Tuesday, 30 April 2013

ဒုတိယမြောက် ရင်သွေးယူဖို့ အတွက် အနုပညာ အလုပ်တွေကို ခေတ္တရပ်နားလိုက်ပြီဟု အိန္ဒြာကျော်ဇင်ပြော


ဧပြီ ၂၄ ရက်နေ့ဟာ အိန္ဒြာကျော်ဇင်ရဲ့မွေးနေ့ပဲဖြစ်ပါတယ်။ သူ့ရဲ့မွေးနေ့တိုင်းကို မိသားစုနဲ့ပဲ ဖြတ်သန်းလေ့ရှိတဲ့ အိန္ဒြာကျော်ဇင်က ဒီနှစ်မှာလည်း မိသားစုနဲ့ပဲ ဖြတ်သန်း ဖြစ်ခဲ့ပါတယ်။ အခုဆိုရင် ခင်ပွန်းဖြစ်သူ ပြေတီဦးနဲ့အတူ ချစ်စဖွယ်သမီးလေး ပြေသုဒြာလည်းရှိနေပြီဖြစ်တဲ့အတွက် သာယာပျော်ရွှင်ဖွယ်ကောင်းတဲ့ မိသားစုလေးကို ရရှိပိုင်ဆိုင်ထားပါတယ်။ အနုပညာအလုပ်နဲ့ မိသားစုတာဝန်ကို မျှပြီးလုပ်ကိုင်နေတဲ့ အကယ်ဒမီ အိန္ဒြာကျော်ဇင်က လတ်တလောမှာ ဒုတိယ မြောက် ရင်သွေးထပ်ယူဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။ နောက်ထပ် ကလေးယူဖို့အတွက် အနုပညာအလုပ်တွေကို ခေတ္တရပ်နားတော့မှာဖြစ်ကြောင်း သူ့ရဲ့ပရိသတ်တွေကို အသိပေးပြော ကြားခဲ့တဲ့ အိန္ဒြာကျော်ဇင်ကို လက်ရှိဖေ့စ်ဘုတ်စာမျက်နှာထက်က ပြေသုဒြာအကောင့်ကို အသုံးမပြုတော့တာနဲ့ ပတ်သက်ပြီး အခုလိုမေးမြန်း တင်ဆက်လိုက်ပါတယ်။

ဧပြီ ၂၄ ရက်မွေးနေ့နဲ့ မွေးနေ့လက်ဆောင်
 
“မွေးနေ့ကတော့ ဘာမှထွေထွေထူးထူးမလုပ်ဖြစ်ပါဘူး။ ညဘက်ကတော့ နှစ်တိုင်းလိုပဲ မိသားစုတွေ၊ တအားရင်းနှီးတဲ့ မိတ်ဆွေနည်းနည်းပါးပါးနဲ့ သွားစားဖြစ်ကြတယ်။ ကိုပြေတီဦးက ကားဝယ်ပေးထားတော့ အဲဒါကိုပဲ သူက မွေးနေ့လက်ဆောင်ဆိုပြီး လုပ်လိုက်တာပေါ့။ အိမ်ကလူတွေအားလုံးက Birthday Wish လုပ်ကြတော့ သမီးလေးကလည်း အမေကို Kiss လာပေးတယ်”

ဒုတိယမြောက်ရင်သွေးယူဖို့ အတွက် အနုပညာအလုပ်တွေရပ်နား
 
“အူဝဲတို့ နောက်ထပ်ကလေး တစ်ယောက်ယူဖို့

ဂူဂဲလ်နှင့် ကစားခြင်း


 တစ်ခုခုရှာချင်ရင် အသုံးများတာကတော့ ဂူဂဲလ်။  ဂူဂဲလ်မှာ ဂူဂဲလ်ရဲ့ ထူးခြားချက်လေးတွေလဲရှိတယ်….  စကားလုံးလေးရိုက်ထည့်ပြီးရှာနေရမယ့်တူတူဂူဂဲလ်ရဲ့စာမျက်နှာပေါ်မှာအပျင်းပြေ ဆော့ကြည့်လို့လဲရပါတယ်။

ပထမတစ်ခုက do a barrel roll အဲဒီစာလုံးလေးကို ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…

နောက်တစ်ခုက askew သူ့ကိုလဲ အဲ့ဒီလိုပဲ ဂူဂဲလ်ထဲမှာ ရိုက်ကြည့်လိုက်ပါ…
နောက်တစ်ခုက equation.. ဂူဂဲလ် ဂဏန်းပေါင်းစက်ကနေတွက်ပေးတာ
ဟောဒီ equation လေးကို ကော်ပီကူးပြီးတော့ ရိုက်ကြည့်လိုက်.. sqrt(cos(x))*cos(300x)+sqrt(abs(x))-0.7)*(4-x*x)^0.01, sqrt(6-x^2), -sqrt(6-x^2) from -4.5 to 4.5 ပေါ်လာတာလေးကို ကိုယ့်ကောင်မလေးကို ပြလိုက်ပေါ့..

နောက်တစ်ခုကတော့

Android အစစ်ဖြစ်ကြောင်း ဘယ်လို စမ်းရင်သိနိုင်မလဲ


ဒီတစ်ပတ်လည်း Android ဗဟုသုတပေါ့ဗျာ။ သိထားသင့်တယ်ထင်ပါတယ်။ Handsetတွေ ဒီလောက် တံဆိပ်မျိုးစုံ၊ Model မျိုးစုံများပြားလွန်းတဲ့ ခေတ်ကြီး ထဲမှာ Android အစစ်ဖြစ်ကြောင်း ဘယ်လိုစမ်းရင်သိနိုင်မလဲဆိုတာ ပြောပြပေးချင်ပါတယ်။ တစ်ချို့JAVA ဖုန်းတွေက Android ဖုန်းတွေလို အသွင်အပြင်တွေ တော်တော်ဆင်ပါတယ်။ ရုတ်တရက် ကြည့်ရင် Androidလို့ ထင်ရနိုင်ပါတယ်။ Touch Screenကို စမ်းကြည့်မယ်ဆိုရင် ကွဲပြားစွာသိရှိနိုင် ပါတယ်။ ခက်တာက Androidကို အသုံးပြုထားတဲ့ တစ်ချို့ Handsets တွေမှာ Android အစစ်ဖြစ်တယ်ဆိုတာကို သိနိုင်ဖို့ခက်ပါတယ်။ တစ်ချို့ Handsets တွေက များသောအားဖြင့် Clone Handsets တွေမှာ တွေ့ရတတ်ပါတယ်။ Androidအစစ်ကဲ့သို့ အသုံးပြုနိုင်တဲ့ Featureတွေ အကုန်ပါဝင်ပါတယ်။ ဒါပေမဲ့ အဲ့ဒီ့ Androidဖုန်းတွေက Androidအစစ်ကို အသုံးပြုထားတဲ့ဖုန်းတွေ မဟုတ်ကြ ပါဘူး။ Androidအစစ်ကို အသုံးပြု ထားတဲ့ဖုန်းနဲ့ Android အစစ်မဟုတ်တဲ့ဖုန်းတွေက ဘာတွေကွဲပြားလဲ ဆိုရင်တော့ ကွဲလွဲတာတွေ သိပ်မရှိပေမဲ့။ Brand အစစ်နဲ့ခွဲခြားလို့ မရအောင် တူတဲ့ Clone Handsets တွေမှာ Android အစစ်မဟုတ်တာတွေကို သုံးထားတာဖြစ်တဲ့ အတွက် Brand အစစ်ဆိုပြီး ၀ယ်လိုက်မိသွားမှာ စိုးရိမ်တဲ့ Android User တွေ အတွက်ဒီနည်းလမ်းလေးကို ပြောပြလိုက်ပါတယ်။

အခုနောက်ပိုင်းဝင်လာတဲ့ Samsung Galaxy Mini တွေမှာ Android အစစ် မဟုတ်တာတွေကို သုံးထားပါတယ်။ လုံးဝကို အစစ်နဲ့တူပါတယ်။ အဲ့လိုဖုန်း တွေကို အစစ်မဟုတ်ကြောင်း ဘယ်လိုစမ်းနိုင်လဲဆိုရင်၊ အလွယ်ဆုံးက Setting ထဲကိုဝင်ပြီး Display ကိုရှာလိုက်ပါ။ Samsung Galaxy Series တွေအတွက်ဒီနည်းနဲ့ စမ်းကြည့်လို့ရပါတယ်။ Display ထဲမှာ Font Style ကိုရှာကြည့်လိုက်ပါ။ တွေ့ရင်

ဖုန်းပြော လွန်းသောကြောင့် ကင်ဆာ တစ်မျိုး တွေ့ရှိ

အမေရိကန် နိုင်ငံမှ Dr. Brian Berry ဟာ Silver Nitro Oxide ကြောင့် ဖြစ်တဲ့ ကင်ဆာ ရောဂါ တစ်မျိုးကို ရှာဖွေ တွေ့ရှိခဲ့ပါတယ်...
သင်ဟာ ဖုန်းငွေဖြည့် ကဒ်ကို ဘယ်တော့မှ လက်သည်းနဲ့ မခြစ်မိပါစေနဲ့..

 

ဲ့ဒီမှာ အရေပြား ကင်ဆာ ဖြစ်စေတဲ့ Silver Nitro Oxide တွေ ပါပါတယ်လို့ ဆိုပါတယ်... ကျန်းမာ ပျော်ရွှင်စွာ နေထိုင်နိုင်ရေး အတွက်

၁. ဖုန်းပြောတဲ့ အခါ ဘယ်ဘက်နားနဲ့ ပြောပါ

၂. ဆေးတွေကို ရေခဲရေနဲ့ တွဲမသောက်ပါနဲ့

၃. ညနေ ၅ နာရီနောက်ပိုင်း အစာများများ မစားပါနဲ့

၎. မနက်ပိုင်းမှာ ရေများများ သောက်ပြီး ညဘက်မှာ လျော့သောက်ပါ

၅. ည၁၀ နာရီမှ မနက် ၄ နာရီ အတွင်းဟာ အိပ်စက်ဖို့ အကောင်းဆုံး အချိန်ပါ

Monday, 29 April 2013

ရှမ်းစော်ဘွားများ ဂူသင်္ချိုင်းသို့ ဂါရဝပြုသွားရောက် လေ့လာခဲ့သူ ဦးကျော်သူ အဓိဋ္ဌာန်အောင်၍ ဆံပင်ညှပ်လိုက်ပြီဟုဆို


ဧပြီလ ၂ဝရက်နေ့က နာရေး ကူညီမှုအသင်း (ရန်ကုန်)ဥက္ကဋ္ဌဦး ကျော်သူ သည် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်ရှိ ‘နှလုံးလှပိုင်ရှင်များ’နာရေး ကူညီမှုအသင်း ၏ ရုံးဖွင့်ပွဲနှင့် လူမှုပရဟိတဟော ပြောပွဲအား တက်ရောက်ခဲ့ သည်။’နှလုံးလှပိုင်ရှင်များ’ နာရေးကူညီမှုအသင်းရုံးခန်းကိုညနေပိုင်းတွင် ဖွင့်လှစ်ခဲ့ပြီးနောက် ည၈နာရီအချိန် တွင် ဟောပြောပွဲပြုလုပ်ခဲ့ရာ နာရေး ကူညီမှုအသင်းဥက္ကဋ္ဌဦးကျော်သူက ‘ဗြဟ္မစိုရ်ခြေလှမ်းများ’ ခေါင်းစဉ်၊ ကိုအလင်းဆက်(IR)က ‘ပဉ္စမမဏ္ဍိုင် ၏စိန်ခေါ်မှုများ’ ခေါင်းစဉ် ဖြင့် ဟောပြောပေးခဲ့သည်။ ဧပြီ ၂၁ရက်နေ့၊ မနက်ပိုင်းတွင် ကျိုင်းတုံမြို့ရှိ ကျိုင်းတုံစော်ဘွားများ၏ ဂူ သင်္ချိုင်း ဗိမာန်အားသွားရောက် လေ့လာခဲ့ကာ ကျိုင်းတုံ စော်ဘွား၏ နောက်ဆုံး မျိုးဆက်ဖြစ်သူနှင့် တွေ့ဆုံခွင့်ရရှိခဲ့ပြီး စော်ဘွားများ၏ သင်္ချိုင်းဂူဗိမာန်(၉)ခုအား ဂါရဝပြုခဲ့ကြသည်။ ထို့နောက် တာချီလိတ်မြို့ရှိ’မဇ္ဈိမ’လူမှုရေး အသင်းသို့ သွား ရောက်ခဲ့ပြီး ည(၈)နာရီ အချိန်က ‘ဟုတ်တက်’ဗုဒ္ဓဘာသာ ဘုရားကျောင်းတွင်

မိနစ် ၂၀ စာပဲ


ကုမ္ပဏီ အလုပ်အမှုဆောင်တစ်ဦးဟာ အရေးကြီးတဲ့အခမ်းအနားမှာ မိန့်ခွန်း ပြောဖို့ ဖိတ်ကြားခံရ
တာကြောင့် သူ့လက်အောက်ဝန်ထမ်းတစ်ဦးကို မိနစ် ၂၀ စာ မိန့်ခွန်းကောင်းကောင်းတစ်ခုရေးပေး
ဖို့ ခိုင်းလိုက်ပါတယ်။
ဒါပေမဲ့ အမှုဆောင်ဟာ အခမ်းအနားကနေ ဒေါသအကြီးအကျယ်ထွက်ပြီး ပြန်ရောက်လာပါတယ်။
"မင်း .. ငါ့ကို ဘယ်လိုကြောင့် တစ်နာရီလောက်ကြာတဲ့ မိန့်ခွန်းရေးပေးရတာလဲ။ ငါ ..စကားပြော
လို့ မပြီးခင်မှာဘဲ ပရိသတ်တစ်ဝက်လောက်က အခန်းထဲကနေ ထွက်သွားကြတယ်"လို့လည်း
သူ့ဝန်ထမ်းကို လေသံမာမာနဲ့ မေးခွန်း ထုတ်လိုက်ပါတယ်။
လက်အောက်ဝန်ထမ်းဟာ တစ်ခဏလောက်ကြောင်သွားပြီးမှ

အောင်မြင်မှု နိယာမ


တစ်ခါတုန်းကအောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်ကို ရှာဖွေချင်တဲ့လူငယ်လေးတစ်ယောက်ရှိတယ်။ တစ်နေ့တော့ သူဟာ တောင်ပေါ်မှာနေတဲ့ ပညာရှိကြီးတစ်ယောက်ဆီကိုသွားတယ်။ ပညာရှိကြီးရဲ့တဲကိုရောက်တော့ သူက ပညာရှိကြီးခင်ဗျား ဘ၀အောင်မြင်မှုရဲ့ လျှို့ ဝှက်ချက်ကိုကျွန်တော့်ကို ပြောပြပေးပါ လို့ တောင်းဆိုတယ်။ ပညာရှိကြီးက ခဏတိတ်ဆိတ်သွားပြီးမှသူ့ ကို အနားမှာရှိတဲ့ မြစ်တစ်မြစ်ဆီကို ခေါ်သွားတယ်။

သူတို့ နှစ်ယောက်ဟာ လူငယ်လေးရဲ့ခေါင်းရေထဲကိုမြှပ်တဲ့အထိ မြစ်ထဲကိုဆင်းလျှောက်သွားတယ်။ လူငယ်လေးက သူ့ ရဲ့ ခေါင်းကိုရေပေါ်ပြန်ဖော်နိုင်အောင် ကြိုးစားရုန်းကန်နေရတယ်။ ဒါပေမယ့် ပညာရှိကြီးက သူ့ ကို မကူညီတာကိုကြည့်ပြီး သူအရမ်းအံ့သြသွားတယ်။ သူ့ ကို မကယ်တဲ့ အပြင်ကို ပညာ၇ှိကြီးက သူ့ ခေါင်းကိုရေထဲကို ထပ်နှစ်လိုက်တယ်။ ခဏကြာတော့မှ ပညာရှိကြီးက လူငယ်လေးကို ရေထဲကနေဆွဲထုတ်လိုက်ပြီးသူတို့ နှစ်ယောက်ဟာ ပညာရှိကြီးရဲ့ တဲဆီကို ပြန်လျှောက်လာတယ်။ ပညာရှိကြီးက လူငယ်လေးကိုသူ့ ခေါင်းရေထဲကို နှစ်မြှပ်နေတဲ့အချိန်မှာ ဘာကို အတောင့်တဆုံးလဲလို့ မေးလိုက်တယ်။လူငယ်လေးကလည်း မဆိုင်းမတွပဲနဲ့  ကျွန်တော် အသက်ရှုချင်တာပေါ့ဗျ၊ ခင်ဗျားရူးနေလားဆိုပြီးတော့ပြန်ပြောလိုက်တယ်။

အဲဒီတော့ ပညာရှိကြီးကအဲဒါပဲသား၊ မင်းဟာ အသက်ရှုချင်သလိုမျိုးသာ အောင်မြင်မှုကို တောင့်တမယ်ဆိုရင်၊ အောင်မြင်မှုရဲ့သော့ချက်အမှန်ကို

Sunday, 28 April 2013

ကိုယ့်အလုပ်ကို ပျော်ရွှင်အောင် နေတတ်တယ် ဆိုတဲ့ တင်မိုးလွင်


အဓိကကတော့ အခုချိန်မှာပေါ့ ကျွန်မတို့ ဖြတ်သန်းလာတဲ့ အတွေ့အကြုံအရ ကိုယ့်ဘဝကို ကိုယ်ကျေနပ်တယ်။ ကိုယ့်အလုပ်ကို ကိုယ်ကျေနပ်တယ်။ ပျော်ရွှင်အောင် နေတတ်တဲ့ အတွက် သူများတွေ ထက်လည်း ပျော်ရွှင်မှုကို ရပါတယ်။ ဒါပေမဲ့ ဒီနှစ်ပိုင်း အတွင်းမှာ မပျော်ရွှင်ရဆုံး၊ စိတ်အပင်ပန်း ရဆုံးက ပြည်တွင်းစစ် တွေပါပဲ။ အဲဒီပြည်တွင်း စစ်တွေ အမြန်ဆုံး ချုပ်ငြိမ်းစေ ချင်ပါတယ်။ သေးသေးလေးဖြစ်နေတဲ့ စစ်တွေက အကြီးကြီးဖြစ်လာ တယ်။ ရပ်တော့မလို ဖြစ်ပြီးတော့ ရှည်ကြာ လာတယ်။ လူတွေသေ ကြေပျက်စီးရတဲ့ အရေအတွက် တွေပိုများလာတယ်။ နောက်ပြီးတော့ အမှုအခင်း၊ အရေးအခင်းနဲ့ သူ့လက်ညှိုးထိုး၊ ကိုယ့်လက်ညှိုးထိုးနဲ့ အရမ်းလည်း ရှုပ်ထွေးလာတယ်။ အဲဒီကိစ္စတွေက ကျွန်မတို့လည်း လိုက်မမီဘူး။ ကျွန်မတို့လည်း မတတ်သာဘူး။
ဒါပေမဲ့ စိတ်ထဲမှာ ရှိတာက ကျွန်မတို့နိုင်ငံကို

မိုဘိုင်းဖုန်းကိုင်သူများ သတိထားရန် ရောဂါ


ယနေ့က လူတော်တော်များများ မိုဘိုင်းဖုန်း ကိုင်ပြီဆိုတော့ မိုဘိုင်းဖုန်းနဲ့ ပက်သက်တဲ့ ရောဂါ အကြောင်းလေး ပြောရတာပေါ့။ ပထမ စပြောချင်တာက စိတ်ရောဂါလေးပါ။ ဖုန်းမရှိရင်မနေနိုင်တဲ့ စိတ်ရောဂါလေးပေါ့။


သူငယ်ချင်း တစ်ယောက်ရှိတယ်။ ထိုင်နေရင်း အသံတစ်ခုခု ကြားရင် သူ့ဖုန်းချည်း ထင်နေတယ်။ မဟုတ်ရင်တောင် ဘယ်သူ့ဖုန်းလည်း လို့ တောင် သူက ထထမေးတတ်တယ်။ သူနဲ့ ခင်မင်မှု သိပ်မရှိတဲ့ လူတွေနဲ့တွေ့ဆုံတဲ့အခါ သို့မဟုတ် လူကြီးတွေနဲ့ တွေ့ခဲ့အခါ အရှက်ပြေ ကိုင်စရာ တစ်ခုအနေနဲ့ ဖုန်းကို ထုတ်ထုတ် ကလိပါတယ်။ ဘာရယ်လို့လည်း မဟုတ်ပါဘူး။ ဖုန်း Screen က App စာမျက်နှာကို ဟိုပြောင်းဒီပြောင်းလုပ်၊ Phone Log ကိုကြည့်၊ Message ကိုဝင်ကြည့်။ ကြာတော့လည်း ပြောစရာ ဖြစ်လာ တာပေါ့။

တစ်နေ့ အိမ်မှာ အလုပ်လုပ်ရင်း လာအိပ်ဖြစ်တော့လဲ မအိပ်ခင် ဖုန်း မျက်နှာပြင် တစ်ကြည့်ကြည့်၊ ဖုန်းကိုလည်း လက်နဲ့ လှမ်းကောက်လို့ အနီးဆုံး ခေါင်းအုံးဘေးမှာ ထားအိပ်ရှာပါတယ်။ ကိုယ်တောင် သူဖုန်းကလိတာ တွေ့တိုင်း ကိုယ့်ဖုန်းကိုယ် ကလိချင်စိတ်ပေါ်ပြီး ကလိမိပါသေးရဲ့ ။ ဒါကလည်း ချောင်းဆိုးရင် တစ်ယောက် လိုက်ဆိုး သလိုပဲ တစ်ယောက်က ဖုန်းကလိတာတွေ့ရင် လိုက်ကလိနေချင်တာမျိုးက အများအားဖြင့် ဖြစ်တတ်ပါတယ်။

ဖုန်းကို အင်တာနက်လည်း လျှောက်ရော ရောဂါက စိုးပါလေရော။ ကားစောင့်နေရင်းလည်း Facebook ဖွင့်တယ်။ လမ်းလျှောက်နေ ရင်းလည်း Facebook ဖွင့်တယ်။ စကားပြောနေရင်းလည်း Facebook ဖွင့်တယ်။ လူကြားထဲ နေရ ထိုင်ရက် ကြပ်လာရင်လည်း Facebook ဖွင့်တယ်။ တစ်ခုခု စောင့်ရတာ ပြင်းရင်လည်း Facebook ဖွင့်တယ်။ 

ဒီတော့ ဖုန်းဘေလ်မြန်မြန်ကုန်။ ဖုန်းဘေလ်စောစောကုန်တော့လည်း မနေနိုင်ပါဘူး။ ငွေမရှိတောင် စာရေးသူဆီက ချေးလို့ ဖုန်းကဒ်ကို တစ်နာရီမခြား ပြန်ဖြည့်ပြီး သူ့ဖုန်းနဲ့ လုပ်နေကျ အလုပ်တို့ လုပ်ပါတယ်။ နောက်တော့ သူ့မှာ ဖြစ်လာတာက ဘယ် အလုပ် လုပ်လုပ်

Saturday, 27 April 2013

သက်မွန်မြင့်နဲ့ စိုင်းစိုင်းခမ်းလှိုင် ဘာဆိုလား မဟုပ်ဘူးတဲ့


 
လူတချို့ ပြောနေကြသလို မင်းသမီး သက်မွန်မြင့်နဲ့ သူနဲ့ ချစ်သူတွေဖြစ်နေကြပြီဆိုတဲ့အချက်က မမှန်ကန်ဘူး လို့ အဆိုတော်၊ သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်က ပြောဆိုကြောင်း သောကြာနေ့ထုတ် မော်ဒန် သတင်းဂျာနယ်မှာ ရေးထားပါတယ်။

"ကျွန်တော်တို့ တစ်ယောက်နဲ့တစ်ယောက်

ဘဝတွင် အောင်မြင်ဖို့ရာ


ဒီပုံလေး နိုင်ငံတကာ ဖွဘုတ်ပေ့တွေမှာ အတော်လေး ရေပန်းစားနေ ပါတယ်။ ကောင်လေး တစ်ယောက် အစက မလုပ်နိုင်ဘူးလို့ အထင်နဲ့ တစ်ဆင့်ပြီး တစ်ဆင့် လုပ်ကြည့်ရင်း အပေါ် ရောက်သွားတာလေးပါ။ လုပ်နိုင်မယ့် အထင်နဲ့  နောက်ဆုံးတော့ ပန်းတိုင်ကို ရောက်သွားတဲ့ ပုံစံမျိုး။ သို့ပေမယ့် အောင်မြင်သွားတဲ့ သူအတော်များများရဲ့  လက်ကိုင်ထားတဲံ လမ်းစဉ်နဲ့ နည်းနည်းတော့ လွဲနေပါတယ်။ ဘုရင့်နောင် ဖောင်ဖြတ် ဆိုရိုးကလည်း အရှိသားလေ။ လုပ်မယ်လို့ ဆုံးဖြတ်ပြီး ကိစ္စကို သူပြန် နောက်မဆုတ်ဘူး။ နောက်တစ်ခုက ကမ္ဘာကျော်တီထွင်ပညာရှင်တွေ။ အက်ဒီဆင်တို့ မီးလုံး ဖန်တီးတုန်းက သူပြောတဲ့ စကားတစ်ခွန်း ရှိပါတယ်။
"ငါမကျရှုံးဘူး။ အလုပ်မဖြစ်တဲ့ နည်းလမ်း တစ်ထောင်ကို ရှာတွေခဲ့တာ" တဲ့။
I found 1000 ways not to make a lightbulb လို့ဆိုပါတယ်။ ဒီမှာကတည်းက အက်ဒီဆင်ရဲ့  ခံယူချက်ကို မြင်နေရပါတယ်။ သူ စလုပ်ကတည်းက အရှုံးအတွက် လက်မိုင်မကျဘူး။ အရှုံးအတွက် ဝမ်း မနည်းဘူး။ ပုံကပြထားတဲ့ ကလေးလို လှေကားမှာ မိုင်မနေတတ်တဲ့ လူစားမှန်း သူ့စကားနဲ့ လုပ်ရပ်က သက်သေပြပါတယ်။  ပညာရှင်များ က တီထွင်ဖန်တီးမှု မအောင်မြင်သည့်တိုင် "ငါ လုပ်ကောလုပ်နိုင်ပါ့ မလား" လို့ ကိုယ့်ကိုယ့်ကို ပြန်မေးခွန်း မထုတ်ပါဘူး။ အလုပ် စလုပ်ကတည်းက ခြေလှမ်းတိုင်းမှာ အားပါပြီးသားလေ။ ပထမ ၁ လမ်းမှာ ထားတဲ့ ခံယူချက်နဲ့ ပန်းတိုင်ရောက်ခါနီးထားတဲ့ ခံယူချက်က မပြောင်းလဲပါဘူး။ အက်ဒီဆင်တို့ မီးလုံးထွင်တုန်းက ပထမဆုံး ခြေလှမ်းနဲ့ နောက်ဆုံး ခြေလှမ်း ခံယူချက် ပြောင်းမသွား ပါဘူး။ ဖြစ်မလာသေးတာပဲ ရှိတာကို သက်သေပြသွားပါတယ်။

ဒီတော့

ဆီးဂိမ်းမှာ လုပ်အားပေးကြမလား


  (၂၇)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲ ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနားမှာ ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer များ အဖြစ်  ပါဝင်ဆောင်ရွက်ဖို့အတွက်  တိုင်း ဒေသကြီး နှင့်ပြည်နယ် လူမှု
ရေး၊ ယဉ်ကျေးမှု ၀န်ကြီးဌာန နှင့် အမျိုးသမီးရေးရာအဖွဲ့များတွင် လူကိုယ်တိုင်သွားရောက်ဆက်သွယ်ပြီး စာရင်းသွင်းအရွေးချယ်ခံရန်  ဖိတ်ခေါ်ထားတယ်လို့ ယဉ်ကျေးမှု ၀န်ကြီးဌာနက ကြေညာထားပါတယ်။

 ဖွင့်ပွဲအခမ်းအနားမှာ နိုင်ငံအသီးသီး ကိုယ်စားပြု ဆိုင်းဘုတ်ကိုင်  အမျိုးသမီး ၁၁ ဦး၊  ပိတ်ပွဲအခမ်းအနားမှာ  အားကစားနည်း ၃၃ နည်း ကိုယ်စားပြုဆိုင်းဘုတ်ကိုင်အမျိုးသမီး ၃၃ ဦး လိုအပ်ပါတယ် တဲ့။

ဒီလိုပွဲနိုင်ငံကိုယ်စားပြုပွဲတွေမှာရုပ်ရည်ချောမောသူအမျိုးသမီးငယ်တွေက ပါဝင်ဖို့စိတ်ဝင်စားလေ့ရှိပါတယ်။

အသက်နှစ်ဆယ်အရွယ်ရှိ တက္ကသိုလ်ကျောင်းသူတ ဦး က ...
“အရင်တုန်းကဆိုရင် ကျောင်းမှာလုပ်တဲ့ အခမ်းအနားတွေမှာပဲနေရာရတာ များတယ်။ အခုလိုနိုင်ငံတော်အဆင့်ပွဲမျိုးမှာ   ပါဝင်ခွင့်ရတာ ဂုဏ်ယူစရာဖြစ်တယ်ပေါ့” လို့ ပြောပါတယ်။

လျှောက်ထားသူတွေမှာရှိရမယ့်အရည်အချင်းတွေကတော့

မေတ္တာတရားကို ခုတုံးလုပ် လူကုန်ကူးမှု


မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာ လူ့ဘ၀မှာ မကြာခဏ ကြုံရတတ်တဲ့ ကိစ္စပါ။ အခုဟာက
တော့ မေတ္တာတရား ကို ခုတုန်းလုပ် လူကုန်ကူးမှု ဖြစ်စဉ်တခုပါ။ 
မေတ္တာတရားကို ခုတုံးလုပ်တယ်ဆိုတာကလည်း သားမယားအဖြစ် လက်ထပ်ပေါင်းသင်းယူပြီးမှ ကိုယ့် ဇနီး မယားကို တဖက်နိုင်ငံမှာ ရောင်းစားလိုက်တာကို ဒီကနေ့ ထုတ် ကြေးမုံသတင်းစာက သတင်းတပုဒ် မှာ တွေ့ရပါတယ်။ 

ကရင်ပြည်နယ် ဘားအံမြို့မှာတော့ ဦးပန်းစုံဆိုတဲ့ သူက ၂၀၁၂ ခုနှစ် သြဂုတ်လတုန်းက သထုံမြို့က အမျိုး သမီး တဦးကို လက်ထပ်မယ်ဆို ပြီး ဖျားယောင်းသွေးဆောင်ကာ တခြားတရွာက သူငယ်ချင်းဖြစ်သူ တဦးရဲ့ အိမ်မှာ သားမယား အဖြစ် ပေါင်းသင်း နေထိုင်ခဲ့ပါတယ်တဲ့။ 

အဲဒီနောက်မှာတော့ ထိုင်းနိုင်ငံဘန်ကောက်မြို့က ဆေးဆိုးပန်းရိုက်စက်ရုံမှာ ဦးပန်းစုံက သူ့ဇနီးကို အလုပ် သွင်းပေးခဲ့ပြီး မြန်မာပြည် ပြန်သွားခဲ့တယ်တဲ့။ 

လကုန်လို့ လစာထုတ်ချိန်ရောက်မှ ဦးပန်းစုံက သူ့ကို ရောင်းစားသွားခဲ့တယ်ဆိုတာ

ဘ၀ကို အရှုံးမပေးသူများ


ဆိုက္ကားဆရာနဲ့ သမီးလေးတို့ရဲ့ မိဘမေတ္တာဖွဲ့ဇာတ်လမ်းလေးတစ်ချို့။

ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ မိဘမေတ္တာ၊ ကျေးဇူးတရားကို ခံစားနားလည်သိတတ်သော မွန်မြတ်တဲ့စိတ်ဓာတ်၊ ပညာရေးကို အားပေးလိုတဲ့စိတ်ဓာတ်၊ ချိုတဲ့နေသူတွေကို ကူညီဖေးမချင်တဲ့ လှပတဲ့စိတ်ထားလေးတွေကြောင့် ဒီလောက်ကြိုက်နှစ်သက်ခဲ့ကြတယ်လို့ ယူဆမိကြောင်း ပြောပြချင်တာ ဆိုလိုရင်းပါ။

Jan/2013 ကျမှ စာတိုပေစများ စရေးသူ ကျွန်တော့်အနေနဲ့ မိမိ Post ကို စာဖတ်သူများစွာ ကြိုက်နှစ်သက်ကြတာကို ပုထုဇဉ်သဘာဝအရ သာယာနှစ်သက်မိပေမယ့် မြန်မာလူမျိုးများရဲ့ လှပတဲ့စိတ်ထားကို ထင်ရှားစွာ တွေ့မြင်ခွင့်ရလို့ ၀မ်းသာကြည်နူးရတာက အဆပေါင်းများစွာ ပိုပါတယ်။

ဒီ Post လေးကို ဖတ်သူတွေ ရင်ထဲ ခံစားခဲ့ကြရသလိုပဲ ကျွန်တော်ကိုယ်တိုင်လည်း (ကိုယ်တိုင်မြင်တွေ့ခဲ့ရသူမို့) တစ်စုံတစ်ရာကို စူးစူးနစ်နစ် ခံစားခဲ့ရပါတယ်။သား၊သမီးမရှိတဲ့ ကျွန်တော်ဟာ အဲဒီသမီးလေးကို ကိုယ့်သမီးလေးလို ချစ်ခင်မိပြီး ပညာရေးအတွက် တတ်နိုင်တဲ့ဖက်က အကူအညီပေးလိုစိတ်များပေါ်ပေါက်လာခဲ့မိပါတယ်။

ဒါကြောင့် ၂၅-၄-၁၃ နေ့မှာတော့ အဲဒီ ဆိုက္ကားဆရာနဲ့ သမီးလေးကို ရှာဖို့ယခင်တွေ့ခဲ့တဲ့နေရာကို ပြန်သွားရှာခဲ့ပါတယ်။

ကျွန်တော် နေ့လည် (၂)နာရီခွဲလောက် ရောက်သွားချိန်မှာ ကံကောင်းစွာနဲ့ အဲဒီဆိုက္ကားဆရာကို ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ပါတယ်။

Friday, 26 April 2013

မိန်းကလေးများ သတိထားစေချင်


တစ်ဦးတစ်ယောက်ကို ချစ်မိသွားရင် ပညာရှိ မိန်းမများပဲ ဖြစ်စေ အသိတရား လွင့်ပြယ် သွားတတ်ကြပါသည်။

ချစ်သူရဲ့ ကြင်နာ ယုယမှုအောက်တွင် ဆင်ခြင်တုံတရားတို့ လွင်ပြယ်သွားတတ်ပါသည်။ အဲဒီအချိန်မှာ ပြန်ပြင်လို့ မရတော့တဲ့ အမှားတို့ ဆက်တိုက် မှားယွင်းမိတော့သည်။

သို့သော် သဘာဝတရားမို့ မည်သူ့ကိုမျှ အပြစ်မဆိုသာချေ။

အထူးသဖြင့် ဆိတ်ကွယ်ရာတွင် ဖြစ်စေ ညအခါတွင်ဖြစ်စေ ချစ်သူရဲ့ အထိအတွေ့ပာာ မှားယွင်းမိသည်အထိ အဆိပ်ပြင်းပါသည်။

ယခုအခါ အလွန်တိုးတက်သဖြင့်

ကုန်းပေါ်၊ ရေပေါ်၊ ရေအောက်သွား ပြိုင်ကား


ဂျိန်းစဘွန်းရုပ်ရှင်တွေမှာတင် မဟုတ်ပဲ တကယ့်အပြင်မှာလည်း ရှိတယ် ဆိုတာကို Squba အမည်ရ ဂျာမနီကားကုမ္မဏီက လွန်ခဲ့တဲ့ ၃ နှစ် ဝန်းကျင်လောက်ကတည်း ထုတ်ဖော်ပြသခဲ့ပြီး ဖြစ်ပါတယ်။
ကုန်းပေါ်၊ ရေပေါ်၊ ရေအောက် သုံးမျိုးလုံး သွားလာနိုင်မယ့် ကား ဖြစ်ပါတယ်။ တစ်နာရီ  ကီလိုမီတာ ၁၀၀ ကျော်လောက်နဲ့ ကုန်းပေါ်မှာ သွားပြီး ရေပေါ်မှာ ၆ ကီလိုမီတာ၊ ရေအောက်မှာ ၃ ကီလိုမီတာ သွားပါတယ်။
လောင်စာဆီလုံးဝမသုံးတဲ့ လျှပ်စစ်ကားလည်း ဖြစ် ပါတယ်။ နောက် ထပ် ထူးခြားချက်က လူမောင်းစရာ မလိုပဲ သူ့ပါသူ အလို အလျောက် မောင်းနှင်နိုင်ခြင်း ဖြစ်ပါတယ်။ ဂြိုလ်တုနဲ့ တိုက်ရိုက် ချိတ်ဆက်လို့ သူ့ပါသူ အလိုအလျောက်မောင်းနှင်၊ ရှောင် တိမ်း နိုင် ပါတယ်။ ရေအောက် သွားဖို့ အတွက် အနေနဲ့ လူကို ထောက် ပံ့ပေး တာက အောက်ဆီဂျင် အိုးပါ။ အမိုးကာပေးထားခြင်း မရှိပါဘူး။ ဒါကြောင့် လိုက်ပါစီးနင်းသူက ကြိမ်းသေ ရေစိုရမှာပါ။ ရေအောက် ၁၀ မီတာ အနက်လောက် ကတော့ အေးအေးဆေးဆေး ခရီးနှင်နိုင် မယ့်

ဒရာမာ ဇာတ်ကားပို သရုပ်ဆောင်ချင်သူ မေသက်ခိုင်


မသက်ခိုင်က ဟာသနှင့်ဒရာမာဇာတ်ကား နှစ်ကားယှဉ်လာလျှင် ဒရာမာကို ပိုဦးစားပေးရိုက်ကူးမည်ဖြစ်ကြောင်း ပြောသည်။”အမုန်းမီးတောက် ဒရာမာဇာတ်ကားလေးက ကိုယ်တိုင်ကလည်း ဇာတ်လမ်းကိုကြိုက်တယ်။ ပါဝင်တဲ့ သရုပ်ဆောင်တွေကလည်း များ တယ်။ ဒီလိုမျိုးရိုက်ရတယ်ဆိုတာကလည်း ရှားတယ်။
ပြီးတော့ ဒရာမာ စစ်စစ်ကိုရိုက်ရတဲ့အတွက် ကိုယ်တိုင်လည်း သဘောကျတယ်။ ဒီဇာတ်ကားထဲမှာက ကိုယ့်အတွက် ပညာတွေလည်း အများကြီးရတယ်။ ဒီဇာတ်ကားကို အဓိကရွေးချယ်ဖြစ်တာကလည်း ကိုယ့်ရဲ့ဇာတ်ရုပ် ကောင်းတယ်မကောင်းဘူး၊ နည်းတယ်၊ မနည်းဘူးဆိုတာထက် တခြား သူတွေဆီက ပညာလည်းရချင်လို့ ရိုက်ဖြစ်တာ။ ဒီကားမရိုက်ခင် တခြားဇာတ်ကားကြီးနဲ့ တိုက်နေခဲ့တာကို
ဒီဇာတ်ကားကိုပဲ ရွေးချယ် ဖြစ်ခဲ့တာပါ။ ရိုက်နိုင်တဲ့အင်အား ရှိတယ်လို့လည်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မိတယ်”ဟု မေသက်ခိုင်က ဆိုသည်။ယခုလောလောဆယ်တွင်

Thursday, 25 April 2013

1500တန် CDMA 800Mhz ဆင်းကဒ် စတင် အသုံးပြုနည်း


သတိပြုရန် – 450Mhz hendset အတွင်း ထည့်သွင်း မသုံးမိစေရန်။

ပထမဦးစွာ ကဒ်ချိုးပြီး 800Mhz ဟန်းဆက်အတွင်းထည့်လိုက်ပါ။ ပြီးရင် လိုင်းပေါ်လာအောင် စောင့်ပါ။ လိုင်းတက်လာပြီဆိုလျှင် မိမိနီးစပ်ရာ ဖုန်းတစ်လုံးကို ခေါ်လိုက်ပါ။ လိုင်းမဝင်သော တီတီတီ အသံကြားလျှင် ပြန်ချလိုက်ပါ။ နောက်တစ်ကြိမ် ပြန်ခေါ်ပါ။ ပြီးလျှင် ပြန်ချထားလိုက်ပြီး ခေတ္တစောင့်လိုက်ပါ။
003456 မှ အောက်ပါအတိုင်း Message ပေးပို့ပါလိမ့်မည်။

Dear 959330—–, You have been Activated. Your balance is (credit)300.00and will be expired at 2013-05-09 00:00:00.

ထို message ဝင်လာလျှင် စတင် အသုံးပြုနိုင်ပါပြီ။
ဖုန်းအတွင်း ပါဝင်သော ၃၀၀ကျပ်မကုန်မီ ၅၀၀၀တန် ငွေဖြည့်ကဒ်ကို ထည့်သွင်း ပေးရမည် ဖြစ်ပါသည်။

ငွေဖြည့်ရန် code မှာ
*124*ခဲခြစ်နံပတ် ၁၈လုံး#
ဖြစ်သည်။ ငွေလက်ကျန် မေးရန်မှာ

Wednesday, 24 April 2013

Facebook အသုံးပြုသူတို့ သိရှိသင့်သည့် Facebook ကျင့်ဝတ် စည်းကမ်းများ


Facebook အသုံးပြုသူများ လိုက်နာရန် Facebook တည်ထောင်သည့်
အဖွဲ့ကြီးမှ ထုတ်ပြန်ထားသော Facebook အသုံးပြုခြင်းဆိုင်ရာ - “ အခွင့်အရေးနှင့် တာဝန်များ အတွက် ကြေငြာချက် ( Statement of Rights and Responsibilities ) ” အား ကျွန်ုပ်တို့ ၈၈-မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့ အစည်း ( လူထု ဆက်ဆံရေးဋ္ဌာန) မှ ထုတ်နုတ် ဘာသာပြန်ဆို ဖော်ပြပါသည်။

Facebook အသုံးပြုခြင်းဆိုင်ရာ လုံခြုံရေး စည်းကမ်းများ

Facebook ပေါ်မှာ သင်ဟာ -
- Virus( ဗိုင်းရပ်စ်) နှင့် ရန်လိုသော Code များကို တင်ခွင့်မပြုပါ။
- အခြားသူတို့ရဲ့ Facebook အသုံးပြုရန် ၀င်ရောက်ခြင်းဆိုင်ရာအချက်အလက်များ ( Login Information ) ကို ရရှိရန် ကြိုးစားခြင်း။(သို့မဟုတ်) အကောင့်ကို ၀င်ရောက်ကြည့်ရှုခြင်းမပြုရပါ။
- အနိုင်ကျင့် ခြိမ်းချောက်ခြင်း (သို့မဟုတ်) အနှောင့်အယှက်ပေးခြင်း များမပြုရပါ။
- အမုန်းပွား ပဋိပက္ခဖြစ်စေနိုင်သော ပြောဆိုမှုများ၊ အကြမ်းဖက် ခြိမ်းခြောက်မှုများ၊ လိင်ဆွဲဆောင်မှုပုံများ၊ အကြမ်းဖက် ဆူပူမှုကို ဖြစ်စေနိုင်သော အကြောင်းအရာများကို တင်ခြင်းမပြုရပါ။
- ဥပဒေနှင့် မညီညွတ်သော အရာများ၊ လိမ်လည်လှည့်ဖြားမှုများ၊ မလိုမုန်းထားမှုများ (သို့မဟုတ်) နှိမ့်ချခွဲခြားဆက်ဆံမှု များနှင့် ပတ်သက်၍ အသုံးမပြုရပါ။
- Facebookရဲ့ကြေငြာချက် (သို့မဟုတ်) ပေါ်လစီများကို ချိုးဖောက်ခြင်းများ မပြုရန်ဖြစ်ပါတယ်။

Facebook အကောင့်မှတ်ပုံတင်ခြင်းနှင့် လုံခြုံမှု

Facebook အသုံးပြုသူများဟာ အမည်နှင့်ကိုယ်ရေးအချက်အလက်မှန်ကန်မှု ရှိရပါမယ်။ ဒီအတွက် ( အသုံးပြုမည့် သူကိုယ်တိုင်) ကူညီလုပ်ဆောင် ပေးကြဖို့လည်း လိုအပ်ပါတယ်။ အောက်ဖော်ပြပါ အချက်အလက်များသည် သင့်အကောင့် လုံခြုံရေးနှင့် မှတ်ပုံတင်ခြင်းအတွက် လိုက်နာရမည့် ကတိက၀တ် များဖြစ်ပါတယ်။
- Facebook ပေါ်တွင် မမှန်ကန်သော ကိုယ်ရေးအချက်အလက်များကို အသုံးပြုခွင့်မရှိပါ။ (ခွင့်ပြုချက်မရှိပဲနှင့်) မိမိကိုယ်တိုင် အကောင့်မှလွဲ၍ တစ်ပါးသူအတွက် အကောင့်လုပ်ပေးခြင်းများ မပြုရပါ။
- ကိုယ်ပိုင်အကောင့်လုပ်ရာတွင် တစ်ခုထက်ပို၍ မပြုရပါ။
- Facebookသည် သင့်အကောင့်ကို ပိတ်သိမ်းလိုက်လျှင်၊ ခွင့်ပြုချက်မရှိပဲ နောက်ထပ် အကောင့်တစ်ခုကို ဖန်တီးခွင့်မပြုပါ။
- ကိုယ့်ရဲ့ကိုယ်ပိုင်အကောင့်ကို စီးပွားရေးအကျိုးကိစ္စအတွက် အသုံးမပြုရပါ။ (ထိုအတွက် Facebook Page ကို အသုံးပြုနိုင်ပါတယ်)
- လိင်ပိုင်းဆိုင်ရာ ဖောက်ပြန်ရေးသမားဖြစ်လျှင်

International Crisis Group မှ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား ငြိမ်းချမ်းရေး ဆုချီးမြှင့်


Internatinal Crisis Group မှ ငြိမ်းချမ်းရေးဆုချီးမြှင့်ပွဲကိုဧပြီလ ၂၂ ရက် ညနေ ၅ နာရီတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့ The Pierre Hotel ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ဘရာဇီး နိုင်ငံသမ္မတဟောင်း မစ္စတာလူးဝစ်လူးလားတို့က လက်ခံရရှိခဲ့ကြသည်။

အခမ်းအနားတွင် ICG ဥက္ကဋ္ဌ Mr. Thomas R.Pickering နှင့် Fiore Financial Corporation မှ President & CEO Mr. Frank Giustra တို့က တက်ရောက်လာကြသူများအား ကြိုဆိုကြပြီး ဆုတောင်းပတ္ထနာပြုကြသည်။

ထို့နောက် ည ၇ နာရီခွဲတွင် ဆုပေးပွဲနှင့် ညစာစားပွဲ အခမ်းအနားကို ကျင်းပရာ International Crisis Group ၏ We are the International Crisis Group video clip ကို ပြသသည်။ ထို့နောက် ICG President & CEO ; Luise Arbour နှင့် အခမ်းအနားမှူး BBC World news America မှ Katty Kay တို့ က ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားကြသည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ကျင်းပရာ Soros Fund Management LC ဥက္ကဋ္ဌ Mr. George Soros က နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အတွက် ဆုပေးအပ်ကြောင်း ကြေညာသည်။ ယင်းနောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နိုင်ငံအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို ဗီဒီယို clip ပြသသည်။

ထို့နောက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ နှုတ်ခွန်းဆက် ကျေးဇူးတင်ရှိကြောင်း မိန့်ခွန်းဗီဒီယိုကို ပြသပြီး နိုင်ငံတော်သမ္မတကိုယ်စား သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ငြိမ်းချမ်းရေးဆုအား လက်ခံရယူကာ

Tuesday, 23 April 2013

ကျွန်တော်နဲ့ မလိုက်ဖက်ဘူးထင်လို့ Show တွေမလျှောက်ဖို့ ဆုံးဖြတ်လိုက်ပြီ – ဉာဏ်လင်းအောင်


အိန်ဂျယ်တွေ စောင့်ရှောက်တဲ့အချစ် ကိုယ်ပိုင်သံစဉ်စီးရီးကို မတ်လ(၁၀)ရက် နေ့လယ်(၃)နာရီ တော်ဝင်စင်တာမှာ The Sun Music က ဖြန့်ချိခဲ့ပါတယ်။ အိန်ဂျယ်တွေ စောင့်ရှောက်တဲ့အချစ် စီးရီးမှာR ဇာနည်၊ ဇော်ပိုင်၊ L လွန်းဝါ၊ ဉာဏ်လင်းအောင်၊ ထွန်းအိန္ဒြာဗိုလ်၊ တင်ဇာမော်၊ ရေဗက္ကာဝင်း၊ L ဆိုင်းဇီ၊ ဖြူဖြူကျော်သိန်း၊ ဝိုင်းစုခိုင်သိန်း၊ ချမ်းချမ်းတို့က ပါဝင်သီဆိုထားကြပါတယ်။ Metal Zone Band နဲ့ တီးခတ်ထားပြီး ကေအေတီ၊ ဇဝါ၊ စံပီးတို့ ရေးထားတဲ့ ကိုယ်ပိုင်သံစဉ် သီချင်းများ ဖြစ်ပါတယ်။ တေးရေး၊ တေးဆို၊ တီးဝိုင်း၊ ပါဝင်သူအားလုံး တက်တက်ကြွကြွ ပင်ပင်ပန်းပန်းနဲ့ အားထုတ်မှုအများဆုံး စိုက်ထုတ်ထားကာ ကိုယ်ပိုင်သံစဉ်မို့ ပိုကြိုးစားရတယ်လို့ တေးရေးကေအေတီက ဆိုပါတယ်။ ဆိုလွယ်တေးတွေ အရမ်းအောင်မြင်နေတဲ့အချိန်မှာ အိန်ဂျယ်တွေ စောင့်ရှောက်တဲ့အချစ်က သေချာပေါက် အရည်အသွေးမီ ပြည့်စုံတဲ့ကိုယ်ပိုင်သံစဉ်သီချင်းတွေ ဖြစ်တယ်လို့ စာနယ်ဇင်းမိတ်ဆက်ပွဲနေ့က အမှတ်တရစကား ပြောခဲ့ပါတယ်။ အဲဒီခွေမှာ ပါဝင်သီဆိုထားတဲ့ ဉာဏ်လင်းအောင်ကို ခဏတာမေးဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ သူစိမ်းလူအခွေကို သေချာလေး နားထောင်ပေးပါလို့ ပရိသတ်ကို တောင်းဆိုထားပါတယ်။

Q. ဉာဏ်လင်းအောင် သန့်ပြီး ချောနေပါလား။

A. ဟား..ဆံပင်ညှပ်ထားလို့ပါ။

Q. လူငယ်တစ်ယောက်အနေနဲ့ ဖက်ရှင်တွေရော စိတ်ဝင်စားလား။

A. ကျွန်တော်က ငယ်ငယ်လေးကတည်းကနေ အခုချိန်ထိ အမေပဲ အဝတ်အစား ဝယ်ပေးတာ။ ပြီးတော့

ကမ္ဘာကျော် တေးသံရှင် မိုက်ကယ်လန်းနဲ့ ကြော်ငြာ တွဲရိုက်ခဲ့တဲ့ မော်ဒယ် အမရာငြိမ်းရဲ့ အနုပညာ အခွင့်အလမ်း ပုံရိပ်


ကမ္ဘာကျော် တေးသံရှင် မိုက်ကယ်လန်း မြန်မာနိုင်ငံမှာ လာရောက် ဖျော်ဖြေခဲ့ပြီး နောက်မှာတော့ ငပလီက Amazing ဟိုတယ်ကြော်ငြာ ကို မြန်မာနိုင်ငံက မော်ဒယ် တစ်ဦးနဲ့ တွဲပြီး ဓာတ်ပုံ ကြော်ငြာ ရိုက်ကူးဖြစ်ခဲ့ပါ တယ်။ အခုလို ကမ္ဘာကျော် တေးသံရှင် မိုက်ကယ်လန်း နဲ့တွဲပြီး ရိုက်ကူးခွင့်  ရရှိခဲ့သူကတော့ မော်ဒယ် အမရာ ငြိမ်းပဲဖြစ်ပါတယ်။ ဒီကြော်ငြာကို  မိုက်ကယ်လန်း မိသားစု၊ ဓာတ်ပုံ ဆရာ မိုးမင်း(Rays) အဖွဲ့နဲ့ အတူ ငပလီမှာ သွားရောက် ရိုက်ကူး ခဲ့ပါတယ်။ ဒီကြော်ငြာကို လက်ခံ ရိုက်ကူးဖြစ်ခဲ့ပုံ ကိုမေးတော့ “ဟိုတယ်နဲ့ ဆရာ မိုးမင်းတို့က ကမ်းလှမ်းလို့ ရိုက်ဖြစ်တာပါ။ ငပလီ က Amazing ဟိုတယ်အတွက် ဓာတ်ပုံ ရိုက်ခဲ့တာပါ။ ဧပြီ ၅ ရက်နေ့ မနက်မှာ ရန်ကုန်က Flight နဲ့ထွက်ပါတယ်။ ဧပြီ ၆ရက် နေ့မှာ မနက်ပိုင်း တစ်ခါ ရိုက်တယ်။ ညပိုင်းတစ်ခါ ရိုက်တယ်။ မိုက်ကယ်လန်း နဲ့ အခုလို တွဲရိုက်ခွင့် ရတဲ့ အတွက် ဝမ်းသာပါတယ်” လို့ ပြောပါတယ်။ မိုက်ကယ်လန်း နဲ့ ကြော်ငြာ ရိုက်ကူးခဲ့တဲ့ အမရာငြိမ်းက ၂ဝ၁၂ ဇူလိုင်မှာ Stars & Models Agency မှ ဂျွန်လွင်ဆီမှာ မော်ဒယ် သင်တန်း တက်ခဲ့ပြီး ၂ဝ၁၂ နိုဝင်ဘာမှာ Idea မဂ္ဂဇင်းမျက်နှာဖုံး ရိုက်ကူးကာ အနုပညာ လောကထဲကို စတင် ဝင်ရောက် ဖြစ်ခဲ့ပါတယ်။ မဂ္ဂဇင်း၊ ဂျာနယ်တွေ အတွက် ဓာတ်ပုံ ရိုက်ကူးဖြစ်ခဲ့ပြီး ကြော်ငြာ နှစ်ခုလည်း ရိုက်ကူးထားကြောင်း သိရပါတယ်။ အမရာငြိမ်းနဲ့ မိုက် ကယ်လန်း တို့အတူ ကြော်ငြာ တွဲရိုက်ခဲ့တဲ့ ဓာတ်ပုံများကို ဂျာနယ်တစ်ခုမှာ မှားယွင်းစွာ ဖော်ပြခဲ့ပါတယ်။ “ဒီကိစ္စ အတွက်

ဟယ်လို ဟယ်လို


အနီးဆုံး နိုင်ငံတွေဖြစ်တဲ့ ထိုင်းနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံတွေမှာ နှစ်ပေါင်းများစွာ ကတည်းက မိုဘိုင်းလ် သုံးစွဲခွင့် ကတ်ပြားတွေဟာ နိုင်ငံသားတွေ အတွက်ရော၊ နိုင်ငံခြားသား အတွက်ရော ခွဲခြားမှုမရှိဘဲ မှတ်ပုံတင် ပတ်စ်ပို့တွေပြလိုက်၊ ဌာနက မိတ္တူရယူပြီးရင် တယ်လီဖုန်းနံပါတ် ပေးပါတယ်။ အဲဒီဖုန်းနံပါတ်ဟာ ငွေပေးကတ် ငွေကုန်တာနဲ့ သက်တမ်းမကုန်ပါ။ နှစ်အကန့်အသတ် မရှိ ဖုန်းနံပါတ် တည်မြဲပါတယ်။ ဒါမှလည်း လူမှုရေး၊ စီးပွားရေး စတာတွေမှာ ဖုန်းနံပါတ် အပြောင်းအလဲမရှိ ဆက်လက် ရှင်သန်နေမှာပါ။ ငွေပေးကတ်တွေရဲ့ သက်တမ်းဟာလည်း သုံးလနဲ့အထက် ရှိပါတယ်။
ခုမြန်မာနိုင်ငံမှာ အကောင်အထည် ဖော်လိုက်တဲ့ ငွေပေးကတ်ကုန်ပြီး ၁၅ ရက်အတွင်း ငွေထပ်မဖြည့်ရင် ဖုန်းနံပါတ် ပျက်ပြယ်တာမျိုး နှစ်လအတွင်း မပြောမနေရ ငွေ ၅၀၀၀ သတ်မှတ်တာမျိုးဟာ အခြေခံ လူတန်းစားတွေကို

ဦးဇင်း ကျော်ဟိန်းနှင့် သူ့ဘ၀၊ သူ့အမြင်၊ သူ့လုပ်ဆောင်ချက်


နိုင်ငံကျော် ရုပ်ရှင်မင်းသားကြီး ထပ်ဆင့်အကယ်ဒမီ ဦးကျော်ဟိန်း တစ်ဖြစ်လဲ ဦးပဉ္စင်း ဦးကိတ္တိသာရသည် ကျင့်ကြံ အားထုတ်၍ သိရှိခဲ့ပြီးသော စိတ်လေ့ကျင့်ခန်းများကို တစ်ကမ္ဘာလုံးရှိ လူသားအားလုံး သိရှိနိုင်စေ ရန် အတွက် www.athithedi.com အမည်ဖြင့် ၀က်ဘ်ဆိုဒ်တစ်ခု လွှင့်တင်တော့မည်ဖြစ်ကြောင်း ကြား သိရ သဖြင့် Myanmar ICT ဂျာနယ်မှ ဦးကိတ္တိသာရ ထံသို့ သွားရောက် တွေ့ဆုံမေးမြန်းခဲ့သည်များကို ပြန် လည် မျှဝေ ဖော်ပြလိုက်ပါသည်။
...
လူ့လောကကြီးကို စွန့်ခွာခဲ့တာ နောင်တရလား ဘုရား။
တစ်ခါမှ မရခဲ့ဖူးဘူး။ အခုဆို လေးနှစ်ကျော်သွားပြီ။

ဘာလို့ နောင်တ မရခဲ့တာပါလဲ ဘုရား။
မထွက်ခင်၊ ရဟန်းဘ၀ မရောက်ခင်၊ ပြီးခဲ့တဲ့ ရှစ်နှစ် ကတည်းက ကြိုတင်ပြီး ၂၀၀၀ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်နေ့မှာ ကြေညာခဲ့တယ်။ ၂၀၀၈ခုနှစ်၊ နိုဝင်ဘာလ (၄)ရက်နေ့မှာ ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ၊ ဒီအလုပ် က ရုတ်တရက် ကောက်ပြီး ထွက်မယ်ဆိုပြီး လုပ်ခဲ့တာ မဟုတ်ဘူး။ နောက်ရှစ်နှစ်ကြာရင် ထွက်မယ်ဆိုပြီး ပြင်ဆင်ထားတာတွေ၊ အစီအစဉ်တွေ ပါတယ်။ နောင်တရစရာ မရှိဘူး။

အခု www.athithedi.com ဆိုပြီး ၀က်ဘ်ဆိုဒ် လွှင့်တင်မယ်လို့ သိရပါတယ်။ ဘယ်ကနေဘယ်လို ၀က်ဘ် ဆိုဒ် တင်မယ်လို့ တွေးမိပါသလဲ ဘုရား။ ရည်ရွယ်ချက်ကရော ဘုရား။
ဦးပဉ္စင်းအသက်က ၆၆နှစ်၊ လူ့သက်တမ်း ၇၀လို့ထားရင် နောက် ၄နှစ်ပဲ ကျန်တယ်။ ဒီလေးနှစ်အတွင်း ဘာေ တွ လုပ်ခဲ့ရမလဲ။ ကိုယ်သိထားတာလေးတွေ ကိုယ်ကျင့်လို့ ရတာတွေရဲ့ အဖြေက ဘယ်အရာမှ အကြာ ကြီး မဟုတ်ဘူး။ ပြီးတော့ အားလုံးကို စွန့်လွှတ်ရမယ် ဆိုတာတွေအထဲမှာ သိခဲ့တဲ့ အသိတွေကိုပါ ထားခဲ့ရ မယ့် အတူတူ တန်ဖိုးရှိတဲ့ အသိတွေကို အရှိန်အဟုန်ပြင်းစွာ တိုးတက်လာတဲ့ ITခေတ်မှာ ၀က်ဘ် ဆိုဒ်နဲ့ IT ပစ္စည်းတွေရဲ့ အကူအညီကို ယူပြီး ထိထိရောက်ရောက် အသုံးချချင်တယ်။ အထူးသဖြင့် ဒီနေ့ေ ခတ် လူငယ်တွေ သိအောင် ဖြန့်ချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၀က်ဘ်ဆိုဒ် လွှင့်တင်မှာပါ။

ဦးပဉ္စင်းရဲ့ ဒီဝက်ဘ်ဆိုဒ်ထဲမှာ စိတ်နဲ့ ပတ်သက်တဲ့အကြောင်းတွေ ဖော်ပြထားတော့ စိတ်နဲ့စေတသိက်ရဲ့ ကွာခြား မှုလေးကို ရှင်းပြပေးပါလား ဘုရား။
စိတ်ဆိုတာ

Monday, 22 April 2013

မွေးနေ့မှာ နေတိုးနဲ့အတူ ကုမ္မဏီ ဖွင့်ခဲ့တဲ့ ကျော်ကျော်ဗို


ကျော်ကျော်ဗို က ဒီနှစ် သင်္ကြန်ကို နေပြည်တော် FC မဏ္ဍပ်မှာ သင်္ကြန် အကြိုနေ့ နဲ့ အကျနေ့ ၂ ရက်စလုံး ပရိသတ်တွေကို သီချင်းတွေနဲ့ ဖျော်ဖြေရင်း ဖြတ်သန်းဖြစ်ခဲ့ပါတယ်။ သင်္ကြန် အကြတ်နေ့ နဲ့ သင်္ကြန် အတက်နေ့ မှာတော့ နေတိုးနဲ့ အတူ စင်ကာပူ သွားခဲ့ပြီး ရုပ်ရှင် ရိုက်ကူးရေး အတွက် လိုအပ်တဲ့ပစ္စည်းများ သွားရောက် ဝယ်ယူ ခဲ့ ကြကြောင်း ပြောပါတယ်။ ကျော်ကျော်ဗို နဲ့ နေတိုး အတူ ဖွင့်တဲ့ ACE ကုမ္ပဏီ ကို လည်း နှစ်ဆန်း တစ်ရက်နေ့မှာ ဖွင့်လှစ် ဖြစ်ခဲ့ပြီး ဖွင့်ပွဲ အခမ်းအနား တော့ မလုပ်ဖြစ် ဘူးလို့ ပြောပါတယ်။ နှစ်ဆန်း တစ်ရက်နေ့ မှာ ကုမ္ပဏီ ဖွင့်လှစ် ဖြစ်တာကတော့ မင်္ဂလာယူပြီး ဖွင့်လှစ်တာလို့ ပြောပါတယ်။ ကျော်ကျော်ဗိုက နေတိုး၊ မိုးမိုး၊ ရဲလေး တို့နဲ့ အတူ နှစ်ဆန်း တစ်ရက်နေ့မှာ မင်း ၄ပါး တိုင်းရင်း ဆေးကြော်ငြာကို ရိုက်ကူးဖြစ်ခဲ့ပါတယ်။ ဆီးဂိမ်း လည်း နီးပြီဖြစ်တဲ့ အတွက် ဒီကြော်ငြာက ဟော်ကီ အားကစား နည်း နဲ့ တွဲဖက် ရိုက်ဖြစ်ခဲ့တာ ကျော်ကျော်ဗို ကပြောပါတယ်။ နှစ်ဆန်း တစ်ရက်နေ့က ကျော်ကျော်ဗိုရဲ့ မွေးနေ့ ပဲဖြစ်ပါတယ်။ မွေးနေ့မှာ အလုပ်တွေ ရှုပ်နေလို့ ကိုယ့်မွေးနေ့တောင် ကိုယ်မေ့နေ တယ် ဆိုတဲ့

လိမ္မာယဉ်ကျေးသော အပြုအမှုများ


တစ်ခါတလေမှာ ဆိတ်ဆိတ်နေခြင်း ဒါမှမဟုတ် အေးဆေး တည်ငြိမ်တဲ့ အပြုအမူက စိတ်တိုဒေါသ ထွက်တာထက် ပိုအင်အားရှိတယ်။ အေးဆေး သိမ်မွေ့တဲ့ အပြောအဆိုနဲ့ အကျိုးအကြောင်းကို ဆင်ခြင် သုံးသပ်တာက အော်ကြီး ဟစ်ကျယ်၊ ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုတာထက် တစ်ဘက်လူကို ပိုကြောက်လန့် စေတယ်။ ခွင့်လွှတ်ခြင်းနဲ့ နားလည်ခြင်းက ထိခိုက် နာကျင်ခြင်းနဲ့ ဆဲရေး စော်ကားခြင်းထက် တစ်ဘက်လူရဲ့ စိတ်ဝိညာဉ်ကို ပိုသိမ်းပိုက် နိုင်သလို ဘေးကြည့် သူတွေကိုလည်း ကရုဏာ ဖြစ်စေတယ်။ ချစ်ခင်ခြင်း၊ ကြင်နာခြင်းနဲ့ ချီးမွမ်းခြင်းတွေက အကြမ်းဖက် ရိုင်းစိုင်းခြင်း၊ ဆဲရေး တိုင်းထွာခြင်းထက်

လူတိုင်းဖုန်းကိုင်နိုင်ပြီ (ကာတွန်း - ကျော်သူရိန် )


အေးချမ်းမွန် Credit & Copy From >The Irrawaddy (Burmese Version) မှ သိသမျှ ။

ကွန်ပျူတာ သမားများအတွက် စပျစ်သီးစေ့



ကွန်ပျူတာဖြင့် အလုပ်လုပ်ရ ခြင်းကြောင့် မျက်စိတွေ ကျိန်းနေပါ သလား။ ဒါဆိုရင် ပရိုအန်သို ဆိုင်ယန်နင်း ပါဝင်တဲ့ စပျစ်သီးစေ့ အဆီအနှစ်ကို စမ်းကြည့်ပါ။ အဲဒီ ပစ္စည်းမှာ မျက်လုံးထဲက သွေးကြော အပါအဝင် ခန္ဓာ ကိုယ် တစ်ခုလုံး ပေါ်က သေးငယ်တဲ့ သွေးကြော လေးအပေါ် အကျိုးဖြစ် ထွန်းစေတဲ့ အာနိသင် ကောင်းကောင်း သက်ရောက် စေတယ်လို့ တွေ့ရှိထား ပါတယ်။ အဲဒီ ပစ္စည်းဟာ သွေးမျှင် ကြော နံရံများကို ကြံ့ခိုင် စေပါတယ်။ မျက်စိ ကျိန်းခြင်း၊ မျက်စိ ပူခြင်းကို သက်သာစေပြီး မျက်စိမှန်ဘီလူး(lens) ပျက်စီး နိုင်ခြေ၊ အတွင်းတိမ် ရောဂါ ခံစားရ နိုင်ခြေ၊ မျက်ကြည်လွှာ ထိခိုက်မှု ကြောင့် အမြင်အာရုံ ဆုံးရှုံးနိုင်ခြေ စသည့် အခွင့်အလမ်း များကို

Sunday, 21 April 2013

အော်ပရာ ပြဇာတ်ကဖို့ စီစဉ်နေတဲ့ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)


ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) စီစဉ်တဲ့ “နှင်းဆီ ခရီးသည်” အငြိမ့်ကို ပြည်သူ့ ရင်ပြင်မှာ ဖျော်ဖြေခဲ့ပြီး အဲဒီအခွေ ကိုလည်း ဖြန့်ချိမယ်လို့ ပြောပြပါ တယ်။ “အဲဒီပွဲကို ခိုးကူးခွေ ထွက် နေတယ်။ မိနစ် ၄ဝစာ အခွေ ပါ။ ဒါပေမဲ့ တကယ် ကခဲ့တာက  ၄နာရီခွဲ စာရှိတယ်။ တကယ်ကြည့်မယ့် ပရိသတ်က အဲဒီ အခွေထွက်လာရင် အမှန်အကန် အားပေးစေချင်တယ်။ အခုက မှုန်မှုန်ဝါးဝါးနဲ့ အသံကလည်း ဝါးတိုးဝါးတားနဲ့ ကြား ရတယ်။ တကယ် ကွာလတီ ကောင်းတဲ့ အခွေမကြာခင် ထွက်လာပါတော့မယ်။ ဆင်ဆာ ကျပြီ ဆိုရင် ဖြန့်တော့မှာပါ” လို့ ပြောပြပါပြီး “နှင်းဆီ ခရီးသည်” အဖွဲ့တွေက မေလ ၂၅ ရက်နေမှာ စင်ကာပူ ကို ဖျော်ဖြေရေး သွားဖို့ ရှိတယ်လို့ ပြောပြပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်) က ရုပ်ရှင်ကားကြီး ၃ ကား ရိုက်ကူးဖို့ ရှိသလို အော်ပရာ ပြဇာတ်ကြီး တစ်ခု ကချင်ကြောင်းကိုလည်း “အော်ပရာ ပြဇာတ်ကြီး တစ်ခုက ချင်တယ်။ တကယ့်ပြဇာတ် အစစ်ကြီး မျိုး

တရုတ်အမျိုးသမီး ရုပ်သံသတင်းထောက်တစ်ဦး မင်္ဂလာဆောင်မှ ထပြေးကာ ငလျင်သတင်းလိုက်

 
တရုတ်အမျိုးသမီး ရုပ်မြင်သံကြား သတင်းထောက်တစ်ဦးသည် ၄င်းကိုယ်တိုင် သတို့သမီးအဖြစ် မင်္ဂလာဆောင်နေစဉ် ယမန်နေ့က ငလျင်လှူပ်ရှားမှူနှင့် တိုက်ဆိုင်သော်လည်း သတို့သားကို ခန်းမထဲတွင်ထားပြီး မင်္ဂလာဆောင်ရာမှ ထပြေးကာ ငလျင်သတင်းလိုက်ခဲ့ကြောင်း အေပီသတင်းဌာနက ဖေါ်ပြသည်။
သတင်းထောက် ချင်ယင်းသည် စီချွမ်ပြည်နယ် အခြေစိုက် ရုပ်မြင်သံကြားဌာနတွင် တာဝန်ထမ်းဆောင်နေသူ တစ်ဦးဖြစ်သည်။ ၇ ရစ်ခ်ျတာစကေးပြင်းအားရှိသော မြေငလျင်လှူပ်ရှားသည်နှင့် တပြိုင်နက် ပရိသက်ကို အချိန်နှင့်တပြေးညီ သတင်းပေးနိုင်ရန်အတွက် ၄င်းအနေဖြင့် ဆက်လက်မစောင့်ဆိုင်းဘဲ သတို့သမီးဝတ်စုံ ၀တ်လျက်နှင့်ပင်

သမ္မတကြီးက မွေးနေ့ဆုတောင်းပေးသူများကို ဘယ်လို တုံ့ပြန်ထားလဲ

                                                                   ဓာတ်ပုံ- သမ္မတရုံး ၀က်ဆိုက်      
သမ္မတ ဦးသိန်းစိန်ရဲ့ ဧပြီလ ၂၀ ရက် ယမန်နေ့က ကျရောက်တဲ့ ၆၈ နှစ်မြောက် မွေးနေ့ မှာ ဆုမွန်း 
ကောင်း တောင်းခဲ့သူတွေကို ယနေ့ နိုင်ငံတော် သမ္မတရုံး တရားဝင် အင်တာနက်စာမျက်နှာမှာ ကျေးဇူး တင်ကြောင်း တုံ့ပြန်ထားပါတယ်။ 



 ၀-၄-၂၀၁၃ ရက်နေ့တွင် ကျရောက်သော ၆၈ နှစ်မြောက်မွေးနေ့တွင် ပြည်တွင်း ပြည်ပမှ ဆုမွန်ကောင်း တောင်းပေးကြသော မိဘ ပြည်သူများနှင့် မိတ်ဆွေများအားလုံးကို ကျေးဇူး ဥပကာရ အထူး တင်ရှိပါတယ်။ မိဘပြည်သူများနှင့် မိတ်ဆွေများအားလုံးလည်း စိတ်၏ချမ်းသားခြင်း၊ ကိုယ်၏ ကျန်းမာခြင်းတို့နဲ့ ပြည့်စုံပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါတယ်။

 အခုလို သမ္မတကို အင်တာနက် ဖေ့စ်ဘုတ်စာမျက်နှာတွေမှာ တချို့က ဆုမွန်ကောင်းတွေ တောင်းဆိုတာ ရှိ ကြပါတယ်။ ဒါဟာ မြန်မာနိုင်ငံသမိုင်းမှာ ပထမဆုံး ဆုမွန်တောင်းမှုလို့လည်း သုံးသပ်သူတွေက ဆိုပါ တယ်။ အလားတူ သမ္မတကလည်း သူ့ကို မွေးနေ့ဆုတောင်းပေးတဲ့သူတွေကို အခုလို

Saturday, 20 April 2013

သေပြီဆရာ


ရွာတစ်ရွာမှာရှိတဲ့ ဦးလေးကြီး လင်မယား ( ၂ ) ယောက်မှာ သမီး ( ၇ )ယောက်ရှိတယ်တဲ့။
အချိန်တန်တော့ သမီးတွေကို အိမ်ထောင်ချပေးတော့

ပထမဆုံးသမီးက ထန်းတစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး တစ်ယောက်မွေးတယ်။

ဒုတိယသမီးက ညောင်နှစ်ပင် ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူက ကလေး နှစ်ယောက်မွေးတယ်။


တတိယသမီးက သုံးဂွ ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး သုံးယောက်မွေးတယ်။


လေးယောက်မြောက် သမီးက လေးမျက်နှာ ဘုရားဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
ကလေး လေးယောက်မွေးတယ်။


ငါးယောက်မြောက် ငါးဇွန်ဘက်က ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့ကြတော့ ကလေး ငါးယောက်မွေးတယ်။


ခြောက်ယောက်မြောက် ချောက် ( ခြောက် ) ရွာသားနဲ့ အိမ်ထောင်ကြတယ်။
သူတို့က ကလေး ခြောက်ယောက်မွေးတယ်။

ဒါနဲ့ နောက်ဆုံး ခုနှစ်ယောက်မြောက် သမီးလေးက သူ့အဖေကိုပြောတယ်

သမ္မတ ဦးသိန်းစိန်၏ ၆၈ နှစ်မြောက်မွေးနေ့ ဂရပ်ဖစ်တီ


နိုင်ငံတော် သမ္မတ ဦးသိန်းစိန်၏ ယနေ့(ဧပြီ ၂၀)တွင် ကျရောက်သော ၆၈ နှစ်မြောက် မွေးနေ့ကို ဆုတောင်းသည့် အနေနှင့် လူငယ် ဂရပ်ဖစ်တီ သမား အာကာကျော်က သမ္မတ၏ ပုံတူ ဂရပ်ဖစ်တီကို ချော်တွင်းကုန်း မီးပွိုင့် အနီးတွင် ယနေ့ နံနက်က ရေးဆွဲထားခဲ့သည်။ သမ္မတ၏ မွေးနေ့ကို ဂုဏ်ပြုလိုသဖြင့် နံနက် ၄ နာရီတွင် စတင် ရေးဆွဲခဲ့ကြောင်း အာကာကျော်က ပြောကြားသည်။ “ကျွန်တော် ကြောက်ကြောက်နဲ့ဆွဲခဲ့ရတာ။ ဒီတစ်ခေါက် ဆွဲတာ သိပ် အားမရပါဘူး”ဟု အာကာကျော်ကပြောသည်။
သမ္မတ ဦးသိန်းစိန်၏ ပုံတူ ဂရပ်ဖစ်တီကို ယနေ့ မွန်းလွဲ တစ်နာရီတွင်

Friday, 19 April 2013

ဘော့စတွန်အရေး ပြီးဆုံးသွားပါပြီ (သတင်း/ရုပ်သံ)



ဘော့စတွန် မာရသွန် ဗုံးခွဲ တရားခံတွေလို့ သံသယဖြစ်ခံရတဲ့ ညီအကို ၂ ဦးကို တဦးသေ၊ တဦး ရှင် အဖြစ် ဖမ်းဆီး ရမိပြီးနောက်မှာတော့ ဘော့စတွန်အရေး ပြီးဆုံးပြီလို့ ရဲတပ်ဖွဲ့နဲ့ ဒေသအုပ်ချုပ်ရေးအဖွဲ့တွေက သတင်းစာ ရှင်းလင်းပွဲ လုပ်ပြီး အသိပေးကြေညာလိုက်ပါတယ်။ 

Water town မြို့ဆင်ခြေဖုံးတနေရာမှာ လှေတခုအတွင်း ပုန်းအောင်းနေတဲ့ Dzhokhar Tsarnaev ကို ဖမ်းဆီးရမိလိုက်ပြီးနောက် အခုလို ပြီးဆုံးသွားပြီလို ကြေညာတာပါ။ 

သူ့ကို လုံခြုံရေး တပ်ဖွဲ့တွေက ဖမ်းဆီးတဲ့အခါ တမင် အသက်ရှင်လျှက် ဘယ်လို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သတင်းဓာတ်ပုံကိုလည်း ထုတ်ပြန်ပါတယ်။ 


အခုတော့ အသက်ရှင်လျှက် ဖမ်းဆီးခံရသူ  ချင်ချင် အမေရိကန်သား အသက် ၁၉ နှစ်ရှိ Dzhokhar Tsarnaev ကို တရားဥပဒေအရသာ စုံစမ်း ဖော်ထုတ် အရေးယူသွားမှာဖြစ်တယ်လို့ တာဝန်ရှိ သူတွေက ပြောပါတယ်။ 

ဘော့စတွန်နဲ့ ၀ါးတာတောင်း၊ ကင်းဗရစ်ခ်ျ မြို့သူမြို့သားတွေလည်း အခုတော့ အိမ်အပြင်တွေ ကို ထွက်လာကြပြီး အဆိုပါ မြို့ကလေးက ပြန်လည် ထွက်ခွာလာကြတဲ့ ရဲတပ်ဖွဲ ယာဉ်တန်းကြီးကို ကြိုဆို
နှုတ်ဆက် မှုတွေနဲ့

သတ်သတ်လွတ်စားသုံးပါက နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်


သတ်သတ်လွတ်စားသုံးပါက နှလုံးရောဂါမဖြစ်အောင် ကာကွယ်နိုင်သတ်သတ်လွတ် စားသုံးပါက နှလုံးရောဂါ ကြောင့် ဆေးရုံတက်ရနိုင်ခြေနဲ့ သေဆုံးနိုင် ခြေတွေကို လျှော့ချပေး နိုင်ကြောင်းလတ် တလောပြုလုပ်ခဲ့ တဲ့ သုတေသန တစ်ခုမှာ တွေ့ရှိခဲ့ပါတယ်။

သုတေသီတွေ က လူပေါင်း ၄၄၅၀ဝ ကျော်ကို ၁၁ နှစ်ကြာ သုတေသ န ပြုလုပ်ခဲ့ရာ သတ်သတ်လွတ် စားသုံးတာက နှလုံး နဲ့သွေးကြော ရောဂါဖြစ်ပွားမှုမှ ကာကွယ်နိုင်ကြောင်း တွေ့ရှိခဲ့ပါတယ်။ အသက် ၅၀-၇၀ ကြားရွယ်တွေမှာ လေ့လာခဲ့ရာ ငါးနဲ့အသားစား သုံးတွေက သတ်သတ် လွတ် စားသုံးသူတွေထက် နှလုံးရောဂါကြောင့် ဆေးရုံ တက်ရတာနဲ့ သေဆုံးတာတွေ ကိုတွေ့ရပါတယ်။

သတ်သတ်လွတ် စားသုံးသူတွေမှာ

ဖုန်းမတ်ဆေ့ခ်ျပို့ရန် ဘောပင်ဖြင့် ရေးနိုင်မည့် SMS pen


ကိုယ်က ဘောပင်မို့လို့ စာရွက်ပေါ်မှာ ချရေးတယ်။ ယင်းစာက ဖုန်း Message အဖြစ် တစ်ဖက်ကို ရောက်သွားစေမယ်လို့ ဘယ်သူက စဉ်းစားခဲ့မိဖူးပါသလဲ။
ယခု ယင်းအိုင်ဒီယာကို လက်တွေ့အကောင်အထည် ဖော်သူ တွေ ပေါ် လာတော့ D.Scribe ဒစ်ဂျစ်တယ် ဖောင်တိန် ဆိုတာလေး ပေါ်လာ ပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ Bluetooth နဲ့ ချိတ်ပြီး စာရွက်မှာ ကိုယ် ချရေးသလို စာရေး စေပြီး အလိုအလျောက် ပို့ပေးစေပါတယ်။ ဒီတော့ Keypad သို့်မဟုတ် keyboard တို့ကို အသုံးပြုနေစရာ မလိုတော့ ပါဘူ့း။ စာ ရေးရတာ ပိုဝါသနာပါသူ၊ အားသန်သူ များအတွက်လည်း အဆင် ပြေါတယ်။
ရေးသမျှစာကို နီးစပ်ရာ standard font ပုံစံပြောင်းပေးပြီး ပို့ ပေး ပါတယ်။ ဖုန်းမှာ ပါဝင်တဲ့ Language အလျောက် ဘာသာစကား အတော်များများ အတွက်

ကြည့်ကြည့်ပါ.. ဘာမှမဟုတ်သလိုနဲ့.... တကယ်တော်တာပါ။






သုတစွယ်စုံကျမ်း Facebook မှ သိသမျှ ။

နေလောင် အသားအရေ အတွက် ကာကွယ်စရာ


အသားအရေ ပျက်စီးစေတဲ့ အချိန်တွေထဲမှာ သင်္ကြန်ပြီးကာ လဟာ အသားအရေ  အပျက်စီးဆုံး ကာလ တစ်ခုပဲ ဖြစ်ပါတယ်။ ဒီကာ လအတွင်းမှာ လူပေါင်းများစွာဟာ နေ၊ ရေကြောင့် အသားအရေ ပျက်စီးရ တတ်ပါတယ်။ နေ၊ ရေကြောင့် ပျက်စီးရတဲ့ အသားအရေဟာ အ ရက်သေစာ အလွန်အကျွံ သောက်စားခြင်း၊ အစားအသောက် မမှန် ခြင်းတို့ကြောင့်လည်း ပိုပြီး ပျက်စီး နိုင်ပါသေးတယ်။ နေလောင် ဒဏ် အပြင် အရေပြား တွန့်ခြင်း၊ အစက် အပြောက်များ ပေါ်လာခြင်းတို့ပါ ဆ ထက်ထမ်းပိုး ဖြစ်ပွားလာနိုင်ပါ သေးတယ်။

အသားအရေအတွက် အကျိုးပြုသော ဗီတာမင်များ

ဗီတာမင်စီဟာ နေလောင် အသားအရေအတွက် အများကြီး ကုသပေးနိုင်တဲ့ ဗီတာမင် ဖြစ်ပါတယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် ပျက်စီးတဲ့ အပေါ်ယံလွှာက ဆဲလ် တွေကို တစ်ဖန်ပြန်ပြီး ကုစားပေးနိုင် ပါတယ်။ ဗီတာမင် အီး ဟာလည်း နေလောင် အရေပြားကို ကုသပေးနိုင် စွမ်းရှိပါသေးတယ်။ ဗီတာမင် အီး ဟာ ဗီတာမင် စီ လို အစွမ်းရှိရုံ အပြင် နေလောင်တာကို ရေရှည် ခံထားရတဲ့ အရေပြားတွေကို ကောင်းစွာ ကုသ ပေးနိုင်စွမ်းရှိပြီး အရေပြား တွန့်ခြင်းကိုပါ ကာကွယ်ပေးပါတယ်။ ဗီတာမင် အေ ဟာလည်း အရေပြား အားဆေး တစ်မျိုး ဖြစ်ပါတယ် အသားအရေ ကြမ်းတမ်းခြင်း အတွက် နူးညံ့ ချောမွေ့ ညီညာလာအောင် ကူညီပေးပါတယ်။ နေလောင် ဒဏ်ကိုလည်း ကုစားပေးနိုင်ပါသေး တယ်။ ဗီတာမင် စီ၊ အီး၊ အေတို့ဟာ နေလောင်ဒဏ်အပြင် ၀က်ခြံကို လည်း ကာကွယ်ပေးနိုင်ပါသေး တယ်။ ဇင့်ဓာတ်ကိုလည်း ခန္ခာကိုယ် အတွက် လုံလောက် မျှတအောင် မှီဝဲထားသင့်ပါတယ်။ (မုန်လာဥ၊ ခရမ်းချဉ်သီး၊ ကျောက်ဖရုံသီး)

နေလောင်ဒဏ် အပြင်းဆုံး အချိန်

အိုကာလာဟိုးမာ တက္ကသိုလ်က လေ့လာချက်အရ မနက်(၁၀) နာရီ နဲ့ ညနေ (၄) နာရီကြားအချိန်ဟာ နေပူ အပြင်းဆုံး အချိန်ပဲဖြစ်ပါတယ်။ သင်္ကြန်ကာလမှာ ပျော်မြူးကြမယ့် မောင်မယ်များအတွက် SPF 15

Thursday, 18 April 2013

ဗိုလ်ချုပ်ရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် အကူအညီပေးရန် ကိုရီးယားမင်းသား ဂျူမုံ မြန်မာနိုင်ငံသို့ ဒုတိယအကြိမ်လာမည်


ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ဇာတ်ကား ရိုက်ကူးရာတွင် အကူအညီပေးရန်အတွက် ကိုရီးယားနာမည်ကြီး မင်းသား(ဆောင်အီဂွတ်)ဂျူမုံ မြန်မာနိုင်ငံသို့ဒုတိယအကြိမ် လာရောက်မည်ဖြစ်ကြောင်း ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့မှ ပြန်ကြားရေးမှူး ဦးဇော်သက်ထွေးက ပြည်မြန်မာဂျာနယ်သို့ ၈-၄-၂၀၁၃ရက်တွင် ပြောကြားသည်။''ဂျူမုံနဲ့ ဂျူမုံဇာတ်ကားရိုက်ကူးတဲ့ ဒါရိုက်တာတို့က အမေစုရဲ့ခြံထဲမှာ ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့တွေနဲ့တွေ့မှာပါ။ ဗိုလ်ချုပ်ဇာတ်ကား ရိုက်ကူးတဲ့အခါမှာ သူတို့အနေနဲ့ ဘယ်လိုကူညီနိုင်မယ်ဆိုတာကို လာလေ့လာတာပါ။ ကျွန်တော်တို့က သီးသန့်ဖိတ်ကြားတာ မဟုတ်ဘဲနဲ့ အလည်လာရင်းနဲ့ လာမှာပါ''ဟု ၎င်းကပြောကြားသည်။ ဂျူမုံနှင့် ဒါရိုက်တာတို့သည် ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့နှင့် ဧပြီလ၂၃ရက်တွင် ဒေါ်အောင်ဆန်းစုကြည်၏ခြံတွင် တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ ကိုရီးယားမင်းသား

တရုတ်မိုဘိုင်းဖုန်းများ သတိထားသုံးရန်


၁၅၀၀ တန်း ဆင်းကဒ်ကြောင့် အားလုံးဖုန်းကိုင်တော့မယ်လေ။ CDMA ဆိုတော့ တော်တော်များများ  အသုံးတည့်မယ့် ဟန်းဆက်မျိုး က တရုတ်ကလာမယ်ထင်တယ်။ ထိုင်းကနေ လည်းလာပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဈေးပေါတိုင်း မသုံးစေချင်ဘူး။

ဒါဆို Techspace က တစ်ယောက်တစ်လုံးဝယ်ပေးမလို့လားလို့ လာဖောက်နေအုံးမယ်။ ပြောချင်တာက ကျန်းမာရေးနဲ့ ဆိုင်ပါတယ်။ တရုတ်ဈေးသက်သာဖုန်းတွေမှာ SAR အတော်လေး မြင့်ပါတယ်။

Specific absorption rate လို့ အရှည်ခေါ်တဲ့ SAR ဆိုတာ ထပ်ရှင်းရရင်  power absorbed per mass of tissue လို့ ခေါ်ပါတယ်။ တစ်ရှုး ၁ ကီလိုဂရမ်စာ ပမာဏ ရှိတဲ့ လူ့အသားထဲကို ဝပ်အား ဘယ်လောက်ရှိတဲ့ ရေဒီယို ကြိမ်နှုန်း သို့မဟုတ် electromagnetic field ဘယ်လောက်ရှိတယ်ဆိုတာကို တွက်ချက် ခြင်း ဖြစ်ပါတယ်။

ကမ္ဘာ့ စမတ်ဖုန်းနဲ့ အခြား Telecommunication ဆစ်စပ် ပစ္စည်း ထုတ်လုပ်မှုတိုင်းမှာ SAR Rating အတွက် စောင့်ကြည့် လေ့လာတဲ့ အဖွဲ့က သီးသန့်ထားရပါတယ်။ မထားနိုင်ရင်တောင် SAR Rating စံချိန်စံညွန်း သတ်မှတ်ပေးတဲ့ အဖွဲ့အစည်းထောက်ခံချက် ရရှိတဲ့ ကုန်ကြမ်း ပစ္စည်းများကိုသာ အသုံးပြုလို့ စမတ်ဖုန်းများ ထုတ်လုပ် ရပါတယ်။

တရုတ် ဈေးပေါ ဟန်းဆက်မှာ သုံးတဲ့

တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၁၀ နှစ် အတွင်း ကမ္ဘာ့သြဇာအရှိဆုံးသူ



ဒီရက်ပိုင်း အင်တာနက်သုံးစွဲကြတဲ့ မြန်မာတွေက တိုင်းမ်မဂ္ဂဇင်းကြီးရဲ့ ၁၀ နှစ် အတွင်း ကမ္ဘာ ပေါ်မှာ 
သြဇာအရှိဆုံးသူအဖြစ် ရွေးချယ်ရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို မနားမနေ မဲပေးလိုက်ရတာ အခုတော့ အမောပြေ သွားကြပြီ ထင်ပါတယ်။ 


မနေ့ ဧပြီလ ၁၇ ရက်နေ့မှာ နောက်ဆုံး အဆင့် ဆန်ကာတင် လက်ကျန် မဲပေးဖို့ ရှိသူ ၂ ဦးဖြစ်တဲ့ မြန်မာ
နိုင်ငံ က ဒေါ်အောင်ဆန်းစုကြည်နဲ့ နာမည်ကျော် အဆိုတော် လေဒီဂါဂါတို့ အတွက် ကမ္ဘာတ၀ှမ်း အပြိုင်အဆိုင် ကိုယ်သန်ရာကို ရွေးချယ် မဲတွေ ပေးကြပါတယ်။ 

မြန်မာတွေကတော့ နန်းခင်ဇေယျာက စလိုက်တဲ့ အွန်လိုင်း မဲပေးမှုတွေ အခု ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မမော နိုင် မပန်းနိုင်ဖြစ်ကြရတာပါ။

မြန်မာတွေ နိုးနိုးကြားကြားဖြစ်ဖို့ ဖေ့စ်ဘုတ်လို လူမှု ကွန်ရက်တွေကလည် မဲပေးဖို့ လှုံ့ဆော်ခဲ့ကြတယ်။ 

မနေ့က နေ့ လယ်ပိုင်းလောက်မှာ ဒေါ်အောင်ဆန်းစုကြည်ကို ပေးတဲ့ မဲတွေဟာ ၆၃ % ထိ တက်လာခဲ့တယ်။ လေဒီဂါဂါအတွက် မဲတွေလည်း ၃၇ % ထိကျလာခဲ့တယ်။ 

ဒါပေမယ့် နောက်ဆုံး မိနစ်ပိုင်း အလိုလောက် မှာ လေဒီဂါဂါ ရဲ့ မဲတွေရာခိုင်နှုန်း ပြန်တက်လာခဲ့ရင်း သတ်မှတ်ချိန်က ပြည့်သွားခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် က ၆၁% အရောက် လေဒီဂါဂါက ၃၉% နဲ့ သတ်မှတ်မဲပေးချိန်ကို အဆုံးသတ်လိုက်ချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က အနိုင်ရသွားခဲ့ပါတယ်။ 

မြန်မာတွေ ဒေါ်အောင်ဆန်းစုကြည်ကို

Wednesday, 17 April 2013

ဘော့စတွန်က ငြိမ်းချမ်းရေး လိုလားသူ ကျောင်းသားလေး ကောင်းရာသုဂတိလားပါစေ


လွန်ခဲ့သော တစ်နှစ်ခန့်ကာလတွင် အသက် ၈ နှစ်အရွယ် မာတင်ရစ်ချဒ်သည် ရိုးစင်းသော စကားလုံး ၄ လုံးကို ကျောင်းပိုစတာတွင် ရေးသားခဲ့ပါသည်။
“No More Hurting People လူတွေကို နောက်ထပ်ပြီး မနာကျင်ပါစေနဲ့တော့။”
ဒီပိုစတာလေးနှင့်သူ ဓါတ်ပုံအရိုက်ခံခဲ့ပါတယ်။ အသည်းနှလုံးပုံလေးတွေ ၀ိုင်းရံထားတဲ့ Peace ငြိမ်းချမ်းရေးဆိုတဲ့ စကားလုံးလေး ပါရှိတဲ့ အပြာရောင်းပိုစတာတစ်ခုပါ။
အခုတော့ အကြမ်းဖက်သမားတွေရဲ့ လက်ချက်နဲ့ ဘော့စတွန်မာရသွန်ပြိုင်ပွဲ ဗုံးကွဲတိုက်ခိုက်မှုမှာ မာတင်ရစ်ချဒ်လေးဟာ သေဆုံး သွားခဲ့ပါပြီ။ မာရသွန်ပြိုင်ပွဲ ပန်းဝင်ခါနီးနေရာကနေ အားပေးနေခဲ့စဉ်မှာ ဗုံးပေါက်ကွဲခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ မိခင်ဖြစ်သူ Denise နဲ့ ညီမလေးဟာလည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပါတယ်။
ဘယ်သူ့၊ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုတာ မသိရသေးပေမယ့် အပြစ်မဲ့တဲ့ လူ ၃ ဦး သေဆုံးသွားခဲ့ပြီး အခြားသူ ၁၇၆ ဦး ဒဏ်ရာ ရခဲ့တယ်။ အဲဒီအထဲက လူ ၁၇ ဦးဟာ အတော်ကြီးကို ပြင်းထန်နေပါတယ်။
အမေရိကန် သမ္မတ ဘားရခ်အိုဘားမားကတော့ အခုလို ပြောဆိုခဲ့တယ်။
“ဒီတိုက်ခိုက်မှုကို ဘယ်သူက လုပ်တယ်။ ဘာကြောင့်လုပ်တယ်။ စီစဉ်ချမှတ်ပြီး အကောင်အထည် ဖော်တာဟာ အကြမ်းဖက် အဖွဲ့အစည်း တခုလား။ ပြည်ပက လား။ ပြည်တွင်းကလား ဒါမှမဟုတ်

ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း ယခုနှစ် သင်္ကြန်ပွဲတော် အေးချမ်းစွာ ပြီးဆုံး၊



၁၃၇၄ ခုနှစ် မြန်မာ့နှစ်သစ်ကူး သင်္ကြန်ပွဲတော်တွင် ကောလာဟလ သတင်းများ ထွက်ပေါ်ခဲ့သော်လည်း အေးချမ်းစွာ ပြီးဆုံးသွားခဲ့ပြီး တရားဝင်ထုတ်ပြန်ထားသော စာရင်းဇယားများအရ မှုခင်းဖြစ်စဉ်နှင့် လူသေဆုံးမှုမှာလည်း ယခင်နှစ်ကထက် နည်းပါးခဲ့ကြောင်း သိရှိရ သည်။ သင်္ကြန်ပွဲတော်မတိုင်မီက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့ နယ်များတွင် ဖြစ်ပေါ်ခဲ့သော ဆူပူလုယက်မှုများ၏ နောက်ဆက်တွဲ ဂယက်များကြောင့် အကြမ်းဖက် မှုများ ပေါ်ပေါက်လာမည့် ကောလာဟလ သတင်းများပေါ်ထွက်ခဲ့သည်။ သို့သော်လည်း လုံခြုံရေး အစီ အမံများ တိုးမြှင့်ချထားခဲ့မှုကြောင့် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ခြင်းမရှိဘဲ အေးချမ်းတည်ငြိမ်စွာဖြင့် သင်္ကြန်ပွဲတော်အား ဆင်နွှဲနိုင်ခဲ့ကြသည်။ သို့ရာတွင် ယခုနှစ် သင်္ကြန်ပွဲတော်သည် ယခင်နှစ်များကနှင့် နှိုင်းယှဉ်မည် ဆိုပါက စည်းကားမှု လျော့နည်း ခဲ့ကြောင်း၊ ကောလာဟလသတင်းများကြောင့် ရေကစားသူများ နည်းပါးသွားခဲ့သလို ရာသီဥတု ပြင်းထန် မှုကြောင့် ရေကစားမဏ္ဍပ်များတွင်လာရောက် ရေကစားသူအရေအတွက် လျော့နည်းသွားခဲ့ပြီး ခဏတာ လာရောက်လည်ပတ်သူ များပြားခဲ့ကြောင်း ရေကစားသူများ၏ ပြောကြားချက်အရ သိရပါသည်။ ကောလာဟလတွေထွက်နေလို့ လက်မှတ်တွေ ထင်သလောက်ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ် ပူပန်နေကြလို့ မဏ္ဍပ်ထိုင်ဖို့ထက် သူများရေကစားတာကို လာကြည့်တဲ့သူကများပါတယ်။ ကန်တော်ကြီး ဘက်မှာလည်း အခါတိုင်းနှစ်တွေလို ရေကစားသူမများဘူး။ လမ်းလျှောက်ပြီး လာကြည့်တဲ့သူက များတယ် . . . . ယခင်နှစ်က ရန်ကုန်မြို့တွင် ရေကစားမဏ္ဍပ် အများအပြား ရှိခဲ့ပြီး အများဆုံး လာရောက်ရေကစားခဲ့သည့် ကန်တော်ကြီး ကန်ပတ်လမ်းတွင် ရေကစားမဏ္ဍပ် ၁၇ ခုသာ ရှိခဲ့ပြီး ရေကစားသူထက် လမ်းလျှောက် ပြီး ရေပက်ခံထွက်သူသာ များခဲ့ကြောင်း သိရသည်။ ရန်ကုန်မြို့ ပြည် လမ်းတွင် ရေ ကစား မဏ္ဍပ် သုံးခု၊ ကမ္ဘာအေးစေတီလမ်းတွင် ၁၀ ခု၊ ဆရာစံလမ်းတွင် တစ်ခုရှိခဲ့ပြီး စုစုပေါင်း ရေကစား မဏ္ဍပ်ကြီး ၄၀ နီးပါးခန့် ရှိခဲ့ကြောင်း သိရသည်။ ယခုနှစ် သင်္ကြန်တွင် ရေကစားမဏ္ဍပ်များအတွက် ထုတ်ပြန်သော စည်းကမ်းပိုင်းတွင် တင်းကျပ်မှုများ ရှိခဲ့ပြီး ပေးသွင်းရသည့်စပေါ်ငွေနှင့် ရေဆက်သွယ်ခ နှုန်းထားများ ယခင်နှစ်ကထက် များပြားခဲ့သည်။ သို့သော်လည်း လက်မှတ်ခ ဈေးနှုန်းများမှာမူ ယခင်နှစ်က အတိုင်းသာ ရောင်းချခဲ့ရကြောင်း ရေကစား မဏ္ဍပ်များ ဦးဆောင်လုပ်ကိုင်သူများက ပြောကြားကြပါသည်။ "ကောလာဟလတွေထွက်နေလို့ လက်မှတ်တွေ ထင်သလောက် ရောင်းမကောင်းဘူး။ လူတွေက စိုးရိမ် ပူပန်နေကြလို့