်တဲ့ ရောဂါများကို တားဆီး ကာကွယ်ပေးပါတယ်။ ဒါ့အပြင် သူ့ မှာ အခြားသော ကျန်းမာရေး အကျိုးကျေးဇူးများလည်း ရှိနေသေးတဲ့ အတွက် အောက်ပါအတိုင်း ဖော်ပြလိုက် ရပါတယ်။
၁။ သွေးကြော အဆီပင်မှုကို ကာကွယ်ခြင်း။
၂။ ကိုလက်စ်ထရော လျော့ချပေးခြင်း။
၃။ သွေးဖိအားလျော့ချပေးခြင်း (သွေးတိုး ဖြစ်နိုင်ချေကျဆင်း)
၎။ လေးဘက်နာ ဂေါက်ရောဂါကို ကုသနိုင်ခြင်း။
၅။ အအေးမိ အဖျား ပျောက်ကင်းစေခြင်း။
၆။ အသက်ရှုလမ်းကြောင်းနှင့်ဆိုင်သော ရောဂါများ ပျောက်ကင်းစေခြင်း။
Saturday, 16 February 2013
ချစ်တဲ့စိတ်နဲ့ နှစ်ပေါင်း ၂၀ ကျော် အိမ်ထဲမှာ သံကြိုးခတ်ခြင်း ခံထားရသူ
မိခင်တဦးအနေနဲ့ ကိုယ့်ရင်က လွယ်မွေးထားတဲ့သားဖြစ်သူကို အိမ်ထဲမှာဘဲ နှစ်ပေါင်း ၂၁ နှစ်ကျော် သံကြိုးနဲ့ ခတ်ထားတယ်ဆိုရင် သာမန်အားဖြင့် မယုံနိုင်စရာပါ။ ဒါပေမယ့် တရုတ်ပြည်အရှေ့ပိုင်း ကျန်စုပြည်နယ်၊ နန်ကျင်းမှာ တကယ်ဖြစ်နေပါတယ်။ အသက် ၇၁ နှစ်ရှိ ချန်ကြုဖန် ဆို တဲ့ မိခင်က အသက် ၃၇ နှစ်ရှိ သားဖြစ်သူ ဟောင်ချန်လင်းကို သူ ၁၆ နှစ်သား ကတည်းက သံကြိုးခတ်ပြီး အိမ်ထဲမှာ ထားခဲ့ပါတယ်လို့ မေးလ် အွန်လိုင်း သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။
အခုလို လုပ်ထားရတာလည်း မိခင်တယောက်အနေနဲ့ ရင်နာနာနဲ့ လုပ်ရတာပါတဲ့။တကယ်လို့ ချန်လင်းကို သံကြိုးတွေနဲ့ မခတ်ထားရင် သူက အိမ်နီးချင်းတွေကိုကိုယ်ထိလက်ရောက် ကြမ်းတော့တာပါဘဲ တဲ့။ ချန်လင်းရဲ့ လက်ညာဖက် လက်ကောက်ဝတ်မှာ သံကြိုးတန်းလန်းနဲ့ နေခဲ့ရတာနှစ်တွေ ကြာလွန်း လာ တာကြောင့် အသာမာတွေကလည်း တက်နေတာပေါ့။
အမေဖြစ်တဲ့သူက သူ့ သားဖြစ်သူ ချန်လန်း အနေနဲ့ အခုလို စိတ်ဝေဒနာ ခံစားရတာအသက် ၁၆ နှစ်၊ ဆယ်ကျော်သက် အရွယ် ချစ်သူရည်စားနဲ့ လမ်းခွဲခဲ့အပြီး အသည်းကွဲဝေဒနာတွေနဲ့ စိတ်ဖိစီးမှုတွေ အများကြီး ဖြစ်တာက စခဲ့တာလို့ ယုံကြည်နေပါတယ်။
ချန်လင်းမိသားစုက ပြောတာကတော့ သူ့ချစ်သူနဲ့ လမ်းခွဲတဲ့နေ့က ချန်လင်းရဲ့ ကောင်မလေးက အနီရောင် ၀တ်ခဲ့တာ ကြောင့် ချန်လင်းဟာ အနီရောင်မြင်တာနဲ့ ဒေါသတွေထွက်ပြီး ကြမ်းတော့တာပါဘဲ တဲ့။
ပြောရရင် အချစ်ကြောင့် ရူးခဲ့ရတာပါ။
ချန်လင်းရဲ့ မိခင်က ပြောတာကတော့ သာမန် လယ်သမား မိသားစုဖြစ်တာကြောင့်စိတ္တဇဆေးရုံကို ပို့တာတို့ ကျွမ်းကျင်တဲ့ ဆရာဝန်နဲ့ သေချာ ပြပြီး ကုသတာမျိုးလည်းမလုပ်ဖူးပါဘူးတဲ့။ ဒီလိုနဲ့
Friday, 15 February 2013
ပြိုင်ပွဲမှာ ဆုရတဲ့သူတိုင်း အောင်မြင်တယ်လို့ ပြောလို့ မရပါဘူး စည်သူလွင်
ခုနောက်ပိုင်း အဆို ပြိုင်ပွဲ တော်တော် များများမှာ အတွေ့များ လာတာက သီချင်းသီဆိုမှု အပြင် ဖက်ရှင်နဲ့ ပါဖောမန့်ပိုင်း ပဲဖြစ်ပါတယ်။ အဲဒီလို ပါဖောမန့် ဦးစားပေး လာမှုအပေါ် လက်ရှိ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲက ဒိုင်တစ်ဦးဖြစ်သူ စည်သူလွင်နဲ့ တွေ့ဆုံခိုက် မေးတော့
“ပြိုင်ပွဲတွေလည်း အများကြီး ရှိတော့ ဒိုင်လုပ်တဲ့ အနုပညာ သမားတွေ လည်း အများကြီး ရှိပါတယ်။ ပြိုင်ပွဲ တစ်ခုနဲ့ တစ်ခုကတော့ သဘာဝ ချင်းတော့ မတူဘူးပေါ့။ တချို့က အဆိုချည်းပဲ သီးသန့် ပြိုင်တဲ့ပွဲမျိုး ရှိသလို တချို့ ကျတော့လည်း ပရိသတ်ကို ဖျော်ဖြေမှု အနေ နဲ့လည်း သက်ရောက် မယ်။ အဆို အနေနဲ့ လည်း ယှဉ်ပြိုင်တဲ့ ပွဲမျိုးတွေရှိတယ်။ ဥပမာ အိပ်မက် ဆုံရာ လိုပေါ့။ အဲဒီလိုမျိုး ကျတော့ ပရိသတ်ကို အင်တာတိန်းမန့် လုပ်တဲ့ သဘော လည်းပါတယ်။ အဆိုပြိုင်ပွဲ သဘောလည်း ပါတယ်။ အဲဒီအတွက် ကျွန်တော်တို့ က နှစ်ဖက်ကိုမျှ ကြည့်ပေး ရတယ်။ သို့သော် အဆိုပြိုင်ပွဲ ဖြစ် တဲ့ အတွက် အဓိက အဆိုကိုပဲ ဦး စားပေးတယ်။ ပါဖောမန့် ဆိုတဲ့ နေရာမှာ အတင်း လုပ်ယူထားတာ မျိုးကို မကြိုက်ဘူး။ အဲဒီ အတွက် လည်း အမှတ် ထည့်ပေးမှာ မဟုတ်ဘူး။ တချို့ကျတော့ ထဲထဲဝင်ဝင် မသိဘဲ ဝေဖန်ကြတာ မျိုးတွေလည်း ရှိတာပေါ့။ တကယ် လက်တွေ့လုပ် နေတဲ့ သူတွေ အများကြီး ရှိပါတယ်။ အဲဒီ လူတွေက ပိုသိပါတယ်။ ကျွန်တော်တို့က အမှတ်ပေးစည်း မျဉ်းမှာ ပါဖောမန့်ကို ထည့်ထားတာ မှန်ပေမယ့် သီချင်း ဆိုတာ မကောင်းဘဲနဲ့ ပါဖောမန့် တစ်ခုပဲ ကောင်းနေ လို့ လုံးဝ အမှတ်ပေးမှာ မဟုတ်ပါဘူး။ သီဆိုခြင်း အတတ်ပညာ ကိုပဲ အဓိက ထားပြီး
ဆင်းရဲသော်လည်း လူတော်ပညာတတ်ဖြစ်လာစေရန်
ရိုးရိုးသားသား၊ မကြောက်မရွှံ့ ၊ ပွင့်ပွင့်လင်းလင်းကို ပြောရမယ်ဆိုရင် ယနေ့အချိန်အထိ ငွေရှိမှ အဆင့်မြင့် ပညာ သင်ကြားခွင့်ရနေသေး တဲ့ ခေတ် ဖြစ်နေပါ သေးတယ်။ များသောအားဖြင့်ကို ပြောတာပါ။ မချမ်းသာပေမယ့် တကယ်ပဲ အဆင့်မြင့် ပညာသင်ကြားခွင့်ရသွားတဲ့ သူတွေလည်း တစ်ပုံကြီးပါ။ဒါကတော့ ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းမှာ ဖြစ်နေတဲ့ ကိစ္စမို့ ဘယ်သူ့မှာမ အပြစ်မရှိပါဘူး။ အပြစ်မရှိတဲ့ ဒီလောကမှာ ကိုယ်ရဲ့ ကြိုးစားရုန်းထွက်နိုင်မှုက စံဥပမာ တစ်ခုက တိုင်းပြည်အတွက် အကျိုးကျေးဇူး ပေးနိုင်ရမှာ ဖြစ်ပါတယ်။
သူငယ်တန်းကနေ စကြည့် ရမယ်ဆိုရင် ငွေရှိတဲ့ မိသားစုမှာ မွေးဖွားတဲ့ ကလေးဟာ ရိုးရိုးကျောင်း ပညာရေးအပြင် အခြားသော ငွေကုန်ကြေးကျ များသာ ပညာရပ်များ၊ ကျောင်းများ တစ်မျိုးပြီး တစ်မျိုးတက်ရောက်ခွင့်ရကြ ပါတယ်။ သာမန်မိသားစု သို့မဟုတ် ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာ သူများကတော့ ပညာရေး ဆိုတာ တစ်ချိန်မှာ အလုပ်လျှောက်ရင် ပါလာတဲ့ လက်မှတ်ကလေး တစ်ခုပမာပဲ သဘောထားရရှာပါတယ်။ ပြီးတော့ အခြားသော ပညာရေးလမ်းများကိုလည်း လျှောက်လှမ်းခွင့် မရကြပါဘူး။
ဒီတော့ ဆင်းရဲသူများ၊ အဆင့်မြင့် ပညာသင်ကြားလိုသူများ၊ ဘဝ အတွက် သေချာသော အာမခံချက် ပညာတစ်ခု ရရှိလိုသူများအတွက် လူငယ်တိုင်းအတွက် နည်းလမ်းမျှဝေချင်ပါတယ်။
"အင်္ဂလိပ်စာ အရည်အချင်းမြင့်ပါ"
အရေးအကြီးဆုံး အချက်မို့ ထိပ်ဆုံးထားပြီး အကြံပြုပါတယ်။ အင်္ဂလိပ်စာ တစ်ခုသာ ရရင် အားလုံးကို Self study ကြိုးစားလုပ်ယူလို့ ရပါတယ်။ အင်္ဂလိပ်စာတတ်ဖို့ဆိုတာကလည်း သင်တန်းအကြီးကြီးတွေ လိုက်တတ်နေ မှ မဟုတ်ပါဘူး။ စိတ်တစ်ခုက အရေးကြီးဆုံးသာ ဖြစ်ပါတယ်။ သူငယ်တန်း ကစလို့ ၁၀ တန်းအထိ သင်လာတဲ့ အင်္ဂလိပ်စာများ အခြေခံရှိတာနဲ့တင် အပြင် အင်္ဂလိပ်စာ လေ့လာဖို့က အင်မတန် လွယ်ကူနေပါပြီ။ ငွေရှိရင် လည်း ငွေကုန် သင်တန်းတက်ပြီး
ဖုန်းတစ်လုံး ဝယ်တော့မယ်ဆိုရင်
ငွေ ၁ သိန်းအောက်ပဲ တတ်နိုင်မယ်ဆိုရင်
ငွေ ၁ သိန်းအောက်ဆို ကိုယ်လိုက်လို့ မှီနိုင်တာ အများစုက Java ဖုန်းပါပဲ။ သို့ပေမယ့် ၈ သောင်း၊ ၉ သောင်းနဲ့ဆိုရင် Android ဖုန်း ကောင်းကောင်း တစ်လုံး ဝယ်သုံးလို့ရတဲ့ အခြေအနေလည်း ရှိပါတယ်။ များသောအားဖြင့် ကတော့ မော်ဒယ်နိမ့် Huawei ဖုန်းများ ဖြစ်ပါတယ်။
ငွေ ၁ သိန်းနဲ့ ၂ သိန်းကြားတတ်နိုင်မယ်ဆိုရင်
ဒီမှာကျ Android ဖုန်း တော်ရုံ ကောင်းကောင်းလေးတော့ သုံးလို့ အဆင်ပြေနေပါပြီ။ ဒီမှာကျ လူတော်တော်များများ ကိုင်ဖြစ်တာက တရုတ် Huawei , Samsung, Sony ဖြစ်ပါတယ်။ User အများဆုံး နှစ်ခုက Huawei နဲ့ Samsung ဖြစ်ပြီး Sony က လည်းရောင်းအားသွက်ပါတယ်။ ပစ္စည်းတိုင်း မှာ အားနည်းချက် အားသာချက်ကိုယ်စီတော့ ရှိတာပါပဲ။
Huawei ဆိုရင် တရုတ်ပြည်မ ထုတ် ပစ္စည်းဖြစ်ပြီး Touch အပိုင်းမှာ သိပ် အားမရဘူးလို့ဆိုပါတယ်။ ကင်မရာကလည်း Samsung နဲ့ Sony တို့လောက် သိပ်တောက်တောက်ပြောင်ပြောင်ပုံ မထွက်ဘူးလို့ ဆိုပါတယ်။ သို့ပေမယ့် အားသာချက်က ဈေးသက်သက်သာသာနဲ့ Specification မြင့် ဖုန်း သုံးရခြင်း ဖြစ်ပါတယ်။ ငွေ ၁သိန်း ၇သောင်းကျော်လောက် ရှိရုံနဲ့တင် နောက်ဆုံးထွက် နီးနီး အဆင့်မြင့် Android ဖုန်း ရတယ်ဆိုတာ
လက်ဘက်ရည်ကြမ်းသောက်ခြင်းဖြင့် အယ်လ်ဇိုင်းမားနဲ့ ကင်ဆာရောဂါများမှကာကွယ်ပေးနိုင်
လေ့လာတွေ့ရှိချက်တစ်ခုအရ လက်ဘက်ရည်ကြမ်းဟာ အယ်လ်ဇိုင်းမားလိုမျိုး ရောဂါကြောင့်စိတ်ဖောက်ပြန်တာတွေကိုကာကွယ်ဖို့နဲ့ ကင်ဆာရောဂါကိုတိုက်ဖျက်ပြီး ပုံမှန်မဟုတ်တဲ့ ဆဲလ်ကြီးထားနှုန်းကို လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်... လက်ဘက်ရည်ကြမ်းမှာ ဒီလိုအာဟာရဓာတ်တွေပါတယ်ဆိုတာကတော့ အရင်ကတည်းကသိထားကြပြီးဖြစ်ပါတယ်... ဒါပေမဲ့ နောက်ဆုံးအတည်ပြုသက်သေပြချက်အရ အစာချေတဲ့အခါမှာကိုယ်ခန္ဓာက ဒီဓာတ်တွေကို စုပ်ယူတယ်ဆိုတာပါပဲ...
လက်ဘက်ရည်ကြမ်းမှာတွေ့ရှိရတဲ့ Polyphenol လို့ခေါ်တဲ့ ဓာတုဗေဒပစ္စည်းတစ်မျိုးဟာ
Thursday, 14 February 2013
မလွတ်နိုင်တော့ဘူး
စုံတွဲတစ်တွဲဟာ သူတို့ရဲ့အိမ်ထောင်သက်နှစ် ၅၀ ပြည့်အထိမ်းအမှတ် အဖြစ် ညစာထွက်စားကြပါတယ်။
အစားအသောက်တွေစားရင်း ခင်ပွန်းဖြစ်သူရဲ့မျက်ဝန်းမှာ မျက်ရည်တွေ ဝေ့နေတာကို သတိထားမိသွားတဲ့ အမျိုးသမီးကြီးက
"ကျွန်မတို့ နှစ်ပေါင်း ၅၀ တောင် အတူလက်တွဲလာခဲ့တဲ့အတွက် ရှင်အရမ်းဝမ်းသာကြည်နူးနေတာလား"လို့ မေးလိုက်ပါတယ်။
"မင်းနဲ့လက်မထပ်ခင်က မင်းအဖေပြောခဲ့တဲ့စကားကို သတိရလို့ပါကွာ။ အဲဒီတုန်းကလေ မင်းအဖေက ငါ့ကို သေနတ်နဲ့ချိန်ပြီး မင်းကို လက် မထပ်ရင် ငါ့ကို ထောင်ထဲအနှစ် ၅၀ လောက်ပို့ပစ်လိုက်မယ်လို့ ခြိမ်းခြောက်တယ်ကွ။ နို့မဟုတ်ရင် မနက်ဖြန်ဆို
အနုပညာအောင်မြင်မှုနောက်ကွယ်က ပေးဆပ်ရတဲ့ တန်ဖိုးအကြောင်း ဝတ်မှုံရွှေရည်ပြော
အနုပညာလောကမှာ
အချိန်တို အတွင်း ပရိသတ်တွေရဲ့ လက်ခံအားပေးမှုကိုရရှိထားပြီး
ကြော်ငြာဘေဘုတ်တွေမှာလည်း အိုက်တင် အမျိုးမျိုးနဲ့ လှုပ်ရှားတတ်ပြီး ပရိ
သတ်တွေရင်ထဲမှာ ကိုယ်ပိုင် မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့တဲ့
အနုပညာရှင်ကတော့ ဝတ်မှုံရွှေရည်ပဲဖြစ်ပါတယ်။ အောင်မြင် မှုပန်းတိုင်တွေ
တစ်နှစ်ထက်တစ်နှစ် ပိုလို့တိုးလာပါပြီ။ ဝတ်မှုံရွှေရည် အနေနဲ့ ဒီလို
မအောင်မြင်ခင်က ကြိုးစားခဲ့ရတဲ့အချိန်နဲ့ နာမည်ရပြီး ကိုယ့်နာမည်တစ်လုံး
ရေရှည် တည်တံ့အောင် ဘယ်လိုမျိုး ကြိုး စားခဲ့ရလဲလို့မေးတော့ “မအောင်
မြင်ခင်ကလည်း အခက်အခဲတွေ အများ ကြီးနဲ့ ရင်ဆိုင်ကြုံတွေ့ရတယ်။အောင်မြင်
ပြန်တော့လည်း အဲဒီအောင်မြင်နေ တဲ့ အောင်မြင်မှု ကို ထိန်းဖို့လည်း ခက်ခဲ
တာပဲ။ သူ့နေရာနဲ့သူ နေရာတိုင်းမှာ အခက်အခဲလေးတွေရှိတတ် စမြဲပါ။ အဓိကကတော့
ကိုယ့်အလုပ်ကိုယ်တန်ဖိုးထားတတ်ရမယ်။အလေးထား တတ်ရမယ်။ အလုပ်ကို အလုပ်နဲ့ တူ
အောင်လုပ်ဖို့လည်းလိုတယ်။ လူမှုရေး ကအစ ကိုယ်လုပ်တဲ့အလုပ် အပေါ်မှာ စေတနာကို
အလေးထားရမယ်။ အဓိက အချက်ကေ တာ့ ကိုယ်ဖြစ်ချင်တဲ့ စိတ်ဆန္ဒ။ ဖြစ်ချင်တာကို
ဖြစ်အောင်လုပ်ဖို့အရေး အကြီးဆုံးပါ။ဘယ်အရာ၊ ဘယ်နေရာ၊ ဘယ်သူမဆို
အခက်အခဲဆိုတာရှိတတ် တယ်” လို့ ပြော ပပါတယ်။ အနုပညာ အောင်မြင်မှု
နောက်ကွယ်မှာ ပေးဆပ်ရတဲ့ တန်ဖိုးက အင်မတန်ကြီးမားတာနဲ့ ပတ်သက်ပြီး
“အနုပညာက လွယ်သလို ထင်ရပေမယ့် တကယ် လက်တွေ့ လုပ်တာနဲ့ မတူဘူး။
အနုပညာလို့သာ ပြောတာ တအားပင်ပန်းတယ်။ ပရိသတ်တွေအမြင်မှာ နုနုရွရွလေး
တွေဆိုပေမယ့် တကယ်တမ်းလုပ် ကြည့်မှ သိလိမ့် မယ်။ ပင်ပန်းပြီး
ခက်ခဲတယ်။နေပူ၊ မိုးရွာမရှောင်၊ အသားအရေတွေကအစ ပျက်စီးတယ်။ဇာတ် လမ်းထဲမှာ
တော့
ချစ်သူများနေ့ဆိုတာ
ရောမ အင်ပါယာမှာ ဖြစ်ပါတယ်။ အေဒီ ၂၀၀ ကျော်ကာလက ဖြစ်ပြီး ရောမ စစ်ဘုရင်တို့ သွေးဆူနေ ချိန် ဖြစ်ပါတယ်။
စစ်တိုက်ဖို့သာ အချိန်တိုင်းတွေးနေပြီး ရောမအင်ပါယာကို ကြီးသထက် ကြီးအောင် ဖန်တီးပါတယ်။ စစ်တိုက်လေလေ စစ်သားလိုလေလေ၊ စစ်သားလိုလေလေ၊ ယောင်္ကျားတွေကို စုဆောင်း ရလေလေ၊ ယောင်္ကျားလေးတွေ စစ်ထဲဝင်တာများလေလေ၊ အမျိုးသမီး တွေကို လွမ်းလေလေ၊ အမျိုးသမီးနဲ့ မိသားစုကို လွမ်းလေလေ၊ အိမ်ပြန်ချင်လေလေ၊ အစရှိသဖြင့် သံယောဇဉ်နှောင်ကြိုးပေါင်း များစွာကြောင့် စစ်မှာ ခရီးမရောက်ဘူးလို့ အင်ပါယာကြီးထင် ယူဆပါတယ်။
ဒီတော့ အကောင်းဆုံးက သံယောဇဉ် ဖြတ်ခြင်းပါပဲ။ ယောင်္ကျားဆိုတာ စစ်တိုက်ဖို့မွေးတယ်။ ချစ်ဖို့၊ သံယောဇဉ်တွယ်မဟုတ်ဘူးဆိုတဲ့
တစ်ယူသန် တဲ့ ဆုံးဖြတ်ချက်နဲ့ တိုင်းပြည်မှာ မချစ်ရ၊ မကြိုက်ရ၊ မင်္ဂလာ မဆောင်ရ အစရှိတဲ့ ရူးကြောင်ကြောင် ဥပဒေများကို ထုတ်ပါတယ်။ ဥပဒေက ရူးကြောင်ပေမယပ့် လုပ်ရပ်ကတော့ ကြောက်စရာ ကောင်း ပါတယ်။ ချစ်တာ၊ကြိုက်တာ၊ မင်္ဂလာဆောင်တာ တွေ့ရင် ဆောင်ပေးသူရော၊ ချစ်ကြသူရော၊ အောင်သွယ် သူရော အားလုံးကို သေဒဏ်ပေးပါတယ်။
ဒီတော့ ဘယ်သူမှ မင်္ဂလာမဆောင်ရဲ၊ မချစ်ရဲတော့ဘူးလို့ အုပ်ချုပ်သူတို့က ထင်ပါတယ်။ အမှန်တော့ ထင်သလိုမဟုတ်ပါဘူး။ ငိုက်မရှက်၊ ငတ်မရှက် ပြီးတော့ ကြိုက်မရှက်ဆိုတဲ့ စကားပုံအတိုင်း ကြိုက်နေကြသူ၊ ချစ်နေကြသူတွေကို မတားနိုင်ပါဘူး။
အောင်သွယ်လုပ်ပေး၊ မင်္ဂလာဆောင်ပေးတဲ့ ခရစ်ယာန် ဘုန်းတော်ကြီး Valentine ကလည်း
ကြက်ပုံပြင်
အခန်း - ၁
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – မိရင်လည်း မိ၊ မမိရင်လည်း သွေးပူလေ့ကျင့်ခန်း ပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးနေသော ကြက်မကို ကားတစ်စီး ဖြတ်တိုက် သွားသည်။
ဒါကိုမြင်သော
အပျိုလေး အတွေး – သူတို့ရဲ့ချစ်ခြင်းကို ဟို ကားစုတ်က ၀င်ရှုပ်သွားတာပဲ။
အပျိုကြီးအတွေး – တွေ့လား၊ ကြက်မက ကြက်ဖကို မကြိုက်လို့ သူ့ ကိုယ်သူ အဆုံးစီရင် သွားတာ။
လူပျိုလေးအတွေး – တောက် – ဒီကောင်တော့ တစ်သက်လုံး နေရ ခက်နေတော့ မှာပါ။
လူပျိုကြီးအတွေး – ကြက်ဖ ပေမယ့် အတွေးကောင်း ရှာတယ်။ ဟို စကားပုံ အတိုင်းပေါ့။ တစ်ရက် ပျော်ချင်ရင် လမ်းပေါ်မှာရှာ၊ တစ် လပျော်ချင် မိန်းမယူ၊ တစ်နှစ်ပျော်ချင် မယားငယ်ထား၊ တစ် သက်လုံး ပျော်ချင် လူပျိုကြီးပဲလုပ်-တဲ့။
အင်း ..ကြက်ဖခမျာ တစ်သက်လုံး ပျော်ချင်လို့နဲ့ တူပါတယ်။င်္
အခန်း - ၂
ကြက်ဖက ကြက်မနောက်ကို အသည်းအသန်လိုက်သည်။
ကြက်ဖအတွေး – ဒီတစ်ခါ တော့ မိလောက်ပါပြီ။ အေးလေ- မမိရင်လည်း သွေးပူပေါ့။
ကြက်မအတွေး – ငါပြေးတာ သိပ်များ မြန်နေလားမသိ။
ကံဆိုးစွာပင် ပြေးလိုက်လာ သော ကြက်ဖကို ကားတိုက်သွား သည်။
အပျိုလေးအတွေး – အင်း- ကြက်မကို လိုက်ဖို့ ကြက်ဖတစ်ကောင် တော့
Tuesday, 12 February 2013
ဒီလို လက်ထပ်ခွင့် တောင်းဘို့ စိတ်ကူးလား
ဒီသီချင်းက ကမ္ဘာကျော် အဆိုတော် တယောက်ဖြစ်တဲ့ Frank Sinatra ရဲ့ ကမ္ဘာကျော် I Love You Baby ဆိုတဲ့ သီချင်းပါ။ အဲဒီ သီချင်းလေးနဲ့ တိုက်ဆိုင်စွာဘဲ ဒီလို လက်ထပ်ခွင့်တောင်းထားတာလေးကို ကြည့်ရှု့ခံစားကြည့် လိုက်ပါ။ ကာယကံရှင် မိန်းကလေးအနေနဲ့ ဘယ်လို အံ့အားသင့် ၀မ်းသာမလဲ ဆိုတာ သိသာနိုင်ပါတယ်။ ချစ်သူအတွက် အတွေးဆန်းဆန်းနဲ့ချစ်ခွင့်ပန်လက်ထပ်ခွင့်တောင်းတဲ့ မြင်ကွင်းလေးပါ။ ကြည်နူးစရာပေါ့။ ယူကျုမှာ k mt က တင်ပေးထားတာကို ပြန်လည် မျှဝေပေးလိုက်ပါတယ်
Subscribe to:
Posts (Atom)